Wednesday, November 12, 2014

လူသားတို့၏ ဘဝကိုပြောင်းလဲစေခဲ့သော တီထွင်မှု


 
(၁) အင်တာနက် ( Internet )

၂၁ ရာစုမှာ အင်တာနက်ဆိုတာ မရှိမဖြစ် ဖြစ်လာပါတယ်။ ကိုယ်ကို တိုင်ကိုလည်းမေးကြည့်လိုက်ပါ အင်တာနက်မရှိဘဲနေနိုင်ပါတော့မလားဆိုတာ။

သင် အပါအဝင် လူတော်တော်များများက အင်တာနက်ဆိုတာ အမေရိကန် ကနေစတင်တီထွင် တယ်လို့ထင်နေကြပါလိမ့်မယ်။ တကယ်တော့ အင်တာနက်ဆိုတာ ရုရှားကနေ
စတင် လာတာပါ။
 
 ၁၉၅၈ ခုနှစ်မှာ အမေရိကန်ဟာ ARPA ( Advanced Researc Project Agency ) ကို ရန်ပုံငွေ မတည်ပြီး စတင်စမ်းသပ်ခဲ့ပါတယ်။ 
 ၁၉၆၀ မှာတော့ ARPANET host-to-host
ကို ကယ်လီဖိုးနီးယား တက္ကသိုလ် နဲ့ စတမ်းဖို့ဒ် သုတေသန ဌာန တို့ပူးပေါင်းပြီး ဖန်တီးခဲ့ပါတယ်။ 
 ARPANET ပေါ်မူတည်ပြီး data packet sharing နည်းနဲ့ အင်တာနက်ကို
အသုံးပြုခဲ့ကြပါတယ်။ ၁၉၇၆ ခုနှစ်မှာတော့ ပထမဦးဆုံးသော အီးမေးလ်ဝန်ဆောင်မှုပေးသော ကုမ္ပဏီ Comet ကို တည်ထောင်ခဲ့ကြပါတယ်။
 ၁၉၉၃ ခုနှစ်မှာတော့
World Wide Wed (WWW) ဆိုပြီး အွန်လိုင်း မှာ ထွက်ပေါ်လာပါတယ်..။

(၂) ကွန်ပျူတာ

ပထမဆုံး ကွန်ပျူတာကို ဘယ်အချိန်က စတင် တီထွင်ခဲ့တယ်ဆိုတာကတော့ ပြောဖို့ခက်ပါတယ်။ ဒါပေမယ့် Charles Babbage ဆိုသူကတော့ "The
Analytical Engine" လို့ခေါ်တဲ့
 တွက်ချက်မှုတွေကို လုပ်ဆောင်ပေးနိုင်တဲ့ စက်တစ်မျိုးကို တီထွင်ခဲ့ပါသေးတယ်။ 
ပထမဆုံးကွန်ပျူတာတွေကို PC ( Personal
Computer) လို့ခေါ်ပါတယ် ကွန်ပျူတာကိုတော့ ၁၉၅၃ ခုနှစ်မှာ IBM ကနေ စတင်မိတ်ဆက်ခဲ့ပြီး IBM PC လို့လူသိများပါတယ်။ ၁၉၈၁ ခုနှစ်ရောက်မှ သာ IBM PC
တွေဟာ ဈေးကွက်မှာ အောင်မြင်မှု ရလာကြတာပါ။ 
PC လို့ပြောလိုက်တာနဲ့ အားလုံး ဟာ IBM PC ရဲ့ ထုတ်ကုန် (Products) တွေနဲ့ လိုက်လျောညီထွေသော
Microcomputer တွေပဲဖြစ်ပါတယ်။

REF: http://listdose.com/
 
 Credit : Hidden-Tech
 

No comments:

Post a Comment