ကမ္ဘာ့ဈေးကွက်မှာကော၊ မြန်မာ့ ဈေးကွက်မှာပါ Samsung Galaxy Note 4 ဟာ ရောင်းအားသွက်လျက် ရှိပါတယ်။ ဈေးကတော့ မြန်မာကျပ်ငွေ ၇၂၅၀၀၀ ကနေ စတင်ပါတယ်။
ဒီဇိုင်း
Samsung Galaxy Note 3 နဲ့ အရွယ်အစားက တူပါတယ်။ ၅.၇ လက်မ အရွယ် မျက်နှာပြင်ပါ။ Note 2 ကနေ Note 3 ကို ရောက်ရှိသွားချိန် ဒီဇိုင်းပိုင်း တိုးတက်မှုကြောင့် လူကြိုက်များခဲ့ပြီး Note 4 ကလည်း ယင်း အရှိန်ကို ဆက်လက်ထိန်းသိမ်းနိုင်လိုက် ပါတယ်။ အရွယ်မပြောင်းပေမယ့် ဘေးက သတ္တု အနာား သပ်ထားတဲ့ ဒီဇိုင်းက အတော်လေး လှပါတယ်။ ဒါကြောင့်မို့ Samsung က ယင်းကို Premium design လို့ အမည်ပေးပါတယ်။
မျက်နှာပြင် အရည်အသွေး
၂၀၁၃ ခုနှစ်လောက်အထိက HD Super AMOLED ဆိုတာ high class smartphone တွေမှာ အသုံးများတဲ့ အရည်အသွေးမြင့် မျက်နှာပြင် ဖြစ်ပါတယ်။ Note 4 က Quoad HD Super AMOLED ဆိုတာ ၂ ဆ လောက် တက်သွားတဲ့ မျက်နှာပြင် အရည်အသွေးကို ဆိုလိုပါတယ်။ Samsung က မျက်နှာပြင် Hardware တွေကို ထုတ်လုပ်တဲ့ Main manufacturer လည်း ဖြစ်တာကြောင့် ယင်းအပိုင်းတွေမှာ သူက ကမ္ဘာ့နံပါတ် ၁ နေရာ ယူဖို့ လွယ်ကူပါတယ်။
ကင်မရာ
ကင်မရာ ပိုင်းမှာတော့ အငြင်းပွားစရာ ရှိပါတယ်။ 16 Megapixel ကင်မရာ ဖြစ်ပြီး သူ့မှာ ပါဝင်တဲ့ Feature တွေ အတော်လေးစုံပါတယ်။ ဥပမာ လက်မငြိမ်တဲ့ ကင်မရာ သမားတွေအတွက် တောင် ကြည်လင်တဲ့ ရုပ်ထွက်ရအောင် ဖမ်းပေးနိုင်ပါတယ်။ Samsung Galaxy S5 မှာတုန်းက ယင်းနည်းပညာ ပါဝင်ပေမယ့် တစ်ခါတစ်ရံ မှုန်ဝါးဝါး ဓာတ်ပုံထွက်တာကို လက်မငြိမ်သူတို့ ခံစားရပါတယ်။ Note 4 မှာ ဒါတွေ မရှိတော့ ပါဘူး။ ဒါပေမယ့် အငြင်းပွားစရာ ဆိုတာတော့ Night shot ပါ။ အလင်းရောင်နည်းတဲ့ အခန်းတို့ ပတ်ဝန်းကျင်တို့မှာ ရိုက်ကူးမှု အတွက် သူက ရုပ်ထွက် သိပ်မကောင်းဘူးလို့ ဆိုကြပါတယ်။ ဒါကတော့ စမတ်ဖုန်းတိုင်းပါပဲ။ Night shot အတွက် အသားပေးဖို့ဆိုတာ ပရော်ဖက်ရှင် ကင်မရာနဲ့ပဲ ရနိုင်ပါလိမ့်မယ်။ ရှေ့ကင်မရာကတော့ 3.7 MP ရှိပါတယ်။
Processing technology
