Thursday, October 30, 2014

//ဘယ်ဖုန်းကို ရွေးကြမလဲ ? iPhone 6 လား ၊ iPhone 6 Plus လား ၊ HTC One M8 လား ? //

♪ ဘယ်ဖုန်းကို ရွေးကြမလဲ ? iPhone 6 လား ၊ iPhone 6 Plus လား ၊ HTC One M8 လား ? ♫

iPhone 6 နဲ့ iPhone 6 Plus တွေ ဈေးကွက် တင်ထားပြီး ဖြစ်ပါတယ်။ အဲဒီ ဖုန်းနှစ်လုံး ထဲက ဘယ်ဟာကို ရွေးသင့် သလဲ။ ဘယ်ဖုန်းက ပိုကောင်းသလဲ၊ iPhone ကို မရွေးဘဲ HTC One M8 ကို ရွေးရင်ကော ဘာတွေ ကွာခြားမလဲ ဆိုတာလည်း သိထားဖို့ လိုပါတယ်။

ဒီတခါတော့ အက်ပဲလ်က Android စမတ်ဖုန်းတွေ လိုပဲ စကရင် အရွယ်အစား ကြီးကြီးနဲ့ ထုတ်လုပ်ထားပြီး iPhone 6 Plus က ၅.၅ လက်မ ရှိပါတယ်။ HTC One M8 ကို ရွေးတာက iPhone 6 နဲ့ 6 Plus ထက် နည်းပညာပိုင်း ဆိုင်ရာ အချက်အလက်တွေ ပိုမြင့်ပြီး ဈေးနှုန်း ကလည်း ဒေါ်လာ ၁၀၀ လောက် သက်သာ နေလို့ အဲဒီဖုန်းကို ရွေးထားတာ ဖြစ်ပါတယ်။


Display


စစခြင်း display အရွယ်အစားနဲ့ နှိုင်းယှဉ်ကြည့်ပါမယ်။ iPhone 5s နဲ့ မော်ဒယ်အသစ် iPhone 6 တွေဟာ display အရွယ်အစား ၄.၇ လက်မရှိပြီး resolution အနေနဲ့ 1334 x 750 ပဲ ရှိပြီး၊ iPhone 5s နဲ့ အတူတူ ပါပဲ။ 326 ppi (Pixel per inch) ပဲ ရှိပါတယ်။ iPhone 6 Plus ကတော့ စကရင်အရွယ်အစား ၅.၅ လက်မ၊ resolution 1920 x 1080 ဒါမှ မဟုတ် 401 ppi ရှိပါတယ်။

HTC One M8 က စကရင်အရွယ်အစား 5 လက်မ၊ resolution 1980 x 1080 ဒါမှမဟုတ် 441 ppi ရှိပါတယ်။ iPhone 6 နဲ့ iPhone 6 Plus နှစ်မျိုးစလုံးဟာ Retina Display ကို Retina HD Display နဲ့ အစားထိုးထားပါတယ်။ Retina HD ဟာ ပြတ်သားမှု၊ အရောင်ဖော်ပြရာမှာ တိကျမှုတွေ ပိုကောင်းပါတယ်။

iPhone ရဲ့ Display တွေဟာ ထူးခြား ကောင်းမွန်တဲ့ Display တွေ ဖြစ်ပါတယ်။ ဒါပေမယ့် HTC One M8 ရဲ့ Display က ပိုကောင်း နေပါတယ်။ Display တွေရဲ့ နည်း ပညာကို ကြည့်ရင် iPhone 6 နဲ့ iPhone 6 Plus က IPS panel တွေ သုံးထားပြီး One M8 ကတော့ Super LCD (SLCD) တွေ သုံးထား ပါတယ်။

အဲဒီနည်းပညာ နှစ်ခု စလုံးဟာ မြင်ကွင်းထောင့် အကျယ် (Viewing Angles)၊ ပြတ်သားမှု (Contrast) အ ရောင်တိကျမှု စံနှုန်း (Colour Gamut) တွေ ကောင်းပါတယ်။ iPhone 6 ဟာ ရီဆိုလူးရှင်း 1334 x 750 ပဲ ရှိတာက တော့ စိတ်ပျက်စရာပါ။ သုံးစွဲသူတွေ အနေနဲ့ နည်းပညာပိုင်း ဆိုင်ရာ အချက်အလက် တွေကို မကြည့်ဘဲ မျက်မြင် အခြေအနေ အတိုင်း လက်တွေ့ရွေးချယ်မယ် ဆိုရင် အဲဒီ ဖုန်း ၃ ခုစလုံး ကောင်း မွန်ပါတယ်။ အရွယ်အစားကြီးတာ ရွေးရင်တော့ iPhone 6 Plus ကိုပဲ ရွေးရပါမယ်။

