Tuesday, March 24, 2015

Samsung Galaxy Note 3 Official Android 5.0 Lollipop Firmware များကို SuperSU Apk လေးဖြင့် Root လုပ်နိုင်ပါပြီ


မင်္ဂလာပါ
ဒီတစ်ခါ ကျနော်ပြန်လည်မျှဝေသွားမယ့် နည်းပညာလေးကတော့
Android User တွေအတွက် အထူးရည်ရွယ်ပါတယ်။
အထူးသဖြင့် Note 3 ကိုင်ဆောင်ထားကြတဲ့ ဘော်ဒါတွေအတွက်ပေါ့။

 Android 5.0 Lollipop Firmware ထွက်လာပြီးကတည်းက
အပြို င်အဆိုင်နဲ့ Upgrade လုပ်ယူကြတာ Technology ကစားကွင်းထဲ
စနစ်ရဲ့ သားကောင်းအဖြစ် တစ်ခါတလေ ပျော်စရာကောင်းပါတယ်။

အခုလောက်ဆိုရင်တော့ Note 3 ချစ်ပရိတ်သတ်ကြီးအားလုံး
မိမိတို့ရဲ့ ကိုယ်စီ ဖုန်းအားလုံးမှာ  Android 5.0 Lollipop Firmware လေးနဲ့
အပီလန်းနေလောက်ပြီလို့ ယူဆပါတယ်။

တကယ်လို့အကြောင်းအမျိုးမျိုးကြောင့် Upgrade မလုပ်ဖြစ်သေးဖူး
လုပ်နည်းကိုလည်း သိပ်နားမလည်သေးရင်တော့ အောက်ကလင့်မှာ
ဝင်ဖတ်ပေးပါ။

Galaxy Note 3(SM-N900) Official 4.3 Jellybean Firmware
တင်နည်းကိုတော့ အောက်ကလင့်မှာ ၀င်လေ့လာကြည့်လိုက်ပါ

 Samsung Galaxy Note3 (SM-N900) Official 4.3 Jellybean Firmware တင်နည်း


Galaxy Note 3(SM-N900 Lollipop Official Firmware
တင်နည်းကိုတော့ အောက်ကလင့်မှာ ၀င်လေ့လာကြည့်လိုက်ပါ

Samsung Galaxy Note 3 SM-N900 ကို နောက်ဆုံးထွက် Lollipop Official firmware ကိုအလွယ်တကူတင်နည်း  

 လိုရမည်ရ Odin ကို အသုံးပြုပြီး Samsung ဖုန်း/Tablet အားလုံးကို
 Flash Rom အလွယ်တကူ တင်ယူနည်းကို သိပ်နားမလည်သေးရင်တော့
အောက်ကလင့်မှာ လေ့လာကြည့်လိုက်ပါ

Odin ကို အသုံးပြုပြီး Samsung ဖုန်း/Tablet အားလုံးကို Flash Rom အလွယ်တကူ တင်ယူနည်း

 ပြီးရင်တော့ အခုခေါင်းစဉ်အောက် Android 5.0 Lollipop တွေကို
နာမည်ကြီး Root Tool ဘုရင်တွေလည်း မလိုသလို One Click တည်းနဲ့
Root လုပ်ခြင်းကိစ္စပြတယ်ဆိုတဲ့ Apk များလည်း ခေါင်းစားခံစရာမလိုပဲ
အားလုံး ရင်းနှီး သိပြီးသားဖြစ်တဲ့ SuperSU Apk လေးနဲ့ သင့်ဖုန်း Note 3 တိုင်းကို
အလွယ်တကူ Root လုပ်နိုင်ပါပြီ။

Root လုပ်ဖို့ရန်အတွက်တော့ အရမ်းလွယ်ကူပါတယ် မြင်တာနဲ့တစ်ခါတည်း
 အကျွမ်းကျင်ကြီးဖြစ်သွားမှာပါအခု Root လုပ်နည်းကိုတော့
 custom recovery လို့ခေါ်ပါတယ် Recovery Mode ထဲကနေ
 SuperSU Apk လေးကို Install လုပ်ပြီးRoot လုပ်ယူတာ ဖြစ်ပါတယ်။

