Wednesday, July 10, 2013

ဒိတ်ဒိတ်ကျဲ (ဟာသ)

 
Aureum Online Media
ဖြိုးကြီးသည် အရက်ဖြတ်ရန် ဘုရားကျောင်းသို့သွားသည်။ တစ်လခန့် အရက် ကို ကြိုးစားဖြတ်ပြီးနောက် ဘုန်းတော်ကြီးက ဖြိုးကြီးအား ရေထဲတွင် ၃ ကြိမ် နှစ်၍
"ကဲ မောင်ဖြိုးကြီး မင်း အရက်လဲပြတ်သွားပြီ အပြစ်တွေ အားလုံး မရှိတော့ ဘူး ဒီနေ့ကစပြီး လူသစ်စိတ်သစ်နဲ့ ဘဝသစ်ပြန်စတော့ နာမည် အသစ် ပါပြောင်းပေးလိုက်မယ် မင်းနာမည် ဒိတ်ဒိတ်ကျဲ ဖြစ်သွားပြီ "
သို့နှင့် ဒိတ်ဒိတ်ကျဲ အိမ်ပြန်ရောက်လာသည်။ ရေခဲသေတ္တာကို ဖွင့်လိုက် သည်။ ရေခဲ ပွင့်လေးများတွဲခိုနေသော ဘီယာဗူးလေးများက စီရရီရှိ နေကြ သည်။
ဒိတ်ဒိတ်ကျဲ အံကို ကျိတ်လျက် ဘီယာတစ်ဗူးယူလိုက်ပြီး ရေဇလုံထဲသို့ ၃ ကြိမ်နှစ်လိုက်သည်။
"ကဲ မင်းလဲ နာမည်ပြောင်းလိုက်တော့ မင်းနာမည် ဘီယာမဟုတ်တော့ဘူး လိမ္မော်ရည်ဖြစ်သွားပြီ "
ဟုဆိုပြီး ... ဖောက် .. ရှူး .. ဂလု ဂလု ..
Credit to; Ye Khaung

No comments:

Post a Comment