အရွယ်အစားနဲ့ အလေးချိန်

အရွယ်အစား အလျား၊ အနံ၊ အထူနဲ့ အလေးချိန်တွေက iPhone6 က 138.1 mm x 67 mm x 6.9 mm ထူ ပြီး ၁၂၉ ဂရမ်လေးပါတယ်။ iPhone 6 Plus က 158.1 mm x 77.8 mm x 7.1 mm ထူပါတယ်။ ၁၇၂ ဂရမ် လေးပါတယ်။ HTC One M8 ကတော့ 146 mm x 70.6 mm x 9.4 mm ထူပါမယ်။ ၁၆၀ ဂရမ် လေး ပါတယ်။

အဲဒီ အတိုင်းအတာ တွေအရ ကြည့်ရင် အရွယ်အစား သေးတဲ့ ဖုန်းတွေက အလေးချိန်ပေါ့ပြီး၊ သူ့အချိုး အ တိုင်းရှိနေပါတယ်။ ဒါပေမယ့် HTC One က အားလုံးထဲမှာ အထူဆုံး ဖြစ်နေ ပါတယ်။ တခြားဖုန်းတွေနဲ့ ယှဉ်ကြည့်ရင်တော့ ဆမ်ဆောင်းဂလက်ဆီ S5 ဟာ ၁၄၅ ဂရမ် လေးပြီး၊ 8.1 mm ပဲထူလို့ HTC One M8 ထက် နည်းနည်းလေး ပိုပါး ပါတယ်။ Note 4 နဲ့ကတော့ iPhone 6 Plus နဲ့ ဆင်တူပြီး၊ အရွယ်အစား ၅.၇ လက်မမှာ resolution က 2560 x 1440 ရှိပါတယ်။

Hardware Specs

Android ဖုန်းတွေနဲ့ အက်ပဲလ်ဖုန်းတွေရဲ့ အတွင်းဘက်က ဟာ့ဒ်ဝဲတွေကို နှိုင်းယှဉ်ကြည့်ရတာ အမြဲ ရှုပ်ထွေး လေ့ရှိ ပါတယ်။ အက်ပဲလ်ဟာ အမြဲပဲ Clock Speed နှိမ့်ထားလေ့ ရှိပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ပါဝါစားနှုန်း နိမ့်အောင်လို့ ပါ။ အလားတူပဲ RAM တွေရဲ့ ပမာဏကိုလည်း ဝိတ်လျော့ထားပါတယ်။ ဒါလည်း ကုန်ကျစရိတ်နဲ့ ပါဝါစားနှုန်းကို လျှော့ချဖို့ ရည်ရွယ်တာပါ။ ဒါဟာ iPhone 6 နဲ့ iPhone 6 Plus တွေ ဟာ သုံးရတာ နှေးနေတယ်လို့ မဆိုလိုပါဘူး ။ သူ့ဟာနဲ့ သူကတော့ အဆင်ပြေနေ ပါတယ်။

ပထမဦးဆုံး CPU ကိုကြည့်ရင် iPhone 6 နဲ့ iPhone 6 Plus ဟာ apple A8 SOC (20 nm) ချစ်ပ်တွေ သုံးထား ပါတယ်။ အဲဒီ CPU တွေဟာ A7 dual core CPU တွေကို upgrade လုပ်ထားတာနဲ့ ဆင်တူပေမယ့် CPU ကိုတော့ ပိုမြှင့်ထား ပါတယ်။ RAM က 1GB လို့ ပြောပေမယ့် အက်ပဲလ်ရဲ့ ဆိုက်ထဲမှာ တရားဝင် အတည်ပြု ရေးမထားပါဘူး။ iPhone 6 နဲ့ iPhone 6 Plus မှာ M8 (Motion Coprocessor) ပါပါတယ်။ ဒါဟာ ဆင်ဆာတွေရဲ့ ပါဝါစားနှုန်းကို လျှော့ချဖို့ ရည်ရွယ်လုပ်ဆောင် ထားပါ တယ်။

