Monday, March 23, 2015

♪ Android Lollipop 5.0 တွင် On-Body Unlock လုပ်ဆောင်ချက် ပါဝင်လာ ♫

Android သုံးစွဲသူများအနေဖြင့် ၎င်းတို့၏ မိုဘိုင်းထုတ်ကုန်များကို တစ်ကြိမ် unlock ပြုလုပ်ပြီးနောက် နောက်ထပ်တစ်ကြိမ် PIN နံပါတ်ကို ထပ်မံနှိပ်ကာ unlock ပြုလုပ်စရာ မလိုအပ်သော လုပ်ဆောင်ချက်ကို Android 5.0 နှင့်အထက် Operating system များတွင် အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ feature ကို On-Body Unlock ဟုခေါ်ဆိုပြီး သုံးစွဲသူများအနေဖြင့် ၎င်းတို့၏ ထုတ်ကုန်များကို ပိုမိုလွယ်ကူစွာ အသုံးပြုနိုင်မည် ဖြစ်သည်။ Google ၏ Trusted Places, Trusted Decvices နှင့် Trusted Face feature များကဲ့သို့ ၎င်းလုပ်ဆောင်ချက်သည်လည်း ထုတ်ကုန်များ၏ လုံခြုံရေးအားနည်းချက် များ ဖြစ်လာနိုင်ကြောင်း The Verge မှဖော်ပြခဲ့သည်။

Android Lollipop OS အသစ်တွင် မိတ်ဆက်ခဲ့သော trust feature တွင် On-Body Unlock feature ကို ထည့်သွင်းထားခြင်းဖြစ်ကြောင်း သိရသည်။ Google သည် ထုတ်ကုန်များတွင် လက်ဗွေဖတ်သည့် နည်းပညာ hardware များ ထည့်သွင်းခြင်းထက် အချက်အချာကျသော software ဖန်တီးခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် On-Body feature သည် ထုတ်ကုန်တွင် PIN နံပါတ်များကို ပြုလုပ်ရန်မလိုအပ်ဘဲ တစ်စုံတစ်ယောက်ထံသို့ ဖုန်းရောက်ရှိသွားသည့်အခါတွင် lock ဖြစ်သွားမည် ဖြစ်သည်။

၎င်း feature သည် ထုတ်ကုန်များ၏ လုံခြုံရေးအဆင့်ကို မြှင့်တင်ပေးမည် ဖြစ်သလို passcode များကဲ့သို့ လုံခြုံရေး feature များကို အသုံးမပြုသူများအတွက် ဒီဇိုင်းထုတ်ထားခြင်း ဖြစ်ကြောင်း သိရသည်။

Ref: TechCrunch

Internet Journal

No comments:

Post a Comment