Rooting Guide
==========
 မိမိဖုန်းကို Root လုပ်ခြင်းကိစ္စ မစမှီတော့
 မိမိဖုန်းရဲ့ Data များအားလုံးကို Backup လုပ်ထားသင့်ပါတယ်

ဖုန်းရဲ့ Data များနဲ့ App များကို Backup လုပ်နည်းကို ကျနော်
ဟိုတလောက ဖုန်းမှာတင် လုပ်နည်းနဲ့ ကွန်ပျူ တာကနေလုပ်ယူ
နည်းများကို အသေးစစ်ရှင်းပြပေးခဲ့ပါပြီ။

ဖုန်းမှာတင် Backup apk များကို အသုံးပြု ပြီး
Backup အလွယ်တကူ လုပ်ယူနည်းကို အောက်လင့်မှာ ၀င်ဖတ်ပေးပါ။

 ဖုန်း System တစ်ခုလုံးကို Backu and Restore ဆိုင်ရာ ဖုန်းမှာတင် အလွယ်တကူ လုပ်ယူနည်းအပြည့်အစုံ

 ဖုန်းရဲ့ Data များနဲ့ App များကို ကွန်ပျူ တာကနေ
Backup Tool များကို အသုံးပြု ပြီး အလွယ်တကူ Backup လုပ်
ယူနည်းကိုတော့ အောက်ကလင့်မှာ လေ့လာကြည့်လိုက်ပါ

ဖုန်း System တစ်ခုလုံးကို Backup & Restore လုပ်ဖို့ရန်အကောင်းဆုံး ဆော့ဝဲများနဲ့ အသုံးပြုနည်း အပြည့်အစုံ 

Backup လုပ်နည်း Restore လုပ်နည်းကို နားလည်ပြီးရင်တော့
Samsung Galaxy Note 3 Official Android 5.0 Lollipop Firmware များကို
SuperSU Apk လေးဖြင့် အလွယ်တကူ Root လုပ်နည်းကို
 အောက်မှာ ဆက်လေ့လာကြည့်ပါ။

ပထမဆုံး SuperSU file ကို အောက်ကလင့်မှာ အရင်
ဒေါင်းလော့ရယူလိုက်ပါ။

Click Here to Download SuperSu File

 OR

Click Here to Download SuperSu File 

OR

Click Here to Download SuperSu File

OR

Click Here to Download SuperSu File 

 ၁။ ဒေါင်းလော့ရယူထားတဲ့ SuperSu zip file ကို
internal storage လို့ခေါ်တဲ့ ဖုန်းရဲ့ SD Card ထည့်သို့ ကူးယူလိုက်ပါ။


 ၂။ ဖုန်းကို ပါဝါပိတ်လိုက်ပါ။


 ၃။ ဖုန်းကို ပါဝါပိတ်လိုက်ပြီးတဲ့ အခါ Recovery Mode ၀င်ရမှာဖြစ်ပါတယ်၊
Recovery Mode ကိုဝင်ရန်အတွက် Volume Up, Center Home, and Power ကီးတို့ကို
တစ်ပြို င်တည်း တွဲနှိပ်ထားပါ 6-7 စက္ကန့်လောက် ကြာအောင်နှိပ်ထားလိုက်ပါ။


၎။ CWM recovery လို့ခေါ်တဲ့ Custom Recovery Mode ကို
ရောက်သွားပြီးရင်တော့ “Install zip” ဆိုတာကိုနှိပ်ပါ။

