Monday, March 21, 2016

ANDROID ဖုန်းထဲက မှားပြီးဖျက်လိုက်မိတဲ့ မက်ဆေ့တွေ၊ဖိုင်တွေကို ဘယ်လိုပြန်ယူမလဲ





 
ဖုန်းထဲမှာသိမ်းထားတဲ့ အရေးကြီးတဲ့ဖိုင်တွေ၊ဓာတ်ပုံတွေ၊ဗီဒီယိုတွေကို မတော်တဆ delete လုပ်လိုက်မိပါသလား။

ဒါဆိုရင်တော့ အခုချက်ချင်း ဖုန်းကိုပါဝါပိတ်ပြီး၊ SD ကတ်ကို ဖြုတ်ထားပေးပါ။ စာဖတ်သူ မတော်မဆမှားပြီး၊ ဖျက်လိုက်မိတဲ့ဖိုင်တွေကို ပြန်ယူနိုင်မယ့် နည်းလမ်းရှိပါတယ်။

သတိပြုရမှာက တကယ်လို့ SD ကတ်ကို ဖြုတ်မထားမိဘူးဆိုရင်၊ ဖုန်းဟာ နောက်ထပ်ဖိုင်တွေကို SD ကတ်ထဲ overwrite လုပ်သွားမှာဖြစ်တာကြောင့် ပြန်ယူလို့မရဖြစ်သွားနိုင်ပါတယ်။

၁။ ပထမဦးဆုံး သင့်ကွန်ပြူတာအတွက်လိုအပ်တဲ့ Recovery ဆော့ဖ်ဝဲကို ဒေါင်းလုဒ်ဆွဲပါမယ်

Recovery လုပ်နိုင်တဲ့ဆော့ဖ်ဝဲတွေအများကြီးရှိပေမယ့် Dr.Fone ဆော့ဖ်ဝဲက အကောင်းဆုံးနဲ့ Delete လုပ်မိလိုက်တဲ့ဖိုင်တွေကို ပြန်ယူနိုင်မှုအမြင့်ဆုံးဆော့ဖ်ဝဲဖြစ်ပါတယ်။

Dr.Fone ဆော့ဖ်ဝဲကို အောက်ပါလင့်ခ်မှာ ဒေါင်းလုဒ်လုပ်ပြီး သင့်ကွန်ပြူတာမှာ install လုပ်ပေးပါ။ ဒီဆော့ဖ်ဝဲဟာ Windows XP ကနေ အခု Windows 10 အထိ အဆင်ပြေပြေသုံးနိုင်ပြီး root လုပ်ထားတဲ့ဖုန်းတွေကော၊ မလုပ်ရသေးတဲ့ဖုန်းတွေမှာပါ သုံးနိုင်ပါတယ်။
 

 
(၂) သင့် Android ဖုန်းကို PC နဲ့ ချိတ်ဆက်ပါ။
ကွန်ပြူတာမှာ Wondershare Dr.Fone ဆော့ဖ်ဝဲကို run လိုက်ပြီဆိုရင်၊ သင့် Android ဖုန်းကို USB ကြိုးနဲ့ ကွန်ပြူတာကို ချိတ်ခိုင်းပါလိမ့်မယ်။

drfone-android-sc01

(၃) USB debugging ကို ဖွင့်ပေးပါ။

ဒီအဆင့်မှာတော့ သင့်ဖုန်းထဲကနေ USB debugging ကို ဖွင့်ပေးဖို့ လိုပါမယ်။

    Android 2.3 အစောပိုင်းဖုန်းတွေမှာဆိုရင် – Settings ထဲဝင်၊ ‘Applications’ ကို နှိပ်၊ ‘Development’ ကို ရွေးပေးပြီး၊ ‘USB debugging’ ဆိုတာကို အမှန်ခြစ်ပေးလိုက်ပါ။

drfone-android-sc02

    Android 3.0 နဲ့ 4.1 ဖုန်းတွေမှာဆိုရင်တော့ – Settings ထဲဝင်၊ ‘Developer Options’ ကို နှိပ်၊ ‘USB debugging’ ဆိုတာကို ရှာပြီး၊ အမှန်ခြစ်ပေးလိုက်ပါ။

drfone-android-sc04

    Android 4.2 နဲ့အထက် တစ်ချို့ဖုန်းတွေမှာဆိုရင် – Settings ထဲဝင်၊ ‘About Phone’ ဆိုတာထဲ ထပ်ဝင်ပြီး၊ ‘Build Number’ ဆိုတဲ့နေရာကို (၇) ခါဆက်တိုက်နှိပ်ပေးလိုက်ရင်၊ ‘You are under developer mode’ ဆိုတဲ့ စာလေးပေါ်လာပါလိမ့်မယ်။ ဒါဆိုရင် Settings ထဲပြန်သွား၊ ‘Developer Options’ ကို ရွေးပြီး၊ ‘USB debugging’ ဆိုတာကို အမှန်ခြစ်ပေးလိုက်ပါ။

drfone-android-sc04

    ဖုန်းတစ်လုံးနဲ့ တစ်လုံး ‘USB debugging’ ရွေးတာက မတူနိုင်တာကြောင့်၊ အဆင်မပြေတာရှိရင် comment box မှာ လာရောက်မေးမြန်းနိုင်ပါတယ်။

( သတိပြုရာမှက – ဒီအဆင့်တွေမှာ ကိုယ့်ဖုန်းမှာ USB debugging ကို အမှန်မခြစ်ထားတဲ့လူတွေအတွက် ဖြစ်လို့၊ USB debugging ဖွင့်ပြီးသားလူတွေက အထက်ပါအဆင့်ကို ကျော်သွားနိုင်ပါတယ်)

