Wednesday, March 2, 2016

♪ Android ဖုန်းတွေမှာ ရုပ်ရှင်တွေကို ဘယ်လိုဒေါင်းကြမလဲ ♫


ရုပ်ရှင်ချစ်ပရိတ်သတ်တွေအတွက် ဒီတစ်ခေါက်မှာတော့ TTorrent Lite Software ကိုအသုံးပြုပြီး မိုဘိုင်းလ်ဖုန်းတွေမှာ ဇာတ်ကားတွေဒေါင်းတဲ့နည်းကို တင်ပြပေးသွားမှာ ဖြစ်ပါတယ်။ တချို့ရုပ်ရှင်ကားတွေကို YouTube မှာတင်ထားတာရှိပေမယ့် မူပိုင်ခွင့်ပြဿနာကြောင့် တော်တော်များများကတော့ မရှိတာများပါတယ်။ YouTube ဟာ ဗီဒီယိုအသေးစားတွေနဲ့ ရုပ်ရှင် Trailer တွေကိုသာ ရရှိနိုင်တာဖြစ်ပါတယ်။
ဒါကြောင့်ရုပ်ရှင်ကားတွေကို YouTube ကနေမရနိုင်ဘူးဆိုရင် အရည်အသွေးကောင်းတဲ့ ရုပ်ရှင်ကားတွေ ဒေါင်းလုဒ်ဆွဲနိုင်ဖို့ Torrent သာရှိတာဖြစ်ပါတယ်။ TTorrent မှာ TTorrent Pro နဲ့ TTorrent Lite ဆိုပြီး App တွေရှိပါတယ်။ TTorrent Pro ကနေ ဇာတ်ကားတွေဒေါင်းမယ်ဆိုရင် သင့်အနေနဲ့ ဇာတ်ကားတွေကို ဝယ်ပြီးမှ ဒေါင်းလုဒ်ဆွဲနိုင်တာဖြစ်ပြီး၊ TTorrent Lite ကတော့ အခကြေးငွေ တစ်စုံတစ်ရာ ပေးစရာမလိုပဲ အခမဲ့ ဒေါင်းလုဒ်ဆွဲနိုင်ပါတယ်။ ဒါကြောင့် ယခုဆောင်းပါးမှာ သင့်အနေနဲ့ TTorrent Lite App ကိုအသုံးပြုပြီး ရုပ်ရှင်ဇာတ်ကားတွေ ဒေါင်းလုဒ်ဆွဲပုံကို ပြောပြပေးမှာ ဖြစ်ပါတယ်။ အဆင့်တွေကအရှုပ်အထွေးမရှိတာကြောင့်သင့်အနေနဲ့ အလွယ်တကူပြုလုပ်နိုင်မှာပါ။ အောက်မှာကြည့်ကြရအောင်..။
၁) အရင်ဆုံး သင့်အနေနဲ့ TTorrent Lite ကို Google Play Store က Search Bar မှာ TTorrent Lite လို့ ရိုက်ရှာပြီး ဒေါင်းလုဒ်ဆွဲရမှာဖြစ်ပါတယ်။ TTorrent Lite ရဲ့ Logo နဲ့ Play Store မှာ မြင်ရမယ့်ပုံစံကို ပုံမှာ ပြထားပါတယ်။
TTorrent Screenshots1
၂) နောက်တစ်ဆင့်မှာတော့ သင် App ကို Install ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Install လုပ်ပြီးတဲ့အခါမှာ App ထဲဝင်လိုက်ရင် သင့်အနေနဲ့ သူ့ရဲ့သတိပေးတာတွေ၊ App အကြောင်းတွေကိုဖတ်ရမှာပါ။ Cancle လုပ်လိုက်ရင်ရပါတယ်။ Net Work Usage ကို မေးရင် Any Connection ကိုရွေးလိုက်ပါ။
TTorrent Screenshots3TTorrent Screenshots4
၃) ပြီးတာနဲ့ သင်ဟာ TTorrent App ထဲကိုရောက်သွားပါပြီ အထဲမှာတော့ သင့်အနေနဲ့ အပေါ်ဘက်လေးတွေမှာ App ရဲ့ ကီးတွေကိုတွေ့ရမှာပါ။ ဘယ်ဘက်အပေါ်ထောင့်ဆုံးက ‘All’ ဆိုတာကတော့ သင့်ဒေါင်းထားတဲ့ရုပ်ရှင်တွေ၊ ဒေါင်းနေဆဲရုပ်ရှင်တွေ၊ ရပ်ထားတာတွေကိုပြထားတာပါ။ ပြန်ရှာဖွေလို့ရအောင်ထည့်ထားတာပါ။ ညာဘက်ထောင့်ဆုံးက အစက်သုံးစက်နဲ့ ခလုပ်ကတော့အရေးမကြီးပါဘူး။ မျှားလေးအပေါ်ထောင်နေတဲ့ ကီးလေးကတော့ သင့်ဒေါင်းထားတဲ့ရုပ်ရှင်တွေကို ဘယ်လိုအော်ဒါစီမလဲဆိုတာပါပဲ။ ဒါလည်း ဒီလောက်အရေးမကြီးပါဘူး။