HTC One M8 ကတော့ Snap-dragon 801 SOC ကိုသုံးထားပြီး Quad-core Krait CPU ဖြစ်ပါတယ်။ ဒါပေမယ့် ဂရပ်ဖစ်အတွက် သုံးထားတဲ့ Adreno 330 ဟာ နည်းနည်းနောက်ကျပြီး Samaung Galaxy Note 4, Note Edge, LG G3 နဲ့ ကိုရီးယားမှာပဲ ဖြန့်ချိတဲ့ Galaxy S5-LTEA ဖုန်းတွေဟာ Snapdragon 805 CPU, Adreno 420 GPU တွေသုံးထားလို့ အက်ပဲလ်ရဲ့ A8 SOC တွေထက် နည်းနည်းပိုသာပါတယ်။ HTC One M8 ကတော့ RAM 2GB သုံးထား ပါတယ်။

iPhone6 နဲ့ iPhone6 plus တွေဟာ 16 GB, 64 GB, 128 GB ပါပြီး HTC One က 16 GB, 64 GB ပဲ ပါပါတယ်။ ဒါပေမယ့် သူ့မှာ Micro SD card ပါ လို့ လိုအပ်ရင် Micro SD card သုံးနိုင်ပါ တယ်။

ဘက်ထရီ


HTC One ရော iPhone6, iPho-ne 6 Plus ပါ ဘက်ထရီတွေ ချို့ယွင်းရင် အစားထိုးတပ်ဆင် သုံးနိုင်အောင် လုပ်ပေး ထားပါတယ်။ iPhone 6 နဲ့ iPhone 6 Plus က mAh ဘယ်လောက် သုံးထားသလဲ ဆိုတာ မပြောပေမယ့် iPhone 5s ထက် သိသိသာသာ ပိုကြီးမယ် လို့ ပြောထားပါတယ်။

ဒါဟာ iPhone 6 နဲ့ 6 Plus ရဲ့အရွယ်အစား ကြီးလာတာ ကြောင့် ဖြစ်ပြီး iPhone 6 က Wifi သုံးပြီး Web bro-wsing လုပ်တာကို ၁၁ နာရီ၊ LTE သုံးရင် ၁၀ နာရီ၊ ဗီဒီယိုတွေ ဖွင့်ကြည့် ခဲ့ရင် ၁၁ နာရီလောက် ခံမယ်လို့ apple က ပြောပါ တယ်။ iPhone 6 Plus ကတော့ Wifi နဲ့ LTE သုံးရင် ၁၂ နာရီနဲ့ ဗီဒီယိုတွေ ဖွင့် ကြည့်ရင် ၁၄ နာရီ လောက် အသုံးခံမယ် လို့ ပြောပါတယ်။

HTC One M8 ကတော့ တခြား android phone အကြီးတွေထက် အရွယ်အစား ပိုသေးတာ ဖြစ်လို့ 2600 mAh ဘက်ထရီပဲ သုံးထားပြီး apple iPhone တွေထက် ဘက်ထရီသက်တမ်း ပိုနည်းပါတယ်။

တကယ်တမ်းမှာတော့ လက်တွေ့ စမ်းသပ်ကြည့်တဲ့ ရလဒ်တွေက ပိုမှန်မှာ ဖြစ်ပေမယ့် အခုဆောင်းပါး ရေးတဲ့ အချိန်ထိ အဲဒီလို စမ်းသပ်ခွင့် မကြုံသေးပါဘူး။

ဆဲလ်လူလာနဲ့ ကြိုးမဲ့ဆက်သွယ်ရေး

iPhone 6 နဲ့ iPhone 6 plus ရဲ့ GSM Version နဲ့ HTC One M8 တို့ဟာ ကမ္ဘာ့ဆဲလ်လူလာနဲ့ ကြိုးမဲ့ ဆက်သွယ်မှုစံ တော်တော်များများကို ထောက်ပံ့လုပ် ဆောင်ပေးနိုင် ပါတယ်။ အဲဒီဖုန်း ၃ ခု စလုံးဟာ 802.11 ac, Bluetooth 4.0 နဲ့ NFC (Near Field Communication) တွေ လုပ်ဆောင်ပေးနိုင်ပါတယ်။ Apple ရဲ့ Apple Pay Platform ဟာ NFC ကို သုံးထားပြီး iPhone 6 နဲ့ iPhone 6 Plus အတွက် ပိုအဆင်ပြေပြေ သုံးနိုင်ပါတယ်။

