Wednesday, March 16, 2016

Huawei P8 Lite ALE-L21 ဖုန်းအတွက် ဗားရှင်း Android 6.0 Root လုပ်နည်း


Huawei P8 Lite ALE-L21 ဖုန်းအတွက် ဗားရှင်း Android 6.0 Root လုပ်နည်းကို
P8 ချစ်ပရိသတ်များအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။
ဒီဖုန်းကို Root လုပ်မယ်ဆိုရင်တော့ မိမိဖုန်းမှာ Bootloader Unlock &
 Custom Recovery များထည့်သွင်းထားပြီးသားတော့ ဖြစ်နေရပါမယ်၊ 

အဆိုပါ Bootloader Unlock & Custom Recovery များထည့်သွင်းထားပြီးသား 
ဆိုရင်တော့ ဒီဖုန်းအတွက် ဗားရှင်း Android 6.0 ကို SuperSu.zip ဖိုင်ဖြင့်
 Recovery Mode ကနေ အလွယ်တကူ Root လုပ်ယူနိုင်မှာပဲဖြစ်ပါတယ်။
အထူးပြောကြားလိုတာက ဒီဖုန်းကို Root လုပ်မယ်ဆိုရင်တော့
လိုအပ်ချက်များကို အသေချာဖတ်ပြီးမှ ပြုလုပ်ပါရန်
လိုအပ်ချက်များ
==========
၁။ မိမိဖုန်းမှာ ဗားရှင်း Android 6.0 ဖြစ်နေရပါမယ်။

၂။ မိမိဖုန်းမှာ Bootloader Unlock ပြုလုပ်ထားရပါမယ်

၃။ ဖုန်းမှာ Custom Recovery ထည့်သွင်းထားပြီးသားဖြစ်နေရပါမယ်
SuperSU-update.zip ဖြင့် Root ပြုလုပ်နည်း
===========================
၁။ ဖုန်းမှာ USB Debugging mode ကိုဖွင့်ထားပါ။
၂။ SuperSU-update.zip ဖိုင်အား SD card ထဲသို့ ထည့်ပါ။
၃။ ဖုန်းကို Recovery mode ၀င်လိုက်ပါ။ 
၎။ install zip from sd card ကိုတစ်ဆင့်ချက်နှိပ်သွားလိုက်ပါ။
၅။ SuperSU-update.zip အား install လုပ်ပြီး Reboot ချပေးလိုက်ပါ။
၆။ ပါဝါပွင့်ပြီးပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ Root Access ရရှိနေပါပြီ။
၇။ RootChecker ဖြင့်စမ်းသပ်ကြည့်လိုက်ပါ။
အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ) 

1 comment:

  1. If you wanna Clash of Clans advantage for your clan go to http://maxclashgems.com - you get free Clash of Clans gems instantly! I just tried that with all my clan! (wi2yE1tftm)

    ReplyDelete