TTorrent Screenshots5
၎) အလယ်ဆုံးက မှန်ဘီလူးပုံစံကီးလေးကတော့ သင်ရှာပြီးဒေါင်းချင်တဲ့ ကားတွေကိုရှာဖွေရမယ့်နေရာပါ။ အထဲဝင်ကြည့်လိုက်ပါ။ အထဲဝင်လိုက်ရင် သင့်အနေနဲ့ ဒီစာကိုတွေ့ရမှာပါ။
TTorrent Screenshots6
ဆိုလိုတာကတော့ သင့်အနေနဲ့ ရုပ်ရှင်ကားတွေကိုဒေါင်းလုဒ်ရယူဖို့ Search Engine လိုအပ်တယ်လို့ ပြောတာပါ။ Install ကိုနှိပ်လိုက်ပါ။ KB ပမာဏပဲရှိတဲ့ App တစ်ခုကို Auto ဒေါင်းလုဒ်လုပ်နေပါလိမ့်မယ်။
TTorrent Screenshots7TTorrent Screenshots8
Torrent Search ဆိုတဲ့ App လေး Install လုပ်ဖို့မေးလာရင် Install လုပ်ပြီး အထဲဝင်လိုက်ပါ။ အထဲမှာ သင့်အနေနဲ့ သူရုပ်ရှင်ကားတွေကို Search လုပ်ပြီးဒေါင်းမယ့် နေရာဆယ်ခုကို ပြပေးပါလိမ့်မယ်။ ဆယ်ခုလုံးကို အမှန်ခြစ်ထားတာလည်း ဖြစ်ပါတယ်။
TTorrent Screenshots9TTorrent Screenshots10
ကျွန်တော်ကတော့ အဲ့လောက်မလိုအပ်လို့ KickAssTorrent နဲ့ The Pirate Bay (proxied) ကလွဲလို့ကျန်တဲ့ အမှန်ခြစ်တွေအကုန်ဖြုတ်ပစ်ခဲ့ပါတယ်။ အဲ့ဒီနှစ်ခုကတော့ တကယ်သုံးလို့ အဆင်ပြေပါတယ်။ အဲ့ဒါဆိုရင်တော့ Search Engine ပိုင်းပြီးသွားပါပြီ။
၅) Torrent Search ထဲက ပြန်ထွက်ပြီး TTorrent ထဲကိုပြန်ဝင်လိုက်ပါ။ ပြီးရင် သင်လိုချင်တဲ့ ဇာတ်ကားနာမည်ကို မှန်ဘီလူးပုံစံ Search ထဲမှာ ဝင်ရှာရမှာပါ။ ဥပမာအနေနဲ့ ကျွန်တော်ကတော့ James Bond ရဲ့ Spectre ဇာတ်ကားကိုရှာပြထားပါတယ်။
TTorrent Screenshots11
ရှာလိုက်ရင်ပုံအတိုင်း ဇာတ်ကားစာရင်းတွေကျလာမှာပါ။ အဲ့ဒီအထဲက သင်အဆင်ပြေနိုင်ပြီး File Size လည်းသင့်တင့်တဲ့ တစ်ခုကိုရွေးချယ်ရမှာပါ။ ကျွန်တော်ကတော့ စာရင်းထဲက ဒုတိယမြောက်တစ်ခုကို ရွေးချယ်ပေးလိုက်ပါတယ်။
TTorrent Screenshots12
အဲ့ဒီအခါမှာ Add Torrent ဆိုပြီး သင့်အနေနဲ့ ဇာတ်ကားကိုဒေါင်းဖို့ အတည်ပြုပေးရမှာပါ။ ဒေါင်းလုဒ် ခလုပ်ကိုနှိပ်လိုက်ပါ။
TTorrent Screenshots13
အဲ့ဒါဆိုရင် ဇာတ်ကားကိုစဒေါင်းနေပါပြီ။ သင်ပြန်ထွက်လိုက်မယ်ဆိုရင် အထက်ပါပုံအတိုင်း အပြင်ဘက်မှာ ဇာတ်ကားကိုဒေါင်းနေတဲ့ မီတာလေးတွေတက်နေတာ တွေ့ရမှာဖြစ်ပါတယ်။ အတန်းလေးပြည့်သွားရင် ရပါပြီ။ ပြီးသွားလို့ရှိရင် သင့်ဖုန်းထဲမှာ ရောက်နေမှာဖြစ်ပါတယ်။ Subtitle file အပါအဝင် တခြားအပို File တွေပါ ဒေါင်းတဲ့အထဲမှာပါဝင်လို့ Subtitle ကိုသီးသန့်ဒေါင်းလုဒ် လုပ်စရာမလိုပါဘူး။
သင့်အနေနဲ့ ဒီပုံစံနဲ့ သင်ကြည့်လိုတဲ့ ရုပ်ရှင်ဇာတ်ကားတွေကို ဒေါင်းလုဒ်ပြုလုပ်ပြီး ပျော်ပျော်ရွှင်ရွှင်ကြည့်ရှုနိုင်ပါပြီ။

Credit to ==> Digital Times





 






No comments:

Post a Comment