RAM က 3GB ပါပဲ။ CPU က Quad-core 1.9 GHz Cortex-A57 ဖြစ်တာကြောင့် Galaxy S5 ထက်တော့ မြင့်သွား ပါတယ်။ အားသာချက်က ဘာဖြစ်လာမလဲဆို အားသွင်းတဲ့အခါ အင်မတန် မြန်တာကို တွေ့ရပါတယ်။ ပြီးတော့ memory စားတဲ့ ဂိမ်းတွေကိုတော့ handle လုပ်နိုင်ပါတယ်။ Multi-tasking function တွေ တိုးလာပြီး ဥပမာ သီချင်းနားထောင်နေရင်းနဲ့ note, calendar တို့လို ပရိုဂရမ်ကို အသုံးပြုတာမျိုးတို့ ရပါတယ်။ customize လုပ်ထားတဲ့ Windows တွေနဲ့ screen ပေါ်မှာ တစ်ပြိုင်နက်တည်း သုံးနိုင်တာမျိုး ဖြစ်ပါတယ်။ Flash memory ကတော့ 32 GB နဲ့ 64 GB ဗားရှင်း ၂ နှစ်မျိုး ထုတ်ပြီး 128 အထိ ရပါတယ်။
Operating System
Android OS Kit Kat ကို သုံးပါတယ်။ မြန်မာပြည်ဖြန့်ချိတဲ့ အလုံးတွေထဲမှာ Zawgyi Myanamr ကီးဘုတ် ပါဝင်ပြီသား ဖြစ်တဲ့အတွက် Root ဖောက်စရာ မလိုပဲ အသုံးပြုနိုင်ပါတယ်။ အကယ်၍ စင်္ကာပူအလုံး၊ ထိုင်း အလုံး အစရှိသဖြင့်တို့ကို ဝယ်ရင်တော့ Localize လုပ်ထားတာ မဟုတ်တဲ့အတွက် မြန်မာစာ ရဖို့အတွက် Root ဖောက်ဖို့ လိုအပ် ပါတယ်။ Android အတွက် အကောင်းဆုံး စမတ်ဖုန်း အဖြစ် Google ပြီးရင် Samsung ဖြစ်ကြောင်း အများစု လက်ခံထားကြ ပါတယ်။
ရိုးရာလေး မှတ်ချက်
Note ဖုန်းလို့ ဆိုတဲ့ နေရာမှာ S Pen ရဲ့ အသုံးဝင်မှုက အဓိကကျပါတယ်။ သူ့ရဲ့ Sale slogan ကိုက “Do you Note” တဲ့။ Note အဖြစ် မှတ်သားဖို့အတွက် အသုံးပြုတဲ့ လုပ်ဆောင်ချက်သာ မလုပ်ဖြစ်ဘူးဆိုရင် သူက ဝယ်ရတာ တန်မှာ မဟုတ်ပါဘူး။ အကြောင်းက ဈေးဟာ ၇ သိန်းကျော်မှာ ရှိနေလို့ပါ။ ဒါပေမယ့် ဒါဟာလည်း သင့်လျော်တဲ့ ဈေးနှုန်းတစ်ခုပါ။ အကြောင်းက iPhone 5S တောင် လက်ရှိ အချိန်ထိ ၇ သိန်းအထက်ကနေ မဆင်းသေးပါဘူး။ ဒါတောင် သူက 16 GB ဖြစ်ပါတယ်။
iPhone 6 ဆိုရင်လည်း ၈ သိန်းအထက်၊ ၁၀
သိန်းအထက်တွေမှာ ရှိပါတယ်။ ဒီတော့ Premium သမားတွေအတွက် Note 4 က
ရွေးချယ်သင့်ပါတယ်။ Note အပိုင်းနဲ့ ပက်သက်ပြီး function တွေ စုံလာပါတယ်။
Finger print security ပါဝင်လာတယ်။ ဒါတွေဟာ အရင်ကထက် ပိုတဲ့ အချက်တွေထဲက
အချို့ပါ။ ဒီဇိုင်းလှပြီး မျက်နှာပြင် ကျယ်ကျယ် ဖုန်း သုံးလိုသူများအတွက်
ရွေးချယ်စရာလို့ ဆိုနိုင်ပါတယ်။ အသေးစိတ် အတွက် www.facebook.com/samsungmyanmar မှာ သွားရောက် လေ့လာ မေးမြန်းနိုင်ပါတယ်။
အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com
No comments:
Post a Comment