Friday, November 28, 2014

MPT က e-top up ဝန်ဆောင်မှုကို စတင်ဆောင်ရွက်



မြန်မာ့ဆက်သွယ်ရေးအနေဖြင့် e-top up ဝန်ဆောင်မှုကို စတင်ဆောင်ရွက်လိုက်ပြီဖြစ်ပြီး MPT ငွေဖြည့်ကတ် ဝယ်ယူရရှိနိုင်သော ဆိုင်အချို့တွင် စတင်စမ်းသပ်လျက်ရှိကြောင်း သိရသည်။
“e-top up ဆိုတာက ပုံမှန်ခဲခြစ်ပြီး ငွေဖြည့်စရာမလိုဘဲ ဆိုင်မှာတစ်ခါတည်း ငွေဖြည့်ပေးတဲ့စနစ်ပါ။


ကိုယ် ဖြည့်ချင်တဲ့ တစ်သောင်းကတ်၊ ငါးထောင်ကတ်ကို ဆိုင်မှာဖြည့်ပေးပါလို့ ပြောလိုက်ရုံပါပဲ” ဟု စတင် ဝန်ဆောင်မှုပေးနေသည့် Elite အရောင်းဆိုင်တစ်ဆိုင်မှ ပြောကြားသည်။


MPT ၏ e-top up ဝန်ဆောင်မှုကို Elite Tech နှင့် Asia Mega Link ဆိုင်များတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လက်ရှိတွင် ဆိုင်အချို့၌ စမ်းသပ်ဆောင်ရွက်ပေးလျက် ရှိသော်လည်း မကြာခင်တွင် အရောင်းဆိုင်များ အားလုံးသို့ တိုးချဲ့ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။


 အင်တာနက်ဂျာနယ်

No comments:

Post a Comment