Tuesday, March 24, 2015

Wireless Charging (ကြိုးမဲ့အားသွင်းစနစ်)အကြောင်း





အတိုကောက်အနေနဲ့ WC လို့ရေးပါရစေ.. အနောက်နိုင်ငံတွေမှာတော့ WC သုံးတာတွေများပြားနေပါပြီ.. သူတို့မှာအရင်တည်းက စက်သွားတိုက်တံတွေသုံးချိန်တည်းက သွားတိုက်တံခွက်မှာ WC နည်းပညာနဲ့သာသွင်းကြပါတယ်.. WC ရဲ့အားသာချက်က ဈေးနှုန်းသက်သာ, သုံးရလွယ်ကူတာကြောင့်တွင်ကျယ်လာပါတယ်.. WC ကိုပုံစံအမျိုးမျိုး အရွယ်အစားအမျိုးမျိုးနဲ့ ထုတ်ကြပါတယ်..

WC ဘယ်လိုအလုပ်လုပ်သလဲ? ပုံ-၂..
 
 

WC ဆိုတာမျက်လှည့်ဆန်ပါတယ် ကြိုးမလိုပဲအားဝင်တယ်ဆိုတော့လေ.. ဒါပေမယ့် သူလဲဖုန်းအတွင်းပိုင်းမှာကြိုး(Coil)လိုအပ်ပါတယ်.. အကြမ်းဖျင်းပြောရရင်
- ဖုန်း နဲ့ Wireless Charger ၂ ခုလုံးမှာ Coil တွေပါဝင်ပါတယ်
 
- အဲ့ဒီ Coil ၂
 
ခုနီးကပ်သွားတဲ့အခါ Wireless Charger မှ သံလိုက်စက်ကွင်းနဲ့ တုန်ခါမှုတွေပေါင်းစပ်ပြီး ဖုန်းထဲက Coil ဆီကို အားတွေပို့ရင်းချိတ်ဆက်ပါတယ်
 

- ဖုန်းက Coil တွေကရတဲ့ အားတွေကို Charging Circuit နဲ့ Battery ဆီပို့ခြင်းဖြင့်အားသွင်းပါတယ်
WC ကဒီလိုအားသွင်းရတဲ့အတွက် ကြိုးဖြင့်အားသွင်းခြင်းထက် ပိုကြာပါတယ်.. နောင် နည်းပညာ မြင့်မားလာရင်တော့ ပိုမြန်လာမယ်လို့ယူဆရပါတယ်...
 

အဆင့်မြင့်မားနေတဲ့ နိုင်ငံတွေမှာ Powermat နဲ့ Qi လို့ခေါ်တဲ့ အားသွင်းနေရာတွေထားကြပါတယ်.. ဥပမာ AT & T နဲ့ Starbuck Coffee Shop နဲ့ Bus အချို့တွေမှာရှိကြပါတယ် ပုံ-၃ .. သူတို့မှာ Case သို့မဟုတ် WC အထိုင်လေးတွေပေးထားကြပြီး Customer တွေရဲ့ဖုန်းကိုအလွယ်တကူအားသွင်းနိုင်အောင် ဝန်ဆောင်မှုအနေနဲ့ပေးထားကြပါတယ်...
 
 
 
 

Powermat နဲ့ Qi ဟာအခြေခံအားဖြင့်တူညီသော်လည်း သူ့အမျိုးအစားနဲ့သူ ကိုက်ညီတဲ့ဖုန်းတွေပဲသွင်းနိုင်မှာဖြစ်ပါတယ်.. ခြွင်းချက်အနေနဲ့ Samsung Galaxy S6 နဲ့ Edge တို့ကတော့ ၂ မျိုးလုံးကိုထောက်ပံ့တဲ့အတွက် ကြိုက်ရာနဲ့ရွေးပြီး ကြိုးမဲ့သွင်းနိုင်ပါတယ်...
 

အချုပ်အားဖြင့် Wireless Charger ဟာ Smart ဖြစ်ခြင်း, ဈေးနှုန်းမှာလဲ Charger များနဲ့သိပ်မကွာခြင်းတို့ကြောင့် ကျွန်တော်တို့နိုင်ငံကိုရောက်ရင်လဲ ကြိုက်ကြဦးမယ်ဆိုတာ မလွဲမသွေပါပဲ...
 
 
Ref: Yang Cracker Technology

No comments:

Post a Comment