Thursday, March 24, 2016

Lenovo Phab Plus PB1-770M Tab အတွက် ဗားရှင်း Android 5.0.1 Root လုပ်နည်း


Lenovo Phab Plus PB1-770M Tab အတွက်
ဗားရှင်း Android 5.0.1 Root လုပ်နည်းကို တင်ပေးလိုက်ပါတယ်။

ဒီ Tab ကို Root လုပ်မယ်ဆိုရင်တော့ မိမိ Device တွင် အရင်ဦးဆုံး
Custom Recovery တစ်ခုထည့်သွင်းထားပြီးသားတော့ ဖြစ်နေရပါမယ်။

တကယ်လို့ Custom Recovery ထည့်သွင်းထားပြီးသားဆိုရင်တော့
SuperSu.zip ဖိုင်ဖြင့် Recovery Mode ကနေအလွယ်တကူ Flash ပေးပြီး
Root ဖောက်ယူနိုင်မှာပဲဖြစ်ပါတယ်၊ အောက်မှာ လေ့လာကြည့်လိုက်ပါ။


လိုအပ်ချက်များ
=========
ဖေါ်ပြပါ Root လုပ်နည်းသည် Lenovo Phab Plus PB1-770M အတွက်
သီးသန့်ဖြစ်ပြီး ဖုန်း Version Android 5.0.1 ကိုသာ Root လုပ်ထားခြင်းဖြစ်ပါတယ်။

တကယ်လို့ မိမိဖုန်းရဲ့ Model number ကို Check ပြလုပ်ချင်တယ်ဆိုရင်တော့
Menu > Settings > About Device > ကိုနှိပ်လိုက်ရင် တွေ့ရှိနိုင်ပါတယ်။

ကြိုတင်ပြင်ဆင်ရမယ့်အချက်များ
====================
ဖေါ်ပြပါ Root လုပ်နည်းသည် ဖုန်းရဲ့ warranty ကိုထိခိုက်တာမျိုးဖြစ်တာပါတယ်။

တကယ်လို့ မိမိဖုန်းရဲ့ Stock Rom ကိုပြန်တင်ယူမယ်ဆိုရင်တော့
ဖုန်းရဲ့ warranty ကပြန်လည် အလုပ်လုပ်နိုင်မှာပဲဖြစ်ပါတယ်။

ဖုန်းမှာ USB Debugging Mode ကို Enable ပြုလုပ်ထားရမှာပါ အဲဒီအတွက်
Menu > Settings > About Device ဆိုပြီးတစ်ချက်ချင်း နှိပ်သွားလိုက်ပါပြီး
 Build Number ကို ခုနှစ်ချက်လောက် ထောက်လိုက်ပါ ပေါ်လာတဲ့
Developer Option မှ OEM & USB Debugging Mode ကို Enable ပြုလုပ်ပါ။



Lenovo Phab Plus PB1-770M Tab ကို TWRP Recovery ထည့်သွင်းနည်း



Download BETA-SuperSU-v2.68-20160228150503.zip



SuperSU-update.zip ဖြင့် Root ပြုလုပ်နည်း
===========================
၁။ ဖုန်းမှာ OEM & USB Debugging mode ကိုဖွင့်ထားပါ။

၂။ SuperSU-update.zip ဖိုင်အား SD card ထဲသို့ ထည့်ပါ။

၃။ ဖုန်းကို Recovery mode ၀င်လိုက်ပါ။

၎။ install zip from sd card ကိုတစ်ဆင့်ချက်နှိပ်သွားလိုက်ပါ။

၅။ SuperSU-update.zip အား install လုပ်ပြီး Reboot ချပေးလိုက်ပါ။

၆။ ပါဝါပွင့်ပြီးပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ Root Access ရရှိနေပါပြီ။

၇။ RootChecker ဖြင့်စမ်းသပ်ကြည့်လိုက်ပါ။


အဆင်ပြေပါစေ


ဇူးနစ်(နည်းပညာ) 


www.zunite.org
 
 
 

No comments:

Post a Comment