Sunday, July 14, 2013

ကြမ်းပိုးတိုက်ပွဲ

 
Lon Ely
ကြမ်းပိုးတိုက်ပွဲ
ယောက်ကျားတဦးသည် အိမ်တွင် ကြမ်းပိုးများ သောင်းကျန်းလွန်းသောကြောင့် အထူးစိတ်ညစ်နေ၏။
၎င်းတို့ကို နည်း အမျိုးမျိုးဖြင့် သုတ်သင်သော်လည်း ဘယ်လိုမှ အကျိုးထူးမလာချေ။
သို့ဖြင့် အိမ်နီးချင်းများ အကြံပေးသည့်အတိုင်း စုန်းမကြီး ဟု နာမည် ကြီးသော ဆေးဆရာမကြီးထံ သွားကာ အကူအညီတောင်းရလေတော့သည်။
ဆရာမကြီးက ဤသို့အကြံပေး၏။
" အိမ်မှာရှိတဲ့ ပြူတင်းပေါက်တွေကိုဖွင့်ပီး.....
ရှိသမျှ ကြမ်းပိုးတွေ....ဒိုးလိုရာ...ဒိုးကြ.......လို့အော်ပါ...။အဲ...နောက်ဆုံး ကျန်တဲ့ ကြမ်းပိုး အထွက်မှာတော့ မရယ်မိပါစေနဲ့။"... ဟုသေချာ ဆို၏။
ယောက်ကျားကြီးလည်း အိမ်သို့ ပြန်လာပီး ဆရာမကြီးမှာသည့်အတိုင်း လုပ်လေသည်။
ကြမ်းပိုး များ သုတ်သီးသုတ်ပြာနှင့် ထွက်ပြေးကြ ၏။
အိမ်ရှင်ယောက်ကျားကြီးမှာ တပြုံးပြုံးဖြင့် ဆင်းသွားသော ကြမ်းပိုးများကိုကြည့်ကာ အရမ်းပျော်ရွှင်နေ၏။
နောက်ဆုံးအရိုးပေါ်အရေတင်၍.. ပိန်လှီလှသော ကြမ်းပိုးတစ်ကောင်သာ အားမရှိသဖြင့် တဖြေးဖြေးချင်းတွားသွားကာ အိမ်အပြင်သို့ထွက်နေလေ၏။
မိမိသွေးတွေကို စုပ်စဉ်က ဒီကြမ်းပိုးဒီရုပ်ဖြစ်မည်မဟုတ်ဟု တွေးမိ၏။
ဤသည်ကို ကြည့်ပီး မအောင့်နိုင်သဖြင့် ယောက်ကျားကြီး သည်ဝမ်းသာလွန်း၍ အားရပါးရ ရယ်မိလေသည်။
ဤတွင် ကြမ်းပိုး သည် တွားသွားနေရာမှ ရုတ်တရက် ရပ်လိုက်ပီး လူကြီးကိုစိုက်.ကြည့်နေလေ၏။
ထို့နောက် ရှိသမျှ အားကိုထုတ်ကာ လှမ်းအော်လိုက်သည်။
" ဟေ့....အားလုံး......ပြန်လာကြဟေ့.....အိမ်ရှင်က တို့ ကို ကျီစားတာကွ....."....တဲ့
တိန်
ရီမောပျော်ရွှင်ပါစေ....
ကိုလုံ ( Lon Ely )

No comments:

Post a Comment