ကာတာဆက်သွယ်ရေးကုမ္ပဏီ Ooredoo Myanmar သည် ၎င်းတို့၏ မိုဘိုင်းအင်တာနက် အသုံးပြုခ နှုန်းထားများအနက် အသုံးပြုသလောက်
ပေးဆောင်ရမည့် ဝန်ဆောင်ခကို 100 KB (1MB လျှင် ၁၀ ကျပ်) လျှင် ၁ ကျပ်နှုန်းဖြင့်သာ ကောက်ခံတော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။
Ooredoo Myanmar ဆက်သွယ်ရေး ကုမ္ပဏီသည် ယခင်မိုဘိုင်းအင်တာနက် အသုံးပြုခဖြစ်သည့် 1 MB လျှင် ၂၅ ကျပ်ကို လျှော့ချလိုက်ခြင်းဖြစ်သည်။ ယခုလျှော့ချလိုက်သည့် Ooredoo ၏ မိုဘိုင်းအင်တာနက် အသုံးပြုခသည် အသုံးပြုသလောက် ပေးချေရမည့် စနစ်ဖြစ်ပြီး ၎င်းတို့၏ ကျန်ရှိနေသေးသည့် ဝန်ဆောင်ခ နှုန်းထားများကို ထပ်မံလျှော့ချသွားရန်လည်း အစီအစဉ်ရှိကြောင်း အဆိုပါ ဆက်သွယ်ရေးကုမ္ပဏီမှ သိရသည်။
Ref : Internet Journal
No comments:
Post a Comment