Saturday, March 26, 2016

♪ အမေးများသော မိုဘိုင်းဖုန်းဆိုင်ရာပြဿနာများ ♫


မေး - အစ်ကိုရေ ကျွန်တော်က တခြားတစ်နေရာကလွှင့်ထားတဲ့ Password နဲ့ wifi ကို လစဉ်ကြေးပေးပြီး ကျွန်တော့်ကွန်ပျူတာမှာ ချိတ်ထားတာပါ။ အဲ့ Password ကို ကျွန်တော့်ကွန်ပျူတာကနေပြီး တော့ ပြန်ကြည့်လို့ရလား။ ရတယ်ဆိုရင် ကျွန်တော့်ကို ရှင်းပြပေး ပါအစ်ကိုရယ်။
ဖြေ - ဟုတ်ကဲ့ အစ်ကို။ ကြည့်လို့ရပါတယ်။ ကြည့်မယ်ဆိုရင် အစ် ကို့ရဲ့အဲ့ wifi ချိတ်ထားတဲ့ ကွန်ပျူတာမှာရှိတဲ့ wifi ချိတ်တဲ့နေရာကို တစ်ချက်နှိပ်ပေးပါ။ ပြီးလျှင် အောက်မှာပေးထားတဲ့လမ်းကြောင်းအ တိုင်း ၀င်လိုက်ပါ။ Open Network and Sharing Center > Wireless Network Connection > Wireless Propertions > Security ထဲတွင် Network Security Key တွင် ထို wifi မှထားထားသော Password ကိုကြည့်နိုင်ပါတယ်။
မေး - အစ်ကို ကျွန်တော့်ဖုန်းမှာ Call Log တွေမပေါ်ဘူးဖြစ်နေ တယ်။ Call Log တွေက အရင်အဟောင်းတွေပဲရှိနေပါတယ်။ Call Log အဟောင်းတွေကို ဖျက်ထုတ်ပြစ်လဲမရဘူးဖြစ်နေပါတယ်။ အဲ့ တာ ဖုန်းရဲ့ Network ပိုင်းနဲ့များဆိုင်လားမသိဘူး။ အဲ့တာလေးရှင်း ပြပေးပါလား။
ဖြေ - ဟုတ်ကဲ့ အစ်ကို။ အဲ့တာက ဖုန်းရဲ့ Network ပိုင်းနဲ့မသက် ဆိုင်ပါဘူး။ အစ်ကို့ရဲ့ဖုန်းဟာ Data & Time မှာ လွန်ခဲ့တဲ့ခုနှစ်တွေကို ရောက်နေရင် Call Log တွေ မပေါ်ပါဘူး။ အဲ့တာကြောင့် အစ်ကို့ရဲ့ Data & Time ပြန်ချိန်လိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်။ သူ့ရဲ့သဘောတရားက လွန်ခဲ့တဲ့ Data & Time ကိုပြန်ရောက်နေတဲ့အတွက် ယနေ့အတွက် မှတ်သားထားခြင်းမရှိသေးလို့ပါ။
မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက Home Key, Back Key က မီး တွေက ဖွင့်လိုက်၊ ပိတ်လိုက်ဖြစ်နေတယ်။ ဖုန်းအမျိုးအစားက Y 300 ပါ။ ဘာလုပ်ရမလဲဗျ။ အကြံပေးပါဦး။
ဖြေ - အစ်ကိုခင်ဗျာ အဲ့ Error က power ပိုင်းက ဖြစ်နေတာပါ။ ကြာရှည်သုံးလို့တော့မကောင်းပါဘူး။ power သေတဲ့အထိဖြစ်ပါလိမ့် မယ်။ နီးစပ်ရာ Service ဆိုင်ကိုပြကြည့်ပါ။
