Tuesday, July 9, 2013

ဘာသာကြီးလေးရပ် ဆိုင်ရာ ဥပဒေများကို လေ့လာခြင်း

 
ဟိန္ဒူ၊ ဗုဒ္ဒဘာသာ၊ခရစ်ယန်၊အစ္စလာမ် ဘာသာကြီးလေးရပ်လုံးမှာ အသီသီး ဥပဒေများရှိကြသည်။ထိုဘာသာအသီးသီး၏ လက်ထပ်ခန်း ဥပဒေကိုသာအကျဉ်းချုပ် နှိုင်းယှဉ်ပြလိုပါသည်။
ဟိန္ဒူ၊ ဗုဒ္ဒဘာသာ၊ခရစ်ယန်၊အစ္စလာမ် ဘာသာကြီးသုံးခု၏ လပ်ထပ်ခန်း ဥပဒေများတွင် ဘာသာမတူသူနှင့်လပ်ထပ်ခွင့်ကို လုံးဝပိတ်ပင်ထားပါသည်။ ဘာသာမတူသူနှင့် လက်ထပ်လိုလျှင် အခြားဘာသာဝင်ကို မိမိတို့ ဘာသာသို့ ပြောင်းလွဲပြီးမှသာ တရားဝင်လက်ထပ်ခွင့်ရှိသည်၊ မိမိဘာသာဘက်သို့ မပြောင်းလျှင် တရားဝင် ဇနီးမယား အဖြစ်မသတ်မှတ်ပါ၊ အပျော်မယားအဖြစ်သတ်မှတ်ပြီး ယင်းဘာသာခြားအတွက် အမွေဆက်ခံခြင်း စသောခံစားခွင့်အားလုံး မပေးပါ။
မြန်မာ့ဗုဒ္ဒဘာသာ လက်ထပ်ခန်း ဥပဒေတွင် အဆိုပါ အခြား(၃) ဘာသာကဲ့သို့ ပိတ်ပင်ထားခြင်းမရှိသဖြင့် ဘာသာခြားများနှင့် လက်ထပ်သောအခါ မိမိတို့ ဗုဒ္ဒဘာသာဝင်အမျိုးသား အမျိုးသမီးများ၏ အခွင့်အရေးများ လွန်စွာဆုံးရှုံး နေရပါသည်။ မိမိတို့ ဘက်က ကာကွယ်ပေးနိုင်မည့် စည်းကမ်းနည်းလမ်းဥပဒေမျးလည်းမရှိပါ။
အခြားဘာသာများနှင့် တန်းတူညီမျှဖြစ်စေရန် ဗုဒ္ဒဘာသာ မြန်မာအမျိုးသား အမျိုးသမီးများလည်း 
လူ့ အခွင့်အရေး မဆုံးရှုံးစေရန် အမျိုးစောင့် ဥပဒေ ကိုတော့ လူ့အခွင့်အရေး ချိုးဖောက်သည်ဟုမဆိုဘဲ မိမိတို့ဘာသာအတွက် ၀ကွက်ရ်ျ ကန့်ကွက်ရှုံချနေခြင်းသည် 
မိမိအမျိုးဘာသာ သာသနာကိုမငဲ့သူများ ၊ မချစ်သူများ ၊ သူခိုးလက် ဓာရိုးကမ်းသူများ ၊ အမျိုးဘာသာ သာသနာ သစ္စာဖောက်သူများ ဟုတ်ဆိုရပေမည်။
အမျိုးဘာသာ သာသနာကိုချစ်တတ်ကြသော အမျိုးသားကောင်း အမျိုးကောင်းသမီးလေးများဖြစ်ကြပါစေဗျာ
ဒီမိုးသား ၀ိုင်းတော်သားများ မှ တင်ပြသည်

No comments:

Post a Comment