Wednesday, March 18, 2015

Blogger Admin များအား လွပ်လွတ်စွာ ဖိတ်ခေါ်ခြင်း


မင်္ဂလာပါ
ချစ်လှစွာသော နည်းပညာ ညီအကိုများခင်ဗျား
ကျနော်ရဲ့ ပိုစ့်ခေါင်းစဉ်လေးကိုမြင်တာနဲ့ ဘာဆိုတာကိုသိကြမှာပါ၊

 ဒီလိုမျိုးရင်းနှီးခင်မင်စွာဖြင့် ဖိတ်ခေါ်ချင်နေခဲ့တာကြာပါပြီ
ကျနော်ဒီ Blog လေးကိုစတင်ကတည်းက အားလုံးအတွက်ပဲ
ရည်ရွယ်ခဲ့တာဖြစ်လို့ တကယ်လည်းကြိုးစားဖြစ်ခဲ့ပါတယ်။

အောင်မြင်တယ်မပြောသာပေမယ့် ကျနော်နဲ့ တစ်ခြားသော
ညီအကိုများရဲ့ ၀ိုင်းဝန်းကူပေးမှုတွေကြောင့် အတိုင်းအတာတစ်ခုထိ
ကျနော်တို့ ချီတက်နိုင်ခဲ့ကြပါပြီ။

ကျနော်ဒီပိုစ့်လေးကို ရေးလိုက်ရတဲ့ အဓိကအကြောင်းရင်းကတော့
တစ်ဦးတစ်ယောက်တည်း မတတ်နိုင်တော့လို့၊ သို့တည်းမဟုတ်
ပိုစ့်များများနဲ့၊ Admin များပြီး ဆရာကြီးလုပ်ပြီး အောင်မြင်ချင်လို့ ဆိုတဲ့
သွေးပုပ်မျိုးလုံးဝမရှိဘူးဆိုတာကို ကျနော်တင်ပေးခဲ့သမျှ ပိုစ့်တိုင်းရဲ့
အာဘော်တွေက သက်သေပြနိုင်ပါလိမ့်မယ်...

FB နဲ့ Blog တို့ရဲ့ Comments Box များမှ တောင်းဆိုမှုတိုင်းအားလုံးကို
မတင်ပေးနိုင်ခဲ့ပေမယ့်လည်း %85% ရာခိုင်နှုန်းလောက်ထိ
အပင်ပန်းခံပြီး ရေးတင်ပေးနေပါတယ်။ နောက်လည်း တောင်းဆိုမှုတိုင်းကို
အထူးကြို ဆိုနေသလို အားလုံးအဆင်ပြေအောင်လည်း
အကောင်းဆုံးမဟုတ်တောင်မှ အတတ်နိုင်ဆုံး ကူညီပေးသွားမှာဖြစ်ပါတယ်။

ကျနော် Blog လေးဟာ နည်းပညာနှင့် ဆော့ဝဲများ မျှဝေဖို့အတွက်
သီးသန့်ဖြစ်သလို၊ တစ်ခြားသော သုတရသ၊ စာပေများကိုလည်း
အချိန်နဲ့ တစ်ပြေးညီစွာ ဖတ်ရှုနိုင်အောင်ဆိုပြီးတော့ ဖွင့်လိုက်ထားတာ
ဖြစ်ပါတယ်။

ကျနော်နဲ့အတူ ၀ါသနာချင်း တူသူ ဘယ်သူမဆို
 နည်းပညာနှင့် ဆော့ဝဲများ မျှဝေချင်တယ်ဆိုရင်တော့
အားလုံးကို လွပ်လွတ်စွာ ဖိတ်ခေါ်ပါတယ်ခင်ဗျား...

Blogger ညီအကိုများအတွက်လည်း ညီအကိုတို့ရဲ့
ဆိုက်အသီးသီးမှာ ကျနော်တတ်နိုင်သလောက် ပြန်လည်
မျှဝေပေးသွားမှာလည်း ဖြစ်ပါတယ်။

ကျနော် Blog မှာ ဘာကြော်ငြာ ADS မှလည်း မခံထားသလို
Blog ပိုစ့်များနဲ့ ပတ်သလို့ ညီအကိုတို့အတွက်လည်း ဘာစည်းမျဉ်း
ဥပဒေမှ မရှိပါဘူးခင်ဗျား စိတ်ကြို က်မျှဝေနိုင်ပါတယ်။

ဒီနေရာမှာ ကျနော်အတွေ့အကြုံ လေးကို ထပ်လောင်းပြောကြားလိုပါတယ်
ကျနော်လည်း ဒီ Blog လေးကို စရေးတဲ့အချိန်ကစပြီး အခုချိန်ထိဗျာ
မပိုင်မနိုင်တဲ့ ပိုစ်များတောင်းဆိုလာကြပြီဆိုရင်တော့ တစ်ခြား နိုင်ငံခြား
Blog များနဲ့ ပြည်တွင်း၊ ပြည်ပ နည်းပညာဆိုက်များကို ကူးလိုက ကူးပြီး
Ref-လုပ်လိုက Ref-လုပ်ကာ တင်ပေးနေရသလို၊
ကိုယ်ပိုင်ဆိုတဲ့ ပိုစ်များကိုလည်း ဖန်တီးရေးသားနိုင်ခဲ့တာဟာ
 လုပ်သက်က စကားပြောလာတယ်လို့ အာမခံရဲပါတယ်။

တက်သစ်စ Blogger ညီအကိုတွေနဲ့ တစ်ခြားသော နည်းပညာဝါသနာရှင်များ
အနေဖြင့်လည်း ကျနော်လို ဘ၀မျိုးထပ်တူ ကြို ဖြတ်ကြရမှာဖြစ်လို့
နေ့စဉ်အလုပ်ဖြစ်ပြီး ကိုယ်တတ်သိသလောက်ကို တစ်ခြားသူများကိုလည်း
ကိုယ်လိုသိလာအောင် တတ်လာအောင် စေတနာဖြင့် မျှဝေပေးလိုတယ်ဆိုရင်တော့
လာသာလာခဲ့ပါလို့ အကြံပြု ပြောကြားလိုပါတယ်ခင်ဗျား...

ကျနော်နဲ့အတူ နည်းပညာချစ်ပရိတ်သတ်ကြီးများကို
မိမိတတ်သိသလောက်သော  နည်းပညာနှင့် ဆော့ဝဲများ
မျှဝေချင်တယ်ဆိုရင်တော့ ဒီပိုစ့်ရဲ့အောက် Comments Box မှာ
ညီအကိုတို့ရဲ့ Admin Email လေးကို ထားခဲ့ပေးပါခင်ဗျား
ကျနော် အားလုံးကို Admin အဖြစ် Invite လုပ်ပေးသွားမှာ
ဖြစ်ပါကြောင်း အသိပေး ဖိတ်ခေါ်ပါတယ်ခင်ဗျား...


အားလုံးကို ချစ်ခင်လေးစားလျှက်

Admin ဇူးနစ်


အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
 www.zunite.org

No comments:

Post a Comment