
iOS 9 အသုံးပြုထားတဲ့ iPhone, iPad device တွေပေါ်မှာ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကို တစ်ပါးသူတွေ မသိနိုင်၊ မမြင်နိုင်အောင် ဝှက်ထားနိုင်ပါတယ်။ ဒီလိုဝှက်ထားနိုင်ဖို့အတွက် အောက်ဖော်ပြပါ နည်းလမ်းအတိုင်း ပြုလုပ်နိုင်မှာဖြစ်ပါတယ်။
ပထမဆုံး iPhone သို့မဟုတ် iPad မှာရှိတဲ့ Photos app ကို ဖွင့်လိုက်ပါ။

Photo apps ကို ဖွင့်ပြီးပြီဆိုရင် ကိုယ်ဝှက်ထားချင်တဲ့ ဓာတ်ပုံတွေ၊
ဗီဒီယိုတွေကို Select မှတ်ရပါမယ်။

နောက်တစ်ဆင့်ကတော့ Select မှတ်ပြီးသွားရင် Share button ကို နှိပ်ရမှာပါမယ်။

Share button ကို နှိပ်ပြီးပြီဆိုရင် အောက်ခြေနားမှာရှိတဲ့ Menu option နေရာမှာ
Hide ဆိုတဲ့ Button ကို တွေ့မြင်ရပါလိမ့်မယ်။ ၎င်း button ကို နှိပ်လိုက်ပါ။

အဆိုပါ button ကို နှိပ်လိုက်ရင် pop-up တစ်ခု တက်လာမှာဖြစ်ပြီး ကိုယ်ဝှက်မယ့် ဓာတ်ပုံ အရေအတွက်ကို ဖော်ပြပေးထားတာ တွေ့မြင်ရမှာဖြစ်ပါတယ်။ ၎င်း Hide photos ဆိုတဲ့ button ကို နှိပ်လိုက်ရင် ဓာတ်ပုံတွေကို Moments ရဲ့အောက်မှာ မပေါ်အောင် ဝှက်ပေးထားပါလိမ့်မယ်။

အကယ်၍ အဆိုပါပုံတွေကို ပြန်လည် အသုံးပြုချင်တယ်ဆိုရင် Photos app ရဲ့
အောက်ခြေနားမှာရှိတဲ့ Albums ဆိုတာကို ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။
ပြီးသွားရင် Hidden ဆိုတဲ့ Folder ကို ရွေးချယ်ပေးပြီး
Unhide ပြုလုပ်ချင်တဲ့ပုံတွေကို Select ပြုလုပ်ပါ။
Share button ကို နှိပ်ပြီး Menu Option နေရာမှာရှိတဲ့ Unhide ဆိုတာကို နှိပ်လိုက်ရင်
Hide ပြုလုပ်ထားတဲ့ ဖိုင်တွေကို moments အောက်မှာတွေ့ရမှာဖြစ်ပါတယ်။

Ref: igeeksblog
Credit: သီဟ
Internet Journal
No comments:
Post a Comment