Saturday, March 14, 2015

Samsung Galaxy Mega 2 SM-G750F ဗားရှင်း 4.4.4 ဖုန်းများကို Root လုပ်ပြီး မြန်မာစာထည့်နည်း


မင်္ဂလာပါ
FB မှညီအကိုတစ်ယောက်တောင်းဆိုလာတဲ့
Samsung Galaxy Mega 2 SM-G750F ဗားရှင်း 4.4.4 ဖုန်းများကို
Root လုပ်နည်းလေးကို တင်ပေးပါဦးဆိုလို့ အားလုံးလည်း
အဆင်ပြေသွားအောင် တင်ပေးလိုက်ပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် Root လုပ်ရတာအဆင်
မပြေဖြစ်နေကြတဲ့ ညီအကိုတွေအတွက် အထူးသဖြင့်
Samsung Device ကို ကိုင်ဆောင်ထားကြတဲ့ သူတွေအတွက်
Samsung Device မှန်ရင် ဒီနည်းလမ်းအတိုင်း Root လုပ်ယူမယ်ဆိုရင်တော့
%100% အဆင်ပြေတယ်ဆိုတာကို ကျနော် အာမခံရဲပါတယ်။
 
အခုကျနော် ပြပေးသွားမှာ နည်းလမ်းကတော့ CF-Auto-Root ဖြင့်
 Root လုပ်နည်း ဖြစ်ပါတယ်။ ကွန်ပျူ တာတော့ လိုပါမယ်၊
 ကွန်ပျူ တာရှိရင်တော့ စိတ်ကြို က်ကလစ်နိုင်ပါပြီ။

 ဒီ CF-Auto-Root မျိုးနဲ့ Root လုပ်ပြီဆိုရင်တော့ များသားအားဖြင့်
 Samsung Device အားလုံးကို Root လုပ်ပုံခြင်း အတူတူပဲဆိုတာပါပဲ။

တစ်ခါလောက် လုပ်ဖူးသွားရင်တော့ နောက်ဖုန်းအမျိုးအစားကိုလည်း
ဒီ နည်းလမ်းနဲ့ Root လုပ်ရတာ ပိုအဆင်ပြေတယ်ဆိုတာကို
သဘောပေါက်သွားမှာပါ။

အောက်မှာ ဆက်လေ့လာကြည့်လိုက်ပါ

 ပထမဆုံး Samsung Phone Driver များကို မိမိဖုန်းနဲ့ကိုက်ညီမယ့်
Driver ကို အောက်ကလင့်မှာ ဒေါင်းလော့ရယူလိုက်ပါ။
 ပြီးရင် ကွန်ပျူ တာမှာ အင်စတောလုပ်လိုက်ပါ။

Samsung Phone Driver for Windows

Root လုပ်ဖိုရန် Rooting Files ကို အောက်ကလင့်မှာ
ဒေါင်းလော့ရယူလိုက်ပါ၊ ဒီ Root ဖိုင်ထဲမှာ Odin လည်း
တစ်ခါတည်းပါဝင်ပါတယ်။


CF-Auto-Rooting File with Odin


 Samsung Galaxy Mega 2 SM-G750F ဗားရှင်း 4.4.4 ဖုန်းများကို
 CF-Auto-Root ဖြင့် Root လုပ် နည်းကို အောက်ကလင့်မှာ ၀င်လေ့လာကြည့်လိုက်ပါ

 CF-Root Method ကိုအသုံးပြုပြီး Samsung Device များကို Root အလွယ်လုပ်နည်း


 Root လုပ်ခြင်းကိစ္စအောင်မြင်ပြီးဆုံးသွားပြီဆိုရင်တော့
သင့်ဖုန်းလေးထဲ SuperSu apk ရောက်နေပါလိမ့်မယ်။


 မြန်မာစာအတွက် ကီးဘုတ်နဲ့ ဖောင့်ထည့်နည်းများကိုတော့
အောက်ကလင့်မှာ ၀င်လေ့လာကြည့်လိုက်ပါ

စမတ်ဖုန်းများအတွက် မြန်မာစာထည့်နည်းများ

 တကယ်လို့ ဖုန်းကို Root လုပ်ပြီး မြန်မာစာကို
အသုံးမပြု ချင်တဲ့သူများအတွက် Root လုပ်စရာမလိုပဲ
မြန်မာစာ အလွယ်ထည့်နည်းကိုတော့ အောက်ကလင့်မှာ
Tutorial Video နဲ့တကွ လေ့လာကြည့်လိုက်ပါ

Samsung ဖုန်း ဗားရှင်း 4.4.2 အားလုံးကို မြန်မာစာ အလွယ်ထည့်နည်း

အဆင်ပြေနိုင်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်
အာလုံးအတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားနေပါမည်

ခင်မင်လေးစားလျှက်

အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
 www.zunite.org

FB ချစ်ပရိတ်သတ်ကြီးများခင်ဗျား ဇူးနစ်(နည်းပညာ) ဆိုက်မှာ ဖုန်းဆော့ဝဲ ဂိမ်းများ သတင်းစသော အသစ်ကလေးများကို အချိန်နဲ့တစ်ပြေးညီ တင်ပေးနေတာမို့ FB Page လေးကို  LIKE ပေးပြီး အားပေးနိုင်ပါတယ်။(အားလုံးကို ကျေးဇူးတင်ပါတယ်)

No comments:

Post a Comment