Saturday, July 27, 2013

မပြောင်ရင် စားမယ်

 

YoYarLay
မပြောင်ရင် စားမယ်
............................
ဖုန်စုပ်စက် အရောင်း/မာကဲတင်း တစ်ဦးဟာ အိမ်တစ်အိမ်ရဲ့  တံခါး ပေါက်ကို သွားခေါက်ပါတယ်။
အိမ်ရှင်မ အမျိုးသမီးက တံခါးပေါက်ဖွင့်ပေးရုံပဲ ရှိသေးတယ်။ အရောင်း အမျိုးသားက အိမ်ထဲ တန်းဝင်လာပြီး ဧည့်ခန်း အလယ်တည့်တည့်မှာပဲ အသင့်ပါလာတဲ့ နွားချေးထုပ် ကို ဖြေလို့ သွန်ချလိုက်ပါတယ်။ ပြီးတော့ အောက်ပါအတိုင်း စကားဆိုပါတယ်။
အရောင်းဝန်ထမ်း - အစ်မကြီး မျက်စိရှေ့ မှာ မြင်နေရတဲ့ ဒီနွားချေးကို ဒီဖုန်စုပ်စက်နဲ့ ၃ မိနစ်အတွင်း ကျနော်ရှင်းမယ်။ မရှင်းနိုင်ရင်၊ မပြောင်ရင် ကျန်တဲ့နွားချေးကော၊ ရှင်းပြီးသားကော ကျနော်အကုန်စားမယ်။
...
အိမ်ရှင်မ - အင်း. ငရုတ်ဆီလိုသေးလား.။
အရောင်းဝန်ထမ်း - ဘာဖြစ်လို့လဲ အစ်မကြီးရဲ့  ။
အိမ်ရှင်မ - ကျမအိမ်မှာ အခုချိန်ထိ မီးမလာတာ ၂ ရက်ရှိပြီ။
................................................................................
သင်ခန်းစာ - မည်သည့် စီမံကိန်း /Project ကိုပဲ ဖြစ်ဖြစ် စတင်မလုပ်ကိုင်မှီ လိုအပ်တဲ့ အရင်းအမြစ် (Resource) ရှိမရှိ စုဆောင်း၊ စစ်ဆေး ရပါမယ်။
Over smartness in Myanmar can be deadly.
.
Ref: indejokes
ရိုးရာလေး ဟာသ
www.yoyarlay.com/health/health-article/36819-if-not-clear-let-me-eat

No comments:

Post a Comment