Wednesday, November 19, 2014

အကောက်တစ်ခုရှိနေရုံနဲ့ Android, PC, Mac, iPhone, or iPad အားလုံးကို ကိစ္စပြီးစေနိုင်တဲ့ ဆော့ဝဲ-1Password v4.1.3 Apk



မင်္ဂလာပါ....
ဒီနေ့ထွက် အသုံးတည့် ဆော့ဝဲတွေထဲမှာ 1Password ဆော့ဝဲလေးကို
အားလုံးအတွက် မိတ်ဆက်ပေးလိုက်ပါတယ်။
ကျနော် ဒီလိုဆော့ဝဲများ တစ်ခါမှ မတင်ဖူးသေးပါ။
ဒီဆော့ဝဲလေးက iOS Device တွေမှာ အရမ်းနာမည်ကြီးတဲ့
ထိပ်စီးက ဆော့ဝဲလေးပါ။
 

အခုတော့ Android တွေအတွက်ပါ တွင်ကျယ်လာတော့
အရမ်းဝမ်းသာစရာ ဖြစ်လာပါတယ်။
နာမည်လေးက ဆန်းသလို Security အပိုင်းမှာတော့
ဒီလောက် လန်းထာ မတွေ့ဖူးသေးပါ။
 

ဒီ ဆော့ဝဲလေးမှာ အကောက်တစ်ခုပြုလုပ်လိုက်ရုံနဲ့
Android ဖုန်း PC, Mac, iPhone, or iPadယ, Credit Cards စတဲ့
ဘ၀အတွက် မရှိမဖြစ်တဲ့ အရေးကြီး Data တွေကို Security ကောင်းကောင်း
ပေးထားနိုင်တဲ့ တစ်ခုတည်းသော ဆောဝဲကောင်းဖြစ်ပါတယ်။
iDevice မှာ ပါတဲ့ iCloud က i Device တွေပဲ အဆင်ပြေကောင်းပြေပါလိမ့်မယ်
Android တွေအတွက်တော့ မျက်နှာသာမပေးကြသေးပါဘူး။


အခုဒီဆော့ဝဲလေးကတော့ လုံးဝကို စမတ်ကျပြီး ဒီဆော့ဝဲနဲ့
အကောက်တစ်ခုကတော့ လုံးဝရှိထားသင့်တယ်လို့ အကြံပြုပါချင်ပါတယ်ခင်ဗျာ။
ဒီဆောဝဲရဲ့ ဒီဇိုင်းက အရမ်းလည်းလှပသလို ဒီအကောက်လေးတစ်ခုရှိနေတာနဲ့
 မိမိရဲ့ အရေးကြီးတဲ့ Data ပေါင်းများစွာကို
အခိုးခံရခြင်း၊ ပျောက်ဆုံးခြင်းတို့မှ  ဒီ 1Passwrod အကောက်ကတော့
လုံးဝ အကာအကွယ်ပေးသွားမှာ ဖြစ်ပါတယ်။
ဒီဆော့ဝဲလေးက ဥပမာလေးပေးရရင်တော့
ပစ္စည်းအားလုံးကို သိုလှောင်နိုင်ရန် ဂိုဒေါင်းကြီးနဲ့ အလားတူပါတယ်။
 

ကမ္ဘာကျော် Social World ထဲက နေ့စဉ်လူသုံးများနေတဲ့
Facebook, Twitter, Youtube, Skype, Gmail, Drobox, flicker, Skye drive, Amazon စတဲ့
အကောက်ပေါင်းများစွာကို ဒီ 1Passwrod အကောက်တစ်ခုတည်းနဲ့
ဝင်နိုင်မှာ ဖြစ်ပါတယ်။ အဲဒီ Social World ဆော့ဝဲတွေကိုလည်း
ဒီအကောက်တစ်ခုတည်းနဲ့ Lock ချထားနိုင်မှာဖြစ်ပါတယ်။
Passwrod အကောက် ခနခန မေ့တတ်တဲ့ ဘော်ဒါတွေကတော့
ဒီ 1Passwrod အကောက်တစ်ခုသာ ရှိထားသင့်ပါတယ်ခင်ဗျား
 

Store Credit Cards, Secure Notes, Passports, Bank Accounts တွေကိုလည်း
လှည့်ကြည့်စရာမလိုလောက်အောင် Security ချပေးနိုင်မယ့်
တစ်ခုတည်းသော 1Passwrod လေးပါ။
 

အသုံးပြုကြည့်ချင်တဲ့ ဘော်ဒါတွေကတော့ အောက်ကလင့်တွေမှာ
အဆင်ပြေသလိုဒေါင်းယူနိုင်ပါပြီ။
 

Size 4.18 MB ရှိပါတယ်။ 4.0 အထက် ဖုန်းအားလုံးမှာ အသုံးပြုနိုင်ပါတယ်။ 
 


 
 
 Download Here

OR

Download Here 

OR

Download Here 

OR

Download Here 

Mac, Windows, iPhone & iPad များအတွက် အောက်ကလင့်မှာ
ဝင်ပြီးဒေါင်းလော့ယူလိုက်ပါခင်ဗျာ

 1Password For All Device

အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
 www.zunite.org

No comments:

Post a Comment