Thursday, October 30, 2014

iOS 8-8.0.1 ကို Jailbreak လုပ်နည်း + Cydia ကို One Click သွင်းနည်း


iOS 8 မှ iOS 8.1 အထိ Jailbreak လုပ်နည်းကိုတင်ဆက်ပေးလိုက်ပါတယ်။ iOS 8 မှ iOS 8.1 အထိ Jailbreak ပြုလုပ်နိုင်မယ့် Device တွေကတော့အောက်ပါအတိုင်းပါ။

  • iPhone 6
  • iPhone 6 Plus
  • iPhone 5s
  • iPhone 5c
  • iPhone 5
  • iPhone 4s
  • iPad (2, 3, 4, Air, Air 2, mini 1, mini 2, mini 3)
  • iPod touch 5
Jailbreak လုပ်လို့ရနိုင်မယ့် Firmware Version တွေကတော့ အောက်ပါအတိုင်းပါ။

  • 8.0
  • 8.0.1
  • 8.0.2
  • 8.1

iOS 8 ကို Jailbreak လုပ်လို့ရပေမယ့် Jailbreak လုပ်ပြီးကာစမှာအရင်တုန်းကလိုတော့ Cydia က Built in မပါသေးပါဘူး ။ ကိုယ့်ဘာသာ Cydia ကို Manually ထပ်သွင်းရပါတယ်။ ဒါပေမယ့် အခု Jailbreak လုပ်တဲ့ Tool ရော Jailbreak လုပ်ပြီးရင် Cydia ကို One Click နဲ့သွင်းနိုင်မယ့် ခလုတ်ပါ  ပါဝင်တဲ့ Installer ကို ရုရှားဖိုရမ်တစ်ခုကနေတွေ့လို့ပြန်လည်မျှဝေလိုက်ပါတယ်။ ဒီ Installer လေးမှာ PanGu iOS 8 v1.0.1 ရော ၊ Jailbreak လုပ်ပြီးရင် Cydia ကိုဆက်လက်သွင်းနိုင်မယ့် ခလုတ်ပါထည့်ပေးထားပါတယ်။
ကဲ iOS 8-8.0.1 ကို Jailbreak လုပ်နည်း ၊ Cydia ကို One Click သွင်းနည်းကိုလေ့လာကြည့်ရအောင်။
Jailbreak ရော Cydia One Click Installer ရောပါလို့ ဆောင်ထားသင့်တဲ့ Tool လေးတစ်ခုပါပဲ။ အောက်က Link မှာရယူနိုင်ပါတယ်။ 


https://mega.co.nz/#!psZECZ6Z!YCoenVnrjS6gcUSJVf75NzAlIt01128krp3mesOPauU


Jailbreak လုပ်ရန် အပေါ်မှာ Download ရယူခဲ့တဲ့ Installer ကိုဖွင့်ပါ။





Jailbreak မလုပ်ခင် ဖုန်းမှာ Passcode ကို off ထားဖို့လိုပါမယ်။ Setting > iCoud ထဲက Find My iPhone ကို off ထားဖို့လိုပါမယ်။ ပြီးရင်တော့ ဖုန်းနဲ့ကွန်ပျူတာနဲ့ကိုချိတ်ပြီး အခုပေးထားတဲ့ Installer ထဲက ပထမခလုတ်ကိုနှိပ်ပြီး Pangu iOS 8 Jailbreak Tool ကိုဖွင့်ပါ။


2


PP အမှန်ခြစ်လေးကိုဖြုတ်ပါ။

3

ပြီးရင် အပြာရောင်ခလုတ်လေးကိုနှိပ်ပြီး Jailbreak လုပ်ပါ။

4

ဖုန်းကို Jailbreak လုပ်ပြီးတာနဲ့ ဖုန်းထဲမှာ Pangu App လေးရောက်နေပါလိမ့်မယ်။

5

ယင်း Pangu App ထဲကိုဝင်ပါ။ OpenSSH ဆိုတာကိုနှိပ်ပါ။

6

OpenSSH ကိုသွင်း ပြီးရင် ခုနက Installer ထဲက ဒုတိယခလုတ် “Run Install Cydia” ကိုနှိပ်ပေးလိုက်ရုံပါပဲ။ အောက်ပုံထဲကအတိုင်း သူ့ဘာသာသူအလုပ်လုပ်နေပါလိမ့်မယ်။


GN9i JSCGN0k



ပြီးရင် မိမိတို့ရဲ့ iPhone/Pad/Pod touch ကို reboot ချပြီးပြန်တက်လာရင် Cydia ကိုသွင်းပြီးဖြစ်ပါလိမ့်မယ်။  ဂုဏ်ယူပါတယ်။ သင့်ရဲ့ iOS 8 တင်ထားတဲ့ iDevice ကိုအောင်မြင်စွာနဲ့ Jailbreak လုပ်ပြီးပါပြီ။



Ref: http://ukrainianiphone.com/forum/index.php?showtopic=39582
 
 
အားလုံးပဲအဆင်ပြေကြပါစေ။

Thet Naing Soe (Myanmar Mobile App Store)

No comments:

Post a Comment