Monday, July 15, 2013

ဒါတော့မှားပြီ

 
ဗေဒါလမ်း Baydarlan သုတ ရသ ဟာသ ပြည်ပအနုပညာ
ဒါတော့မှားပြီ
*********
ကလေးကယ်ကို ချီထားသော ဂျစ်ပစီအမျိုးသမီးတစ်ယောက် တက္ကစီကိုတားသည်။ဂျစ်ပစီတွေတွေ့လျှင် ပိုက်ဆံတောင်းတတ်သည်။
အတင်းဗေဒင်ဟောတတ်သည်ကို သိနေသော ကားဆရာ ကားကိုရပ်
မပေးချင်။သို့သော် ပွေ့ချီထားသောကလေးကို သနားသဖြင့်ကားကိုရပ်ပေးလိုက်သည်။
ကားပေါ်ရောက်သည်နှင့် ဂျစ်ပစီမ စကားစသည်။
“ကျွန်မမှာ ကားခပေးစရာ ပိုက်ဆံမရှိဘူးအကို။အဲဒီအတွက် အစ်ကို့ကို
အခမဲ့ဗေဒင်ဟောပေးပါရစေ”
 “မဟောနဲ့ မင်းသွားချင်တဲ့နေရာဟာ ငါ့အိမ်အပြန်လမ်းမှာ ရှိနေတာပဲ
လမ်းသင့်ပါတယ်၊ပိုက်ဆံမပေးနဲ့ရတယ်”
“ဒီလိုဆိုလည်း ကျွန်မသိထားတဲ့ အအမှန်တရားသုံးခုကိုတော့ ပြောခွင့်ပြုပါအကို”
စကားကြောရှည်နေမည်းစိုးသဖြင့် ကားဆရာပြောခွင့်ပြုလိုက်၏။
“ပထမအမှန်တရားက ဆိတ်ဟာ သူ့မုတ်ဆိတ်ကို ဘယ်တော့မှမရိတ်ဘူး”
“အေး ဟုတ်တယ်..မှန်တယ်ပဲထားပါတော့”
“ဒုတိယ အမှန်တရားက လမင်းဟာ အလင်းရောင်ကိုပေးတယ်ဒါပေမယ့်
အနွေးဓါတ်ကိုမပေးဘူး”
“အေး...မှန်ပါတယ်”
“တတိယအမှန်တရားက ဘာလဲဆိုတော့ အစ်ကို့ဇနီးဟာ အိမ်နီးချင်းနဲ့
ဖောက်ပြားနေတယ်”
“ဟာ..တော်တော့ ဒါလုံးဝမဖြစ်နို်င်ဘူး။မဟုတ်ကဟုတ်ကတွေ
လျှောက်ပြောမနေနဲ့၊နင့်ပါးစပ်ကို ပိတ်လိုက်၊ငငါနင့်ကို ကားပေါ်က
မောင်းချမိမယ်”
သွားချင်သည့်နေရာကို ရောက်တော့ ဂျစ်ပစီမ ကားပေါ်ကဆင်းသွားသည်။
ကားဆရာ အိမ်ကိုတန်းပြန်သည်။မိန်းမဖြစ်သူ ၄င်းကိုကြိုဆိုပြီး ညစာကျွေးသည်။ အစာစားရင်းယောကျာ်းကပြောသည်။
“ဒီနေ့ ဂျစ်ပစီမတစ်ယောက် ငါ့ကားကိုလိုက်စီးတယ် မပြောနဲ့ဆိုလည်းမရဘူး
အမှန်တရား သုံးခုဆိုလားပြောလိုက်တယ်”
“ဘာတွေပါလိမ့်တော်”
“ဆိတ်ဟာ သူ့မုတ်ဆိတ်ကို ဘယ်တော့မှ မရိတ်ဘူးတဲ့”
“ကတ်သီးကတ်တတ်တော်...မှန်တယ်ပဲထားပါတော့”
“ပြီးတော့ လမင်းဟာ အလင်းရောင်ကိုပဲပေးတယ်၊အနွေးဓါတ်ကိုမပေးဘူးတဲ့”
“ဒါကတော့ မှန်သားပဲ”
“တတိယအမှန်တရားကတော့ ငါမပြောပါရစေနဲ့။အဓိပ္ပါယ်မရှိလွန်းလို့ပါ”
“ပြောစမ်းပါရှင်၊ကျွန်မ နားထောင်ချင်လွန်းလို့ပါ”
မိန်းမဖြစ်သူ အထပ်ထပ်ပူဆာသည်။နောက်ဆုံးတော့ ယောကျာ်းဖြစ်သူ
မပြောချင်ပြောချင်နှင့်ပြောချလိုက်သည်။
“အေး မင်းဒီလောက်သိချင်နေရင်ပြောမယ်။ တို့ အိမ်နီးချင်း အီဗန် တစ်ယောက် ယောကျားမပီသတဲ့ရောဂါ(Impotent)ဖြစ်နေတယ်ဆိုပဲ”
“ဟင်း..ဟင်း အဲဒါတော့ ရှင့်ဂျစ်ပစီမ မှားပြီ” တိန်...တိန်...တိန်

Post By :Moekyashweco

No comments:

Post a Comment