Friday, April 3, 2015

စမတ်ဖုန်းတွေမှာ Unfortunately, the process com, google.process.gapps hsas stopped ဆိုတာကို ဖြေရှင်းနည်း


မင်္ဂလာပါ
FB မှ ညီအကိုတစ်ယောက်တောင်းဆိုလာတဲ့
နည်းပညာလေးတစ်ခုပါ အားလုံးလည်း အဆင်ပြေသွားအောင်
ပိုစ့်တစ်ခုအဖြစ် တင်ပေးလိုက်ပါတယ်။

ဖုန်းမှာ တစ်ခုခုအနှိပ်မှားသွားတဲ့အခါ Memory ဆိုင်ရာ Internal Storage ဆိုင်ရာ
စသည်ဖြင့် နားမလည် ကလစ်တာများသွားတဲ့အခါမျိုးမှာ ဖြစ်တတ်တဲ့
ပြသနာကတော့ Unfortunately, the process com, 
google.process.gapps hsas stopped ဆိုတဲ့ စာတန်း ခနခန တက်လာပါ၊

မသိရင်တော့ စိတ်ကသိကအောက်ဖြစ်တယ်
ဘာဖြစ်တယ်မှန်းမသိပဲ ဖုန်းမှာ ခန ခန လာလာပေါ်နေတယ်
ဖုန်းကို Restart ကြို က်သလောက်ချ မရဘူး ပေါ်နေတုန်းပဲ
ဒီပြသနာလေးကိုရှင်းလိုက်ရအောင်ပါ

ပထမဆုံး Setting>Application Manager>All တစ်ခုချင်းစီ
နှိပ်သွားလိုက်ပါ အောက်ကပုံအတိုင်း All application သို့ရောက်တဲ့အခါ
 ဖုန်းမှ Back key ကိုနှိပ်လိုက်ပါ။

 အဲဒီမှာ Sort by size & Reset app preferences 
ဆိုပြီး စာတန်းနှစ်ကြောင်းပေါ်လာပါလိမ့်မယ် အဲဒီစာကြောင်းနှစ်ခုအနက်
 Reset app preferences ဆိုတာကို နှိပ်ပါ တစ်ခါတည်းနှိပ်လည်းရသလို
အားမရသေးရင်တော့သုံးလေးခါလောက် ဆက်တိုက်နှိပ်ပေးလိုက်ပါ
ပြီးရင် ဖုန်းကို Reboot ချပေးလိုက်ပါ ဖုန်းပြန်တက်လာတဲ့အခါ
 ဒုက္ခပေးနေတဲ့ အဲဒီစာတန်း ထပ်မပေါ်တော့ပါးခင်ဗျား အဆင်ပြေသွားပါပြီ။


အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
 www.zunite.org

FB ချစ်ပရိတ်သတ်ကြီးများခင်ဗျား ဇူးနစ်(နည်းပညာ) ဆိုက်မှာ ဖုန်းဆော့ဝဲ ဂိမ်းများ သတင်းစသော အသစ်ကလေးများကို အချိန်နဲ့တစ်ပြေးညီ တင်ပေးနေတာမို့ FB Page လေးကို  LIKE ပေးပြီး အားပေးနိုင်ပါတယ်။(အားလုံးကို ကျေးဇူးတင်ပါတယ်)

No comments:

Post a Comment