ဒီကောင်လေးကိုအဓိကသုံးရမယ့်အကြောင်းကတော့ သင့်ဟာသင့်ဖုန်းကို တခြားတစ်နေရာမှာထားပြီးတော့ ကွန်ပျူတာနဲကအလုပ်လုပ်နေစဉ် Callတွေ မက်ဆေ့တွေ ဒါမှမဟုတ် ဖေ့ဘုတ်က notification တွေဝင်လာမယ်ဆိုရင် သင့်ကွန်ပျူတာပေါ်ကို.လှမ်းပြီးအသိပေးမှာဖြစ်လို့ပါပဲ။သူက ငါးမိနစ်တစ်ကြိမ် သင့်ဖုန်းကို ဘာတွေအသစ်ဝင်လာနေလဲဆိုတာ စစ်ဆေးနေမှာဖြစ်ပါတယ်။
ဒါသုံးဖို့အတွက်တော့ ဆော့ဝဲနှစ်ခု လိုမှာဖြစ်ပါတယ်..သင့်ဖုန်းမှာ တစ်ခု သင့် ကွန်ပျူတာမှာတစ်ခု install လုပ်ပေးရမှာဖြစ်ပါတယ်။အောက်မှာရယူထားပါ။
ကွန်ပျူတာအတွက်>>
Remote Notifier desktop download link
ဖုန်းအတွက်>>
Remote Notifier phone application download link
ဖုန်းsetting ထဲက Wifi option ကိုဖွင့်ပေးထားရမှာဖြစ်ပါတယ်။ဝိုင်ဖိုင်ပေါ်မှာအလုပ်လုပ်မှာဖြစ်ပါတယ်။
(သာမန်သုံးသူတွေဟာ ၀ိုင်ဖိုင်ဆိုလိုက်တာနဲ့ အင်တာနက် ကိုပြေးမြင်တတ်ကြပါတယ်။အင်တာနက်ကို ၀ိုင်ဖိုင်ယူသုံးတာကိုမြင်တတ်ကြပါတယ်။local area connection မျိုးကို သတိမေ့တတ်ကြပါတယ်)
နှစ်ခုလုံးတင်ပြီးပြီဆိုရင် ဖုန်းမှာကော ကွန်ပျူတာမှာကော ဖွင့်ပေးလိုက်ပါ။ pair လုပ်တယ်ခေါ်ပါတယ်။ ဖုန်းနဲ့ ကွန်ပျူတာဟာ ဆော့ဝဲပေါ်မှာ ချိတ်ဆက်မိဖို့လိုပါတယ်။
ဖုန်းဆော့ဝဲရဲ့ setting ထဲမှာ notification ကို စမ်းသပ်ပို့ကြည့်ဖို့ လုပ်ဆောင်ချက်တစ်ခုပါဝင်ပါတယ်။Ping လုပ်ကြည့်တယ်ပေါ့ဗျာ။
သင်ပို့ချင်တဲ့ notification ဥပမာ text messages, phone calls, MMS (picture messages), battery warnings, voice mails နဲ့ Viber,Zapya တို့လို့ကောင်တွေရဲ့ notification တွေထဲက တစ်ခုခုရွေးပြီးစမ်းသပ်နိုင်ပါတယ်.
ဒီလိုပို့လိုက်မယ်ဆိုရင် သင့်ကွန်ပျူတာမှာ ပုံမှန် ကွန်ပျူတာsystemပိုင်းဆိုင်ရာတွေ အသိပေးသလို pop up ၀င်းဒိုးလေးနဲ့ အသိပေးလာမှာဖြစ်ပါတယ်။အောက်မှာဆိုရင် ဖုန်းအားအခြေအနေကို အသိပေးထားပါတယ်။.
No comments:
Post a Comment