Lenovo TAB 2 A7-30HC ဖုန်း Android Version 5.0.1 ကို
Root လုပ်ပြီးမြန်မာစာထည့်နည်းကို တင်ပေးလိုက်ပါတယ်။
ဒီ Tab ကို Root လုပ်မယ်ဆိုရင်တော့ နာမည်ကြီး Kingroot apk ဖြင့်
ဖုန်းမှာတင် အလွယ်တကူ Root ဖောက်ယူနိုင်မှာပဲဖြစ်ပါတယ်။
လိုအပ်ချက်များ
=========
ဖေါ်ပြပါ Root လုပ်နည်းသည် Lenovo TAB 2 A7-30HC အတွက်သီးသန့်ဖြစ်ပြီး
ဖုန်း Android Version 5.0.1 ကိုသာ Root လုပ်ထားခြင်းဖြစ်ပါတယ်။
တကယ်လို့ မိမိဖုန်းရဲ့ Model number ကို Check ပြလုပ်ချင်တယ်ဆိုရင်တော့
Menu > Settings > About Device > ကိုနှိပ်လိုက်ရင် တွေ့ရှိနိုင်ပါတယ်။
ကြိုတင်ပြင်ဆင်ရမယ့်အချက်များ
====================
ဖေါ်ပြပါ Root လုပ်နည်းသည် ဖုန်းရဲ့ warranty ကိုထိခိုက်တာမျိုးဖြစ်တာပါတယ်။
တကယ်လို့ မိမိဖုန်းရဲ့ Stock Rom ကိုပြန်တင်ယူမယ်ဆိုရင်တော့
ဖုန်းရဲ့ warranty ကပြန်လည် အလုပ်လုပ်နိုင်မှာပဲဖြစ်ပါတယ်။
ဖုန်းမှာ USB Debugging Mode ကို Enable ပြုလုပ်ထားရမှာပါ အဲဒီအတွက်
Menu > Settings > About Device ဆိုပြီးတစ်ချက်ချင်း နှိပ်သွားလိုက်ပါပြီး
Build Number ကို ခုနှစ်ချက်လောက် ထောက်လိုက်ပါ ပေါ်လာတဲ့
Developer Option မှ USB Debugging Mode ကို Enable ပြုလုပ်ပါ။
Kingroot apk ဆိုရင်တော့ အထူးပြောစရာမလိုတော့ပါဘူး
Official ရဲ့ နောက်ဆုံးထွက် ဗားရှင်းကိုသာ ရယူလိုက်ပါ
မြန်မာစာအမှန်ထည့်နည်း
===============
ဖုန်းမှာ Root access ရရှိပြီးရင်တော့ မြန်မာစာအတွက်
အမှန်ရချင် ကီးဘုတ်အတွက် Frozen ကိုထည့်ပြီး
ဖောင့်အတွက် ifont & Zawyi One apk ရိုးရိုးလေးကို
ထည့်သွင်းပြီး iFont ကနေ Zawyi One apk လေးကို
ထည့်သွင်းပေးလိုက်ပါ မြန်မာစာလုံးဝအမှန်မြင်ရမှာပါ။
အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
No comments:
Post a Comment