(၄) ဖုန်းထဲကဒေတာတွေကို Analyze လုပ်မယ်။

USB debugging လုပ်ပြီးရင်၊ Dr.Fone ဆော့ဖ်ဝဲနဲ့ သင့်ဖုန်း ချိတ်ဆက်လို့ပြီးပါပြီ။ ဖုန်းထဲက ဒေတာတွေကို analyze လုပ်ပေးရမယ့်အဆင့်ရောက်ပါပြီ။ ‘Start’ ဆိုတာကို နှိပ်လိုက်ပါ။

drfone-android-sc05

ဒီမှာလည်း သတိပြုရမှာက – ‘Start’ မလုပ်ခင်မှာ၊ သင့်ဖုန်းဘက်ထရီက အနည်းဆုံး ၂၀ ရာခိုင်နှုန်းကျော် ပါစေ။ ဘက်ထရီအရမ်းနည်းနေရင်၊ ဒေတာတွေကိုကွန်ပြူတာက စစ်ဆေးလို့မပြီးခင်မှာ ဖုန်းပါဝါကျသွားနိုင်ပါတယ်။

Start လုပ်လိုက်တဲ့အခါ၊ သင့် Android ဖုန်းထဲမှာ မက်ဆေ့တစ်ခုပေါ်လာပါလိမ့်မယ်။ ‘Allow’ ဆိုတာကို နှိပ်ပေးလိုက်ပါ။ အကယ်၍ ‘Allow’ နှိပ်ပြီးတာတောင် ကွန်ပြူတာက analyze မလုပ်သေးဘူးဆိုရင်၊ ဖုန်းမှာ ‘Allow’ ပေါ်နေသေးလား သေချာကြည့်ကြည့်ပါ။ တစ်ချို့ဖုန်းတွေမှာ ‘Allow’ ဆိုတဲ့မက်ဆေ့ ပျောက်သွားတဲ့ အထိ နှိပ်ပေးဖို့လိုပါတယ်။


drfone-android-sc06

(၅) ကိုယ်ပြန်လိုချင်တဲ့ဖိုင်အမျိုးအစားကို ရွေးပေးပါ။

စကင်ဖတ်တဲ့အချိန်သိပ်မကြာစေဖို့အတွက်၊ ကိုယ်အဓိကထားပြီး ပြန်လိုချင်တဲ့ဖိုင်အမျိုးအစား (ဥပမာ – ဓာတ်ပုံ၊ ဗီဒီယို၊ မက်ဆေ့) စသဖြင့်၊ ကိုယ်လိုချင်တဲ့ဖိုင်အမျိုးအစားကို အမှန်လိုက်ခြစ်ပေးပါ။ ရှိသမျှဖိုင်တွေ အကုန်ပြန်လိုချင်ရင်၊ ‘Select All’ ဆိုတာကို နှိပ်လိုက်ပါ။

select-the-type-of-files


‘Scan for deleted files’ ဆိုတာကိုပဲ ရွေးပေးပါ။ ဒီနည်းနဲ့ စကင်ဖတ်တာက ပိုမြန်ပါတယ်။ ဒါပေမယ့် ဒီနည်းနဲ့ စကင်ဖတ်လို့မရဘူးဆိုရင်တော့၊ ‘Advanced Mode’ ကနေ စကင်ဖတ်ပေးရပါမယ်။ Advanced နဲ့ စကင်ဖတ်တာက အချိန်တော်တော်ကြာလို့၊ ပထမနည်းနဲ့ပဲ စကင်ဖတ်ပြီး မရမှ၊ ‘Advanced Mode’ ကို သုံးပါ။


select-a-storage-scanning-mode


(၆) စကင်ဖတ်ပါ။

ကိုယ် ပြန်လိုချင်တဲ့ဖိုင်တွေကို ရွေးပြီးပြီဆိုရင် ‘Start’ ဆိုတာကို နှိပ်ပြီး၊ စကင် စဖတ်လို့ရပါပြီ။ စကင်ဖတ်နေစဉ်မှာ ဖုန်းနဲ့ ကွန်ပြူတာကို မဖြုတ်ပါနဲ့။



scanning


(၇) ကိုယ်လိုချင်တဲ့ဖိုင်ကို ပြန်ယူပါ

စကင်လုပ်တာက နည်းနည်းတော့ကြာပါလိမ့်မယ်။ စကင်ပြီးသွားတဲ့အခါ၊ သင် delete လုပ်လိုက်မိတဲ့ဖိုင်တွေ ထဲက၊ ပြန်ရနိုင်တဲ့ဖိုင်တွေ ပေါ်လာပါလိမ့်မယ်။


ကိုယ်ပြန်လိုချင်တဲ့ဖိုင်တွေတွေ့ရင်၊ ဘေးနားက box လေးမှာအမှန်လိုက်ခြစ်ပေးပါ။ ပြီးရင် အောက်နားက ‘Recover’ ဆိုတာကိုနှိပ်ပြီး ဖျက်လိုက်မိတဲ့ဖိုင်တွေကို ပြန်ယူနိုင်ပါတယ်။ Contacts တွေကို ပြန်ယူတဲ့အခါ၊ CSV, vCard ဒါမှမဟုတ် HTML format နဲ့ save လုပ်ပေးဖို့လိုပြီး၊ မက်ဆေ့တွေဆိုရင် CSV (သို့) HTML format နဲ့ save လုပ်ပေးပါ။
preview-the-data



Credit to :  Digital Times
 
 
 
 

No comments:

Post a Comment