Monday, October 20, 2014

သူများတင်လိုက်တဲ့ viber profile photo ကိုရယူမယ်


Aung Ko Htet (MM IT Knowledge)

တစ်ချို့တွေလဲ သိပြီးတဲ့ သူတွေ ရှိကြသလို မသိသေးတဲ့ လူတွေလဲ ရှိမှာပါ။ မသိသေးတဲ့ သူတွေအတွက်ဆိုရင်တော့ အဆင်ပြေစေမှာပါ။ ကိုယ့်သူငယ်ချင်း viber အသုံးပြုနေသူတွေရဲ့  Profile photo တွေကို အရယူနိုင်တဲ့ နည်းလမ်းလေးပါ။ Viber က သူများတွေရဲ့  Profile ပုံကို လိုချင်တဲ့ သူတွေအတွက် အဆင်ပြေစေသလို မလိုချင်တဲ့ သူတွေအတွက် ပုံတွေ အရမ်းမတင်မိစေဖို့ သတိထားမိသွားတာပေါ့။

နည်းလမ်းကတော့ ရိုးရှင်းပါတယ်။  Viber ကို install လုပ်ထားတဲ့ Memory space ရဲ့ လမ်းကြောင်း (internal storage or external storage) ထဲသို့ File Manager မှတစ်ဆင့် ၀င်လိုက်ပါ။ ပြီးလျှင် Viber File ကို လိုက်ရှာပြီး အဲ့ဒီ file လေးထဲကို ၀င်လိုက်ပါ။ အဲ့ဒီနောက်မှာတော့ User Photo ဆိုတဲ့ File ကိုတွေ့ ရပါလိမ့်မယ်။ တစ်ချို့တွေလည်း တန်းပြီး တွေ့ကြသလို မတွေ့ တဲ့ သူဆိုရင် တော့ Media ဆိုတဲ့ File ကို အရင်တွေ့ပါလိမ့်မယ်။ အဲ့ဒီ file လေးထဲမှာ User photo ဆိုတဲ့ File လေး ရှိပါတယ်။

 အဲ့ဒီ File ကို ဖွင့်ကြည့်လိုက်ရင် ကိုယ့်သူငယ်ချင်းမိတ်ဆွေတွေရဲ့  ဟိုးပဝေနသီ အချိန်ကတည်းက တင်ထားတဲ့ Viber Profile Photo တွေကိုသာမကပဲ လက်ရှိ လောလော လတ်လတ်တင်ထားတဲ့ Profile Photo တွေကိုပါတွေ့ခွင့်ရှိနိုင်ပါတယ်။ အဲ့ဒီ ပုံတွေကို ဖုန်းနဲ့ဆိုရင် တော့ save လို့ မရပါဘူး။ ကွန်ပျူ တာနဲ့ ချိတ်ဆက်ပြီး သိမ်းဆည်းမယ်ဆိုရင်တော့ ရနိုင်ပါတယ်။

နောက်ထပ် ဘာမှ ထပ်ရှင်းပြစရာမလိုတော့တဲ့အတွက်ကြောင့် သူများပုံကို သိမ်းဆည်းချင်သူတွေအတွက် အဆင်ပြေစေနိုင်သလို မသိမ်းဆည်းချင်သူတွေအတွက် ကိုယ့်ပုံကို သူများလက်ထဲ အလွယ်တကူ မရောက်စေဖို့ အတွက် သတိထားနိုင်ကြပါစေ..

Aung Ko Htet (www.mmitknowledge.com)

No comments:

Post a Comment