မေး - အစ်ကိုရေ ကျွန်တော့် Y600 D ဖုန်းလေးအားသွင်းကြိုးထိုး ရင် သုံးလို့ရတယ်။ အားသွင်းကြိုးဖြုတ်လိုက်ရင် ပါဝါပြန်သေသွား ပါတယ်။ ဘယ်လိုလုပ်ရင်ကောင်းမလဲ။ အကြံပေးပါဦး။
ဖြေ - ဒီလို error မျိုးက Charging လမ်းကြောင်းကြောင့်ဖြစ်တာပါ။ နောက်ပြီး Battery မကောင်းရင်လည်းဖြစ်တတ်တဲ့အတွက် Battery အသစ်လဲကြည့်ပါ။ အဆင်မပြေရင်တော့ နီးစပ်ရာ service ဆိုင်ကို သာပို့ကြည့်ပါခင်ဗျာ။
မေး - ဦးရေ သားရဲ့ဖုန်းကတော့ သုံးရတာအဆင်မပြေဘူးဗျ။ သူများဖုန်းတွေထက် ပိုပြီးပူတယ်။ ဘက်ထရီလည်း အကြာကြီး မခံဘူးဖြစ်နေတယ်။ ဘယ်လိုလုပ်ရင်ကောင်းမလဲ။ အကြံပေးပါဦး ဗျာ။
ဖြေ - သားရဲ့ဖုန်းက သူများဖုန်းတွေထက် ပိုပြီးတော့ပူတယ်။ ဘက် ထရီလည်းအားမခံဘူးဆိုတော့ ရေ၀င်ထားတာမျိုးတို့၊ တစ်ညလုံးအား သွင်းကြိုးထိုးထားပြီး အိပ်ပျော်သွားတာမျိုးတို့ဖြစ်ဖူးထားသေးလား။ ဖြစ်ဖူးထားတယ်ဆိုရင်တော့ ဒီတိုင်းကြာရှည်ဆက်ပြီးတော့ မသုံးသင့် တော့ပါဘူး။ ဘာလို့လဲဆိုတော့ သားရဲ့ဖုန်း Circuit Board မှာ Shock တစ်ခုခုရှိနေတာကြိမ်းသေပြီ။ ဆက်သုံးမယ်ဆိုရင် Power သေတဲ့ထိ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကျွမ်းကျင်တဲ့ Mobile Service ဆိုင်တစ်ဆိုင်ဆိုင်ကိုသွားပြီး Service လုပ်စေချင်ပါတယ်။
မေး - ညီလေးရေ ဖုန်းတွေရေထဲကျခဲ့ရင် ဆန်အိတ်ထဲထည့်ထား ရတယ်ဆိုတာ ဟုတ်ပါသလား။
ဖြေ - ဟုတ်အစ်ကို။ အကောင်းဆုံးကတော့ ရေထဲကျပြီးပြီးခြင်းပဲ ဘက်ထရီကိုတမ်းဖြုတ်ရမှာပါ။ ဘက်ထရီမဖြုတ်ဘဲ ပါဝါဖွင့်ကြည့် တာမျိုး မလုပ်ရပါဘူး။ အကောင်းဆုံးကတော့ Cover တွေဖြုတ်ပြီး ရေတွေကိုသန့်စင်တဲ့ပိတ်စ (သို့) ခြာက်သွားအောင်နေလှမ်းတာမျိုး လုပ်ထားနိုင်ရင်တော့ အကောင်းဆုံးပေါ့ဗျာ။ အဲ့ဒါတွေလုပ်ပြီး ဖုန်း ကိုပြန်တက်ပြီး ပါဝါတက်မလာခဲ့ရင် နည်းစပ်ရာဆိုင်ကို ပြသင့်ပါ တယ်။ ရေ၀င်ပြီး ပျက်စီးနေတဲ့ပစ်္စည်းလေးတွေ လဲပေးရမှာမို့လို့ပါ အစ်ကို။ ကျေးဇူးတင်ပါတယ်အစ်ကို။

ဤကဏ္ဍကို Today Mobile ဖုန်း-၀၉-၇၃၀၃၃၉၆၆၊ ၀၉-၄၂၁၇၄၄၁၁၁ မှ ကူညီပံ့ပိုးပါသည်။
NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal

No comments:

Post a Comment