Friday, November 28, 2014
✔PhotoMath App က သင်္ချာအိမ်​စာများကို တွက်​ချက်​​ပေးမည်✔
image
နည်းပညာတစ်​ရှိန်​ထိုးတိုးတက်​လျက်​ရှိ​သော
ယ​နေ့​ခေတ်​တွင်​နည်းပညာအသစ်​ဆန်းမျိုးစုံက လူတို့လုပ်​​ဆောင်​ရမည့်​လုပ်​ငန်းများကို
အချိန်​တိုအတွင်း အတိကျဆုံး လုပ်​​ဆောင်​လာနိုင်​လျက်​ရှိရာ ယခုတစ်​ခါမှာလည်း
 PhotoMath App က သင့်​ရဲ့ သင်္ချာအိမ်​စာများကိုတွက်​ချက်​​ပေးနိုင်​​တော့မည်​ဟု သိရသည်​။
 ယခုကဲ့သို့ PhotoMath App ၏သတင်း​ကြောင့်​ သင်္ချာအားနည်းသူများအတွက်
သတင်း​ကောင်း​ဖြစ်​လာခဲ့ပြီး Equation များကို အချိန်​ကြာမြင့်​စွာ​ဖြေရှင်း​နေရခြင်းမှ
 iPhone များတွင်​ အသုံးပြုနိုင်​ပြီး iOS App Store တွင်​ ​ဒေါင်းလုပ်​ပြုလုပ်​ကာ
 သင်္ချာ Equation များကို အ​ကောင်းဆုံး​ ဖြေရှင်းနိုင်​ပြီဖြစ်​သည်​။ အသုံးပြုရာတွင်​လည်း 
မိမိတို့​ဖြေရှင်းလိုသည့်​ သင်္ချာ Equation များကို ဖုန်းကင်​မရာဖြင့်​ ရိုက်​ကူးကာ 
သုံးစွဲသူများအကြိုက်​​တွေ့​စေမှာဖြစ်​ပါတယ်​။ ဒါ့အပြင်​ PhotoMath App က
 Equation မှ တွက်​ထုတ်​ထားသည့်​ အ​ဖြေမှန်​များကိုသာ ပြသ​ပေးမည်​သာမက 
 ဘယ်​လိုပုံစံဖြင့်​ တွက်​ချက်​​ပေးခဲ့သည်​ကိုပါ​ဖော်​ပြ​ပေးမည်​ဖြစ်​သည်​အိမ်
စာများကို ​ကျောင်းသားတ​​ယောက်​နှင့်​တ​ယောက်​အပြန်​အလှန်​ခိုးယူကာ ပြုလုပ်​လာမည်
ကိုစိုးရိမ်​​နေကြရသည့်​ ဆရာမများ အ​နေုဖြင့်​ ယခုအခါတွင်​​ကျောင်းသားများအ​နေဖြင့်
 သူတို့၏ စမတ်​ဖုန်းများကို အသုံးပြုကာ အိမ်​စာများကို ပြုလုပ်​လာမည်​လားဆိုသည်​ကိုပါ
ထပ်​​ဆောင်းစိုးရိမ်​စရာဖြစ်​လာခဲ့ပြီဖြစ်​သည်​။
NewsWatch Journal
No comments:
Post a Comment