ထည့်ပုံထည့်နည်းကတော့ လွယ်ကူပါတယ် သာမန်ဖုန်းဆော့ဖ်ဝဲတခုခုထည့်သွင်းတာနဲ့ အတူတူပါပဲ
Samsung ဖုန်းတွေအတွက်တော့ပြသနာမရှိပါဘူး တခြား Root Access မရသေးတဲ့ဖုန်းတွေဆိုရင် မဖြစ်မနေ Root ဖောက်ပေးရမှာဖြစ်ပါတယ်။
အခု Micro_font_for_Samsung only နဲ့
Micro _font_Installer_tool ဆိုပြီး နှစ်ခုထည့်ပေးထားပါတယ်။
Micro_font_for_Samsung only ကျတော့ Root access မလိုပဲ Samsung ဖုန်းထဲ installလုပ်ပေးရုံနဲ့ အသုံးပြုလို့ရပါတယ်။
Micro _font_Installer_tool ကျတော့အထက်က ပြောတဲ့အတိုင်းပါပဲ မိမိထည့်သွင်းလိုတဲ့ဖုန်းကို အရင် Root Access ရထားဖို့လိုအပ်ပါတယ်။
ကဲ..ဒီလောက်ဆိုရင် နားလည်သဘောပေါက်လောက်ပြီလို့ ထင်ပါတယ်။
ဒါဆိုရင် နည်းစနစ်လေးစကြရအောင်ဗျာ….။
ဒါဆိုရင် နည်းစနစ်လေးစကြရအောင်ဗျာ….။
ပထမဦးဆုံး လိုအပ်တာလေးဒေါင်းယူလိုက်ပါနော်။
ပြီးရင် ဖုန်းထဲထည့်ပြီး Install လုပ်လိုက်ရုံပဲ၊ အောက်ပါလုပ်ပြထားတဲ့ပုံပါအတိုင်းကြည့်လုပ်လိုက်ပါ။
ဒါကတော့ Micro _font_Installer_tool ကိုအသုံးပြုပြီး ထည့်သွင်းအသုံးပြုတဲ့ပုံပါ။
Micro _font_Installer_tool ကိုinstall လုပ်ပြီးရင် ၄င်း Tool ကိုဖွင့်ပြီး Root ရှိ-မရှိစစ်ဆေးပါ ဆိုတာကိုနှိပ်ပြီး မိမိဖုန်း Root access ရမရစစ်ဆေးရပါမယ်။ မဖောက်ရသေးရင် နီးစပ်ရာဖောက်လိုက်ပါ။ ပြီးရင် Root Permission Request ဆိုတာပေါ်လာရင် အနီရောင်နဲ့ဝိုင်းထားတဲ့ အမှန်ခြစ် Don’t ask again ဆိုတာကိုအမှတ်ခြစ်လိုက်ပါ ၊ ပြီးရင် Authorize နှိပ်ပြီးဆက်သွားပါမယ်။ Huawei နှင့်အခြား ၊
Sony ဖုန်းများအတွက်၊ Original
Restore ဆိုပြီး ပေါ်လာရင် မိမိဖုန်းနဲ့သက်ဆိုင်တဲ့ ခလုပ်တခုခုကို နှိပ်ပေးလိုက်ရုံပဲ။
ပြီးရင် Complete! လို့ပေါ်လာရင် ok ပဲနှိပ်ပေးလိုက်ပါ ဖုန်းကို Restart ကျပြီး ပြန်လာပါမယ်၊
ခေတ္တစောင့်နေပါ။ ပြန်ဖွင့်လာရင် ကရင်စာပေါ်မပေါ် သက်ဆိုင်တဲ့ဆော့ဝဲတခုခုဖွင့်ပြီး စစ်ဆေးလိုက်ပါ။
ပြီးရင် Complete! လို့ပေါ်လာရင် ok ပဲနှိပ်ပေးလိုက်ပါ ဖုန်းကို Restart ကျပြီး ပြန်လာပါမယ်၊
ခေတ္တစောင့်နေပါ။ ပြန်ဖွင့်လာရင် ကရင်စာပေါ်မပေါ် သက်ဆိုင်တဲ့ဆော့ဝဲတခုခုဖွင့်ပြီး စစ်ဆေးလိုက်ပါ။
၂။ ဒီ Micro_font_for_Samsung only ကျတော့ အောက်ပါပုံအတိုင်း ကြည့်လုပ်သွားရင်
အဆင်ပြေပါပြီ။ ဒါက Samsung ဖုန်းများအတွက် ရည်ရွယ်လုပ်ပေးထားပါတယ်။
Micro_font_for_Samsung only.apk လဲ install လုပ်ပြီးပြီ ဆိုတော့ ဖောင့်ပြောင်းဖို့ပဲလိုတော့တယ်။
ကဲဒါဆိုရင် ဖုန်း Setting ထဲဝင်လိုက် ပြီးရင် Display ဆက်သွား Font style တွေ့ရင် နှိပ်လိုက်ပါ ပြီးရင် Micro font ဆိုတာလေးကို အမှတ်ခြစ်ပေးပြီး yes ပေးလိုက်ရုံပဲ ဒီလောက်ဆိုရင် Samsung ဖုန်းပိုင်ရှင်များအတွက် လုံလောက်ပြီလို့ထင်ပါတယ်။
၃။ နောက်ဆုံးအနေနဲ့ ကီးဘုတ်ထည့်ဖို့ပဲကျန်တော့တယ် Micro_keyboard.apk ကိုအရင် install လုပ်ထားရပါမယ်၊ မလုပ်ရသေးရင် လုပ်လိုက်ပါနော်။ ကဲ..အောက်ပါပုံအတိုင်းကြည့်လုပ်ရုံပါ
လွယ်ပါတယ်။
ထည့်ပုံထည့်နည်းက….
Setting>Language and input>Microkeyboard ကိုအမှန်ခြစ် ပြီးရင် ကီးဘုတ်ကိုအသုံးပြုဖို့ Default ဆိုတာကိုနှိပ်
နောက်ပေါ်လာတဲ့ Select input method ဘောက်စ်မှာ Micro Keyboard ကိုရွေးပြီးအမှန်ခြစ်လိုက်ရင် ရပါပြီ။
နောက်ပေါ်လာတဲ့ Select input method ဘောက်စ်မှာ Micro Keyboard ကိုရွေးပြီးအမှန်ခြစ်လိုက်ရင် ရပါပြီ။
ကဲ…အဆင်ပြေမပြေ ဖုန်းမှာပါတဲ့ note ဆော့ဖ်ဝဲပဲဖြစ်ဖြစ် Message ပဲဖြစ်ဖြစ်ဖွင့်ပြီး ရိုက်သုံးကြည့်လိုက်ပါ၊ အဆင်ပြေရင် အောက်ပါပုံအတိုင်းမြင်တွေ့ရမှာဖြစ်ပါတယ်။
ကဲ….ဒီလောက်ဆိုရင် how to install Karen Font & keyboard on android phone နှင့်ပတ်သက်ပြီး အဆင်ပြေလောက်ပြီလို့မျှော်လင့်ပါတယ်။
အားလုံးပဲအဆင်ပြေနိုင်ကြပါစေ….လို့
စောမိုက်ခရိုမြော
No comments:
Post a Comment