သင်ဟာ Facebook Chat မှာ သူငယ်ချင်းများနဲ့ ဓါတ်ပုံများကို မျှဝေသူတစ်ယောက်ဆိုရင် ဓါတ်ပုံအားလုံးကို ပြန်လည်ရှာဖွေဖို့အတွက် Chat History ထဲသွားပြီး တစ်ခုချင်းစီကို လိုက်ရှာရတာ အလုပ်ရှုပ်ပြီး အချိန်ကုန်ပါတယ်။ အဲဒီအစား သင်နဲ့ သင့်သူငယ်ချင်းတစ်ယောက် မျှဝေထားတဲ့ ဓါတ်ပုံအားလုံးကို လျှင်မြန်စွာနဲ့ တစ်စုတစ်စည်းထဲ မြင်တွေ့ချင်ရင် ဒီနည်းလမ်းကို Facebook က ပံ့ပိုးပေးထားပါတယ်။
Desktop
သင့်ရဲ့ Facebook အကောင့်ထဲသို့ Log In ၀င်ပါ။ ဘယ်ဘက် Sidebar မှ Messages ကို နှိပ်ပြီး နောက်အဆင့်မှာ သင့်ရဲ့ သူငယ်ချင်းကို ရွေးချယ်ပါ။
1
အပေါ်ထိပ်မှ Actions Button ကို နှိပ်ပြီး View Photos in Thread ကို နှိပ်ပါ။ ဒါဆိုရင် သင်နဲ့ သင့်သူငယ်ချင်းနှစ်ယောက် အပြန်အလှန်မျှဝေထားကြတဲ့ ဓါတ်ပုံအားလုံးကို တစ်စုတစ်စည်းထဲ ပြသပေးမှာ ဖြစ်ပါတယ်။ နှစ်သက်ရာ ဓါတ်ပုံကို တစ်ချက်နှိပ်ပါ။ Right-Click ကို နှိပ်ပြီး Save လုပ်နိုင်ပါတယ်။
2
Mobile
မိုဘိုင်းဖုန်းများမှာတော့ ဒီလိုပြုလုပ်နိုင်ဖို့အတွက် Facebook Messenger App ကို ဒေါင်းလုပ် ရယူပါ။ Messenger ကို မိုဘိုင်းပလက်ဖောင်းများစွာအတွက် အခမဲ့ ရရှိနိုင်ပါတယ်။ အောက်ဖော်ပြပါ Screenshot များကတော့ Android Phone ကနေ ရိုက်ယူထားတာဖြစ်ပေမယ့် iOS Version မှာလည်း ဒီနည်းအတိုင်းပဲ ပြုလုပ်နိုင်ပါတယ်။ ဖျက်လိုက်တဲ့ Threads or Conversations ထဲမှ ဓါတ်ပုံများကိုတော့ ပြန်လည်ရှာဖွေလို့မရဘဲ Active ဖြစ်နေတဲ့ Comversations များထဲမှ ဓါတ်ပုံများကို ရှာဖွေ သိမ်းဆည်းနိုင်ပါတယ်။
သင့်ရဲ့ ဖုန်းမှ Facebook Messenger ကို ဖွင့်ပါ။ Recent Conversation ကဏ္ဍကို သွားပြီး ဓါတ်ပုံများ ရှာဖွေချင်တဲ့ Conversation တစ်ခုကို ရွေးပါ။
3
Conversation View မှာ အပေါ်ထိပ်မှ Menu Icon ကို နှိပ်ပြီး See Shared Photos ကို ရွေးပေးပါ။ Menu Icon ကို မတွေ့ရင် ဖုန်းရဲ့ Menu Button ကို နှိပ်နိုင်ပါတယ်။
4
iPhone မှာတော့ i Icon ရဲ့ အောက်မှ Photos ကဏ္ဍကို သွားပါ။
5
ဒါဆိုရင် အဲဒီ Conversation ထဲမှာ သင်နဲ့ သင့်သူငယ်ချင်း နှစ်ယောက် မျှဝေထားတဲ့ ဓါတ်ပုံအားလုံးကို တစ်စုတစ်စည်းထဲ တွေ့မြင်နိုင်ပါပြီ။ နှစ်သက်ရာ ဓါတ်ပုံကို တစ်ချက်နှိပ်ပါ။ Menu ပေါ်လာပြီး Save လုပ်နိုင်ပါတယ်။
6