Wednesday, March 18, 2015

♪ Facebook Messenger မှ ငွေပေးပို့နိုင်ပြီ ♫

payments
Facebook က သူ့ရဲ့ Messenger ကနေ သူငယ်ချင်းများကြားမှာ အခမဲ့ ငွေပေးပို့နိုင်တဲ့ ၀န်ဆောင်မှုကို အင်္ဂါနေ့က ကြေညာလိုက်ပါတယ်။ Messenger ကို MasterCard , Visa Card တို့နဲ့ ချိတ်ဆက် ရမှာ ဖြစ်ပါတယ်။ Messenger မှာ သူငယ်ချင်းနဲ့ စကားပြောနေစဉ်မှာ ငွေပေးပို့ချင်ရင် ဒေါ်လာ သင်္ကေတ ကို နှိပ်ရမှာ ဖြစ်ပါတယ်။ Messenger ကို အသုံးပြုသူဟာ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ဆိုရင် သန်း ငါးရာလောက်ရှိပါတယ်။

ငွေပေးပို့တဲ့ အခါမှာ လုံခြုံရေးအတွက် PIN သတ်မှတ်နိုင်ပါတယ်။ iPhone, iPad User တွေအနေနဲ့ Touch ID ကို အသုံးချနိုင်ပါတယ်။

Facebook ရဲ့ စွမ်းဆောင်ချက်အသစ်ဟာ ပြိုင်ဖက် Snapchat ကို လိုက်ပြီး တုပယှဉ်ပြိုင်တာလည်း ဖြစ် ပါတယ်။ Snapchat ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ Square နဲ့ ပူးပေါင်းပြီး Snapchat Messenger ကနေ ငွေပေးပို့နိုင်တဲ့ ၀န်ဆောင်မှုကို မိတ်ဆက်ခဲ့ပါတယ်။

Facebook ရဲ့ ငွေပေးပို့တဲ့ ၀န်ဆောင်မှုကို လက်ရှိမှာ အမေရိကန်မှာသာ အသုံးပြုနိုင်ပါတယ်။ နောက်လ များအတွင်းမှာတော့ အခြားနိုင်ငံများမှာ အသုံးပြုခွင့်ရရှိမယ်လို့ Facebook က ပြောပါတယ်။

Myanmar Digital Life Journal

No comments:

Post a Comment