အဲဒီဖုန်း ၃ ခုစလုံးဟာ Quadcomm MOM 9625 မိုဒမ်ကိုပဲ သုံးထားတဲ့ အတွက် 3 G နဲ့ 4 G band တွေနဲ့ LTE Cat 4 (150 Mbps down, 500 Mbps up) အထိ လုပ်ဆောင်ပေးနိုင်ပါတယ်။ iPhone 6 နဲ့ iPhone 6 Plus VoLTE ကိုပါ ထောက်ပံ့ လုပ်ဆောင်ပေးနိုင်တယ် လို့ ယူဆရပြီး HTC One M8 ကတော့ ထောက်ပံ့ မပေးနိုင်ပါဘူး။

ကင်မရာ

iPhone တွေရဲ့ အားသာ ချက် တခုက ကင်မရာ ဖြစ်ပြီး အခု iPhone 6 နဲ့ iPhone 6 plus တွေမှာလည်း HTC One M8 ထက် သာပါတယ်။ HTC One ထက်သာမက တခြား android phone တွေ အများ စုထက်ပါ သာကောင်းသာနိုင် ပါတယ်။ အက်ပဲလ်ရဲ့ ပြောကြားချက်အရ သူ့ရဲ့ iPhone 6 နဲ့ iPhone 6 plus တွေ မှာ iSight ဆင်ဆာအသစ် တခု တိုးထားတယ် လို့ သိရပါတယ်။ 8 Megapixel ရှိတဲ့ အဲဒီ ကင်မရာမှာ အက်ပဲလ် ကနေ နာမည်ပေးထားတဲ့ focus pixel တွေက နေ phase detection autofocus လုပ် ပေးပါ မယ်။ optical image stabilizer လုပ်ဆောင်ချက်ပါပြီး အဲဒီ လုပ်ဆောင် ချက်ကနေ ပြတ်သားမှု အပိုင်းကို ထပ်ဆောင်း လုပ်ဆောင်ပေး မယ့် အပြင် အလင်းအားနည်းတဲ့အချိန်တွေမှာ ပုံရိပ် အရည်အသွေး ပိုကောင်း စေပါ လိမ့်မယ်။

HTC One M8 ကင်မရာ Pixel က 2.0 M ရှိပြီး iPhone က 1.5 M ရှိလို့ နည်းနည်းပိုကြီးပါတယ်။ One M8 ရဲ့ စိတ်ဝင်စားစရာ လုပ်ဆောင်ချက် တချို့က iPhone မှာမပါဘဲ 3D ရုပ်ပုံ တွေအတွက် depth sensor ပါတာဖြစ်ပါတယ်။ သူ့ရဲ့ color reproduction လုပ်ဆောင်ချက်က သိပ်မကောင်းလှဘဲ ပြောက်ကျားဖြစ် တလည်း မြင့်နေပါတယ်။ Galaxy S5 မှာ Phase dection autofocus ပါပါတယ်။ ဒါပေမယ့် ရုပ်ထွက် အရည်အသွေးက အပြစ်မကင်းဘူး ဖြစ်နေပါတယ်။

iPhone 6 နဲ့ iPhone 6 plus မှာ ဗီဒီယိုရိုက်တဲ့ လုပ်ဆောင်ချက်အသစ် ပါလာပြီး HTC One M8 က လိုက်မမီတဲ့ အချက်ဖြစ်ပါတယ်။ အနှေးရိုက်ကူးတဲ့ 240 fps (တစက္ကန့်မှာ ၂၄၀ ဖရိမ်)၊ autofocus လုပ်ဆောင်ချက်နဲ့ face detection လုပ်ဆောင်ချက်ကို အဆက် မပြတ်လုပ်ပေးနိုင်ပါတယ်။ ရှေ့ဖက်က face time ကင်မရာကလည်း HTC One ထက်ရော၊ တခြား android စမတ်ဖုန်း တွေထက်ရောသာ ပါတယ်။ iPhone 6 Plus ဟာ iPad Mini နဲ့ဆင်တူပြီး iPad အစားထိုးမယ့် စမတ်ဖုန်းဖြစ်လာပါတယ်။

ဒီဇိုင်း


အရွယ်အစားကြီးတာ၊ apple pay ၊ အရည်အသွေးမြင့် ကင်မရာလုပ် ဆောင်ချက်တွေနဲ့ Apple Watch ကို သုံးဖို့ လိုခဲ့ရင်တော့ iPhone 6 နဲ့ iPhone 6 plus ကိုပဲ ရွေးရပါမယ်။ ကျန်တဲ့အချက်တွေ ကတော့ အဲဒီဖုန်း ၃ခု စလုံးသိပ် ကွာ ခြားမှု မရှိပါဘူး။

