Sunday, July 14, 2013

အသိနောက်ကျသွားပြီ

 
ဗေဒါလမ်း Baydarlan သုတ ရသ ဟာသ ပြည်ပအနုပညာ
အသိနောက်ကျသွားပြီ
**************
ကိုတာတေရဲ့အိမ်မှာ စကားပြောတတ်တဲ့
ကြက်တူရွေးလေးတစ်ကောင်မွေးထားတယ်
အိမ်ရှေ့မှာ ဖြတ်သွားတဲ့ လူမှန်သမျှကို ဆဲတယ်...
အဆိုးဆုံးကတော့ ရဲ ဖြတ်သွားရင်အဆဲဆုံးပဲ...
ရဲကို မြင်တာနဲ့
“ဖွတ်ကျားကောင်...သောက်သုံးမကျတဲ့ကောင်
ခွေးလိုကောင်....သူတောင်းစားကောင်”
အဲဒီရဲက နေ့တိုင်းအဆဲခံရတယ်...

ကြာလာတော့ ကိုတာတေကမဖြစ်ချေဘူး..
ဒီကြက်တူရွေးကြောင့်...ငါပါရောပြီးဒုက္ခရောက်သွားနိုင်တယ်
လိမ္မာယဉ်ကျေးလာအောင်ဆိုပြီး ကြက်တူရွေးကို ဘုန်းကြီးကျောင်းပို့လိုက်တယ်..။
်တစ်လ နှစ်လလောက်ကြာတော့ ကြက်တူရွေးကလေး
ဘုန်းကြီးကျောင်းကနေ ပြန်ရောက်လာတယ်..။
ဒါကို ခဏခဏအဆဲခံရတဲ့..ရဲကမြင်တော့..
ကြက်တူရွေးကို ဒီလိုပြောတယ်
“ဟေ့ကောင်...မင်းငါ့ကိုမဆဲတော့ဘူးလား....
ငါလေကွာ...ဖွတ်ကျားကောင်လေကွာ...သောက်သုံးမကျတဲ့ကောင်လေကွာ
ခွေးလိုကောင် သူတောင်းစားလိုကောင်လေကွာ...”
ကြက်တူရွေးလေး ပြန်ပြောလိုက်တာကတော့...
“အသိ နောက်ကျသွားပြီ ဒကာကြီး”တဲ့...။
Post by:Moekyashweco

No comments:

Post a Comment