APK Editor Pro လေးပါ...play store မှာဆိုရင် $ နဲ့ ပေးဝယ်ရပါတယ်...
search box
ကနေရှာဖို့ကလဲမလွယ်ပါဘူး...အခက်ခဲရှိသူတွေနှင့်အကူညီတောင်းထား
သောfriendများအတွက်တင်ပေးလိုက်တာပါ။ လိုအပ်သူများ download
လုပ်ယူနိုင်ပါတယ်...
အသုံးပြုနည်းတွေပါရှင်းပြပေးပါ့မယ်...
Apk Editor pro က apk တော်တော်များများကို Support ပေးပါတယ်...
သူ့ရဲ့လုပ်ဆောင်မှုများကတော့ >>> apk label များကို
မြန်မာမှုပြန်ရေးနိုင်ခြင်း၊ Icon
များပြောင်းလဲပေးနိုင်ခြင်းတို့ကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။
အသုံးပြုပုံ >>>
1. Apk Editor Pro ကိုဖွင့်လိုက်ပါ >>> Select an Apk File
ဆိုတာလေးကိုနှိပ်ဝင်လိုက်ပါ >>> အထဲကိုရောက်သွားရင်
ကိုယ်ပြုပြင်ပေးမယ့် apk ကို လိုက်ရှာပြီးဖွင့်လိုက်ပါ။
2. String ဆိုတဲ့မူလနေရာမှာပေါ်နေတဲ့ app name label တို့မှာ မြန်မာမှုပြန်လည်ရေးသားရမှာပါ...
3.Resource ထဲကိုဝင်လိုက်ရင် >>> drawable တွေထဲမှာ Icon
များကိုပြောင်းလဲနိုင်မှာဖြစ်ပါတယ်။ Icon ပြောင်းဖို့ရာအတွက်
ကိုယ့်ဖုန်းထဲမှာ ရှိနေတဲ့ပုံတွေက png အမျိုးစားဖြစ်နေရမှာပါ... jpg
နဲ့မရပါဘူး...
4. Icon ပြောင်းမယ်ဆိုရင် ကိုယ်ပြောင်းမယ့် icon ပေါ်ကို
တချက်ကလစ်လိုက်ပါ. folder တွေပေါ်လာရင် ကိုယ်ပြောင်းချင်တဲ့
ပုံကိုသိမ်းထားတဲ့နေရာမှပုံများထဲကတပုံကိုရွေးပေးလိုက်ပါ။
5.အားလုံးပြီးသွားလို့ ပြန်ထွက်တာပဲဖြစ်ဖြစ် icon
ချိန်းဖို့ရာအတွက်icon တွေကိုလိုက်ရှာရတာပဲဖြစ်ဖြစ် back
လုပ်မယ်ဆိုရင် ဖုန်းမှာပါတဲ့ back key နဲ့ပြန်မထွက်ပါနဲ့ ... folder
တခုကိုဝင်လိုက်ရင် back လုပ်ဖို့ရာအတွက် အပေါ်ဆုံးမှာ
ပါပါတယ်...အဲ့ဒါလေးနဲ့ back လုပ်ပါ.. သတိပြုရမှာဖြစ်ပါတယ် ဖုန်းက
back key နဲ့ပြန်ထွက်လိုက်ရင် အကုန်ပြန်ထွက်သွားမှာပါ။
6. စိတ်ကြိုက်အားလုံးပြင်ဆင်ရေးသားပြုစုပြီးသွားပြီဆိုရင်တော့ Save
လုပ်လိုက်ပါ။
အောက်မှာပြထားတဲ့ပုံလေးအတိုင်းအမှန်ခြစ်လေးပြပြီးပြီးဆုံးသွားရင်
တော့ ကိုယ်ပြန်ပြီးရေးသားလိုက်တဲ့ apk ကို Apk Editor Pro က support
ပေးလို့ဆိုတာသေချာသွားပါပြီ။ save လုပ်လိုက်တဲ့ apk ကို install
လုပ်လိုက်တာနဲ့
ကိုယ်ပြင်ပြီးရေးသားထားတဲ့အတိုင်းမြင်တွေ့ရမှာဖြစ်ပါတယ်။
အားလုံးအဆင်ပြေကြပါစေ....
Credit : http://myothetnzn.blogspot.com
No comments:
Post a Comment