Friday, March 25, 2016

Android 6.0 ၏ App Permissions အား အသုံးပြုခြင်း


Android ဖုန်းတွေမှာ အသစ်ထပ်မံ ထည့်သွင်းအသုံးပြုတဲ့ App တွေကို iOS ပုံစံလိုမျိုး 
Permission တွေ  ပြုလုပ်အသုံးပြု နိုင်အောင် Android 6.0 Marshmallow မှာ
 Google ကနေ ဖန်တီးပေးလိုက်ပြီ ဖြစ်ပါတယ်။ 
ကိုယ်တိုင်ပဲ App တွေရဲ့ လုပ်ဆောင်နိုင်မှုကို ကန့်သတ်နိုင်အောင် ထည့်သွင်းပေး 
ထားတာဖြစ်ပြီး ဖုန်းကို root ဖောက်ထားစရာ မလိုဘဲအသုံးပြု နိုင်မှာဖြစ်သလို 
Custom ROM သီးသန့်ထည့်သွင်း အသုံးပြုရမှာလည်း မဟုတ်ပါဘူး။


အမှန်တကယ် ကန့်သတ်ထားဖို့ လိုအပ်တဲ့ App တွေကို Android 6.0 မှာ Permission တွေထားရှိ အသုံးပြုနိုင်ဖို့ ဖန်တီးထားတာ ဖြစ်ပြီး မိမိအနေနဲ့ App အသစ်တစ်ခုကို Install လုပ်ချိန်မှာလည်း မည်သည့် လုပ်ဆောင်ချက်မျိုးကို ကန့်သတ်ထားမလဲ ဆိုတာကို ကိုယ်တိုင်ရွေးချယ် ပေးနိုင်မှာ ဖြစ်ပါတယ်။ Android OS Version အဟောင်းမှာတော့ အခုလိုမျိုး Permission ဆိုင်ရာ မေးခွန်းတွေ ဖုန်းကနေမေးမှာ မဟုတ်ပါဘူး။
ထည့်သွင်းထားပြီးသား Apps တွေကို စိတ်ကြိုက်ကန့်သတ်မှု Permission တွေထားရှိ
 အသုံးပြုဖို့အတွက် ဖုန်းမှာ Settings ကိုရှာပြီး ဖွင့်လိုက်ပါ။
Settings ထဲက Apps ဆိုတာကို နှိပ်ပါ။
Settings ထဲက Apps ကို နှိပ်လိုက်မယ် ဆိုရင်တော့ ဖုန်းထဲကို 
Install လုပ်ထားတဲ့ Apps တွေကို တွေ့ရမှာ ဖြစ်ပါတယ်။
App တစ်ခုကို ရွေးချယ်လိုက် မယ်ဆိုရင်တော့ သူနဲ့ဆိုင်ရာ အချက်အလက် Info တွေကို ဖော်ပြပေးမှာဖြစ်ပြီး အဲဒီထဲမှာမှ Permissions ဆိုတာကို တွေ့ရမှာပါ။
Permissions ဆိုတာကို နှိပ်လိုက်မယ်ဆိုရင်တော့ App Permissions ဆိုတာ ပေါ်လာမှာဖြစ်ပြီး App တွေအတွက် ထားရှိနိုင်တဲ့ Permission တွေကို တွေ့ရမှာပါ။ ဥပမာ- Camera, Contacts, Location, Microphone, Phone, SMS, Storage စတာမျိုးတွေကို App ရဲ့ အောက်ဖက်နားမှာ တွေ့ရှိရမှာ ဖြစ်ပါတယ်။ အောက်ကပုံမှာတော့ Contacts, Phone, Storage ဆိုတာကို တွေ့ရမှာပါ။
ယခင် Android Version အဟောင်းတွေအတွက် ထုတ်ထားတဲ့ App တွေဆိုရင်တော့ Permission ဆိုင်ရာတွေကို ဖုန်းကနေမေးမှာ မဟုတ်ပါဘူး။ App version အဟောင်း ထည့်သွင်းတိုင်း ဖုန်းကနေ version ဟောင်း ဖြစ်တယ်ဆိုတာမျိုးကို သတိပေးချက် ပုံစံမျိုး အသိပေးမှာ ဖြစ်ပါတယ်။ 
အဲလိုမျိုး Version ဟောင်း App တွေ အတွက်ကတော့ Android 6.0 မှာ 
Permission တွေ ကန့်သတ်အသုံးပြုနိုင်မှာ မဟုတ်ပါဘူး။
မိမိကန့်သတ် ထားချင်တဲ့ စနစ်အတွက် Permission ကို အလွယ်တကူပဲ ဘေးနားက 
အစိမ်းရောင် button တွေကို အဖွင့်အပိတ်လုပ်ပြီး ကန့်သတ်ထားနိုင်မှာပဲ ဖြစ်ပါတယ်။
App တွေကို Permission တွေ ကန့်သတ်ထားပြီး အသုံးပြုမှုမှာ သတိပြုရမှာကတော့ ပုံမှန်အားဖြင့် ဓာတ်ပုံရိုက်တဲ့ စနစ်မှာ ပါဝင်တဲ့ App ရဲ့ ကင်မရာစနစ်ကို ကန့်သတ်လိုက်မယ်ဆိုရင်တော့ ကန့်သတ်ခံလိုက်ရတဲ့ App ကနေ ကင်မရာ စနစ်ထဲဝင်ပြီး ဓာတ်ပုံရိုက်ကူး နိုင်တော့မှာ မဟုတ်ပါဘူး။ 
အဲဒီအတွက်လည်း ကင်မရာစနစ် ကန့်သတ်ထားတယ် ဆိုတာကိုလည်း ဖုန်းကနေ အချက်ပေးတဲ့ မက်ဆေ့ခ်ျကိုလည်း လက်ခံရရှိမှာ မဟုတ်ပါဘူး။ အဲဒီလိုမျိုး ဖြစ်ရင်တော့ App ရဲ့ Permission စနစ်ထဲကိုဝင်ပြီး  မိမိအနေနဲ့ Permission ကန့်သတ်မှုကို မှားယွင်းပြီး လုပ်ထားခြင်းရှိမရှိ စစ်ဆေးသင့်ပါတယ်။ တကယ်လို့ မှားယွင်းကန့်သတ် ထားမိတယ်ဆိုရင်တော့ ကန့်သတ်ထားတဲ့ Permission တွေကို ပြန်ပြင်လိုက်ရုံနဲ့ နဂိုအတိုင်း ပြန်လည်အသုံး ပြုနိုင်မှာ ဖြစ်ပါတယ်။
Credit: ကိုသက်
internet Journal

ဇူးနစ်(နည်းပညာ) 

No comments:

Post a Comment