Thursday, November 27, 2014

♪ Telenor ၁,၀၀၀ ကျပ်တန်ငွေဖြည့်ကတ်များ မန်းတွင်ပြတ်လပ်နေ ♫

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSQ50H4KAk9RBID3ulIyDGPKcEeTy6G-BemFkTjdyxqog5zIWdu_r7mTZBajbjT18TRM8zpx_vNElIQucAhmoVPYugm2u1p07YlpvCdp71ERAi62VVNvuOK7Hurqgqun6V0mecSAR95Ntk/s1600/telenor-logo-01.jpg
ယခုရက်ပိုင်း မန်းမိုဘိုင်း ဈေးကွက်အတွင်း Telenor ၁,၀၀၀ ကျပ်တန် ခဲခြစ် ငွေဖြည့်ကတ်များ ပစ္စည်း ပြတ် လပ်လျက် ရှိနေသောကြောင့် ဝင်ငွေနည်ပါးသူများနှင့် အဆိုပါငွေဖြည့်ကတ်ကို ပုံမှန်ဝယ်ယူနေသူများ အခက်တွေ့နေကြောင်း သိရသည်။

“ကျွန်မတို့ဆိုင် တယ်လီနောအရောင်းဝန်ထမ်းတွဆီက ၁,၀၀၀ ကျပ်တန် ခဲခြစ်ငွေဖြည့်ကတ်တွေ ဝယ်မရတာ တစ်ပတ် လောက်ရှိနေပြီ ။ ၁,၀၀၀ ကျပ်တန် ငွေဖြည့်ကတ်လာဝယ်တဲ့ သူတွေ ကို e load နဲ့  ရောင်းပေးတယ်ဆိုပေမယ့် တချို့ မြို့သစ်မှာနေတဲ့ သူတွေနဲ့ နယ်ဘက်က လူတွေတချို့ဆို အဲ့လိုမျိုး ဖြည့်ပေးကြတာကို သိပ်မကြိုက်ကြဘူး။ တယ်လီနောဝန်ထမ်းတွေကို မေးရင်တော့ ၁,၀၀၀ ကတ် မထုတ်တော့ဘူးလို့ပြောပြောသွားကြတယ်။ “ ဟု သိပ္ပံလမ်း မှ မိုဘိုင်းဆိုင်ကြီးတစ်ဆိုင်မှ အင်တာနက် ဂျာနယ်သို့ ပြောသည်။

e load မိုဘိုင်းဖုန်းမှတစ်ဆင့် ငွေဖြည့်ပေးသည့်စနစ် ရှိသော ဆိုင်များနှင့်ဝေးကွာသော နေရာအချို့ရှိ စတိုး ဆိုင်၊ အိမ်ဆိုင်တချို့တွင် တယ်လီနောခဲခြစ် ၁,၀၀၀ တန်ကတ်များကို ၁,၀၅၀ ကျပ် ၁,၁၀၀ ကျပ်ထိ ဈေးနှုန်း သတ်မှတ်၍ ရောင်းချနေကြောင်းလည်း သိရသည်။

“တယ်လီနောကတ် ထည့်ပြီးမှ ၁,၀၀၀ ဖိုး ငွေဖြည့်ချင်တာ အိမ်နားကဆိုင်တွေမှာ မရတာကြာပြီ၊ သူတို့ဆိုင်တွေမှာ က ငွေဖြည့်ကတ်ဆို အနည်းဆုံး ၃ ထောင်တန်ပဲရှိတာတဲ့။ မြို့ထဲဘက်မှာ စက်နဲ့ ဖြည့်ပေး တဲ့ဆိုင်တွေမှ ရတာ လို့ပြောတာ တကူးတက မြို့ထဲကို လူကြုံနဲ့မှာမှာ သုံးနေရတယ်။ ကျနော်တို့က လုပ်အား ခတစ်ရက်မှ ၄,၀၀၀ ပဲ ရတော့ သုံးထောင်ကတ်ဝယ်ဖို့ ပိုက်ဆံစုဖို့ဆို ၅ ရက်လောက်အချိန်ယူရတယ်” ဟု ချမ်းမြသာစည်မြို့သစ်မှ အဆောက်အဦးဆေးသုတ် လုပ်သားတစ်ဦးက ပြောသည်။

လက်ရှိမန်း ဈေးကွက်အတွင်း အခြားအော်ပရေတာများဖြစ်သော Ooredoo, MPT နှင့် MEC ငွေဖြည့်ကတ် အမျိုးအစားအားလုံး အရောင်းဆိုင်များမှ အလွယ်တကူဝယ်ယူရောင်းချနေကြပြီး တယ်လီနော ၁,၀၀၀ ကျပ်တန်ခဲခြစ်ငွေဖြည့်ကတ်များမှာမူ အရောင်း/ အဝယ်ကိစ္စအတွက် အခက်အခဲများဖြစ်နေပြီး မိုဘိုင်ဆိုင် များမှ ၁၀၀၀ ကျပ်တန် ခဲခြစ်ငွေဖြည့်ကတ် ဝယ်သူများအား နောက်ပိုင်းတွင် ၁,၀၀၀ ကျပ်တန် ကတ်များ ထပ်မထုတ်တော့ဟုသာ ပြောဆိုနေကြောင်း သုံးစွဲသူများထံမှ သိရသည်။
Internet Journal

 


No comments:

Post a Comment