မိမိတို့ရဲ့ Android ဖုန်းတွေမှာ
Pattern / Pin lock တွေမေ့သွားရင်ပဲဖြစ်ဖြစ် Google Accounts တွေတောင်းနေရင်ပဲဖြစ်ဖြစ်
ဘာမှစိတ်မပူပါနဲ့ 3 မိနစ် အတွင်းနဲ့ အပြီးဖြည်ပေးမည့ှ်Software
လေးကိုမျှဝေပေးလိုက်ပါတယ်ခင်ဗျာ။
ဒီ ဆော့ဝဲလ်လေးက BAT Group မှကို Zahtet Ni ရေးသားထားသော Software လေးဖြစ်ပါတယ်...။

လိုအပ်သောဆော့ဝဲလ်ကို အောက်မှာကလင့်မှ
ဒေါင်းလုပ်ဆွဲလိုက်ပါ ...ဒေါင်းလို့ရတဲ့
rar ဖိုင်လေးထဲမှ Remove Pattern Lock & AllAccount .exe ဖိုင်ကိုRunလိုက်ပါ ။ ဒီဆော့ဝဲလ်ကို အသုံးပြုဖို့အတွက်
မိမိတို့ဖုန်းဟာ Root ဖေါက်ပြီးသားဖြစ်ရပါမယ်။

ပြီးရင်တော့ USB debugging နဲ့ Unknown sources
ကိုအမှန်ခြစ်ပြီး ဖုန်းကို ကွန်ပျူတာနဲ့
ချိတ်လိုက်ပါ။ ဖုန်း Drvier ကိုကွန်ပျူတာကသိပါစေ။
အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင်တော့ Pattern Lock ကို ကလစ်တချက်နှိပ်လိုက်ပါ
သူ့ဘာ့သူ အလုပ်လုပ်ပြီး Pattern Lock ကို ဖြည်သွားပါလိမ့်မယ်။ ပြီးသွားရင်တော့ ဖုန်းက Reboot ကျသွားပါလိမ့်မယ်။ လိုက်ကောက်မနေပါနဲ့...... :P
ဖုန်းပြန်ပွင့်လာရင်တော့ ဖုန်းမှာ မည်သည့် Pattern & Pin Lock လုံးဝ(လုံးဝ) မရှိတော့တာကိုတွေ့ရပါမယ်ခင်ဗျာ။
အကယ်၍များ Pattern & Pin Lock အနှိပ်များပြီး G Mail အကောင့်တောင်းလာပါက
အောက်က All Account ကိုနှိပ်ပေးလိုက်ပါ .....
ကျွန်တော့်ရဲ့ Huawei Y300C ဖုန်းလေး Pin Lock ကျနေတာကို ဒီနည်းလေးနဲ့ဖြေရှင်းနိုင်ခဲ့ပါတယ်ခင်ဗျာ....

အားလုံးပဲအဆင်ပြေပါစေ.......
No comments:
Post a Comment