Wednesday, July 31, 2013

ကွန်ပျူတာ သမားများ အတွက် ကိုယ်တွေ့ ခါးနာ ပျောက်ဆေးနည်း

 
ရေးမိရေးရာလေးများ
ကွန်ပျူတာ သမားများ အတွက် ကိုယ်တွေ့ ခါးနာ ပျောက်ဆေးနည်း
ကွန်ပျူတာ သုံးတာ ကြာပြီ ဆိုတော့ ခါးနာ ရောဂါလည်း ဖြစ်လာတာပေါ့။
ဒီနှစ်ပိုင်းမှာ ခါးကပိုနာလာတယ်။ဆေးနည်းကနက္ခတ္တ ရောင်ခြည်ကနေရထားတာကြာလှပြီ။အမှုအမှတ်မဲ့ မစမ်းကြည့် ဖြစ်ဖူး။ အခုတော့ စမ်းမှ ဖြစ်မယ်ဆိုပြီး -
အာလူးကြီးတစ်လုံးကို ခပ်ပါးပါးအလွှာတွေ ရအောင် လွှာပြီး ညအိပ်ယာ ၀င်တော့ နာနေတဲ့ ခါးပေါ်မှာ စီပြီး ကပ်လိုက်တယ်။အားကစားသမားတွေ သုံးတဲ့ အလပ်စတစ် ပတ်တီးပတ်ပြီး အိပ်လိုက်တယ်။ မနက်ကျတော့ ခါးနာနေတာ ယူပစ်သလို ပျောက်သွားတယ်။ အံ့ရောပဲ ...
...
အာလူးထဲမှာ ပါတဲ့ ဓါတ်သဘာဝ တွေကအရေပြား ကနေ ခါးနာတဲ့ နေရာကို ၀င်သွားလို့ ဒါမှမဟုတ် ခါးနာဆီကနေ အာလူးကစုပ်ယူ လိုက်လို့  ပျောက်သွားတယ် ထင်တယ်။
နွယ်မြက် သစ်ပင် ရိုးရာ ဆေးမြီးတို လေးတွေလည်းအထင် မသေးကြနဲ့ ဗျို့။

ချစ်ကြည်စွာဖြင့် -
ဧကံသ
Ref: Myawady News
Credit to : မြဝတီ (ကျန်းမာရေး)

No comments:

Post a Comment