တခြား စမတ်ဖုန်းတွေနဲ့ phablet တွေထက်စာရင် iPhone ရဲ့အရွယ် အစားနဲ့ အထူကြောင့် ကိုင်ရ တာ သေးကွေး ပေါ့ပါးတယ်လို့ ခံစားရ စေပါတယ်။ ဖုန်း ၃ လုံးစလုံးကို လက်တွေ့ကိုင်တွယ် ချိန်ဆကြည့် ရာမှာလည်း HTC One M8 ဟာ အိမ်ခွံကို သတ္တုနဲ့ လုပ်ထားလို့ ကိုင်ရတာ အဆင်ပြေတာ တွေ့ရပေမယ့် iPhone တွေထက် သိသိသာသာ ထူနေပါတယ်။

ဆော့ဖ်ဝဲ


iOS 8 နဲ့သက်ဆိုင်တဲ့ ဆော့ဖ်ဝဲလေးတွေအမြောက်အများရှိနေပြီး အထူးသဖြင့် ကျန်းမာရေး၊ ကိုယ်ကာယ ကြံ့ခိုင်ရေးနဲ့ သက်ဆိုင်တဲ့ဆော့ဖ်ဝဲတွေ အများကြီးရှိနေပါတယ်။ Apple Pay ကလည်း မိုလ်ဘိုင်းပိုက်ဆံ အိတ် လို သုံးနိုင် ပါမယ်။ android ဖုန်းတွေအတွက် လည်း ဆော့ဖ်ဝဲတွေ အများကြီး ရှိနေပါတယ်။

ဈေးနှုန်း


ကန်ထရိုက် စာချုပ်နဲ့ တွဲရောင်း တဲ့ HTC One M8 နဲ့ iPhone 6 က ဒေါ် လာ ၂၀၀၊ iPhone 6 Plus က ဒေါ်လာ ၃၀၀ ပေးရပါမယ်။ အလွတ်ဝယ်မယ် ဆိုရင်တော့ iPhone 6 က ဒေါ်လာ ၄၀၀ လောက်၊ iPhone 6 Plus က 128 GB မော်ဒယ် ဆိုရင် ဒေါ်လာ ၅၀၀ လောက် ပေးရ ပါလိမ့်မယ်။ ဒီမှာတော့ အဲဒီဈေးနှုန်း တွေထက် ပိုမြင့်ပါ လိမ့်မယ်။

ဈေးနှုန်း အနေနဲ့ကြည့်ရင်တော့ iPhone 6 ထက်စာရင် HTC One M8 က သက်သာနေ ပါတယ်။ ဒါပေမယ့် iPhone ရဲ့ ထူးခြားတဲ့ လုပ်ဆောင်ချက်တွေ သုံး ချင်တဲ့သူတွေနဲ့ အရင်က iPhone သုံးခဲ့ တဲ့သူတွေ အများစု ကတော့ iPhone6 ကိုပဲ ရွေး ကြပါလိမ့်မယ်။


အရွယ်အစားကြီး မားတဲ့ iPhone 6 Plus ကို ယှဉ်ဖို့က Galaxy Note 4 ရှိနေပြီး သူ့ရဲစတိုင်လပ်စ် (Stylus) နဲ့ တခြားလုပ်ဆောင်ချက် တွေက ရွေးစရာ အချက်တွေ ဖြစ်စေ ပါတယ်။ iPad Mini လို သုံးနိုင်တဲ့ အချက်တွေက iPhone 6 plus ကို ရွေးရတဲ့ အ ကြောင်းတွေ ဖြစ်လာပါ လိမ့်မယ်။ ကျန်တဲ့ အချက်တွေ ကတော့ ဘယ်ဖုန်းကို ရွေးပါလို့ ပြောရခက်တဲ့ အခြေအနေ ဖြစ်နေပါတယ်။


သင့်ရဲ့ဘတ်ဂျက် အခြေအနေပေါ်မှာလည်း မူတည်နေ ပါမယ်။ နည်းပညာပိုင်းဆိုင်ရာ အချက်အလက်တွေ လည်း ရေးသားထားပြီးဖြစ်လို့ လက်တွေ့ကိုင်တွယ် စမ်းသပ်ပြီး သင်ကြိုက်တဲ့ဖုန်းကို ရွေးချယ်ပါလို့ ရေးသား လိုက်ရပါတယ်။ ။

No comments:

Post a Comment