ဒီနေရာမှာ အပေါ်ကို ရွေ့ဖို့ရန်အတွက် အသံချဲ့ခလုပ် Volume Up ကီးကို
နှိပ်ပါ၊ အောက်ကိုဆင်းဖို့ရန်အတွက် အသံတိုးခလုပ် Volume down ကီးကို
နှိပ်ပါ၊ အတည်ပြုရန်အတွက် ပါဝါခလုပ်ကို နှိပ်ပါ။


၅။ ဒီတစ်ခါ “Install from sdcard” ဆိုတာကိုနှိပ်ပါ။



 ၆။ ဒီတစ်ခါ "SuperSU zip file" ဆိုတာကိုရွေးပေးလိုက်ပါ။


 ၇။ ဒီတစ်ခါ Yes -Install -Update -SuperSu-Zip ဆိုတာကို ထပ်နှိပ်ပေးပါ။


 ၈။ ဒီတစ်ခါ Rooting Process အလုပ်လုပ်နေတုန်း ခနလေးစောင့်နေလိုက်ပါ။
 ဘာမှထပ်လုပ်ပေးစရာမလိုတော့ပါ အားလုံးပြီးသွားရင်တော့
ဖုန်းက သူ့အလိုလို Reboot ကျသွားပါလိမ့်မယ်။


 ၉။ ဖုန်းပြန်တက်လာရင်တော့ သင့်ဖုန်းဟာ Root Access ရရှိသွားပါပြီ။
SuperSu Apk လေးသင့်ဖုန်းမှာ အလိုက်သင့် ရောက်နေပါလိမ့်မယ်။

 
၁၀။ ဖုန်းတစ်လုံးကို Root ဖောက်ပြီးရင်တော့ ပထမဆုံး အင်စတော
လုပ်ယူထားသင့်တဲ့ Apk လေးတစ်ခုရှိပါတယ် အဲဒါကတော့
Titanium ဆော့ဝဲလေးပါ သူက ဖုန်း System တစ်ခုလုံးကို Backup
လုပ်ဖို့ရန် အကောင်းဆုံး ဆော့ဝဲဖြစ်ပါတယ်။ အောက်ကလင့်မှာ ဒေါင်းလော့ရယူပါ။

Click Here to Dowload Play Store

 OR

Click Here to Download Titanium

OR

Click Here to Download Titanium

တစ်ခြားသော စမတ်ဖုန်းတွေအတွက် Android Device များကို
 Backup ပြုလုပ်ရန် အကောင်းဆုံး Apps များကိုတော့ 
အောက်ကလင့်မှာ ဒေါင်းလော့ရယူလိုက်ပါ။

စမတ်ဖုန်းတွေအတွက် Android Device များကို Backup ပြုလုပ်ရန် အကောင်းဆုံး Apps များ

 တကယ်လို့အဆင်မပြေသေးရင်တော့ Samsung Galaxy Note 3 SM-N9005 ဗားရှင်း
 4.4.2 ကို အလွယ်တကူ Root လုပ်ပြီးမြန်မာစာထည့်နည်းကိုတော့
အောက်ကလင့်မှာ ၀င်လေ့လာကြည့်လိုက်ပါ။

Samsung Galaxy Note 3 SM-N9005 ဗားရှင်း 4.4.2 ကို အလွယ်တကူ Root လုပ်ပြီးမြန်မာစာထည့်မယ်  


အားလုံးပဲ Android တွင်တော်၍ ပျော်နိုင်ကြပါစေဟု
ဆန္ဒများနဲ့ 

အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
 www.zunite.org

FB ချစ်ပရိတ်သတ်ကြီးများခင်ဗျား ဇူးနစ်(နည်းပညာ) ဆိုက်မှာ ဖုန်းဆော့ဝဲ ဂိမ်းများ သတင်းစသော အသစ်ကလေးများကို အချိန်နဲ့တစ်ပြေးညီ တင်ပေးနေတာမို့ FB Page လေးကို  LIKE ပေးပြီး အားပေးနိုင်ပါတယ်။(အားလုံးကို ကျေးဇူးတင်ပါတယ်)

No comments:

Post a Comment