Saturday, October 25, 2014

♪ Ooredoo ရဲ့မိနစ် ၁၀၀၀ Pormotion စတင်နေပါပြီ ♫


၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၂၄ရက် မှ နိုဝင်ဘာလ ၂၁ရက်နေ့အထိ ပရိုမိုးရှင်းကာလအတွင်း မိတ်ဆွေတို့သည် တစ်ကြိမ်တွင် ကျပ် ၃၀၀၀ နှင့် အထက် Top Up ပြုလုပ်ပါက ကျွန်တော်တို့မှ အပိုလက်ဆောင်များ အဖြစ် Ooredoo ဖုန်းအချင်းချင်း ခေါ်ဆိုရန် မိနစ် ၁၀၀၀ နှင့် SMS ၁၀၀၀ ပို့ခွင့် ပေးအပ်မှာဖြစ်ပါတယ်။
ဤ ပရိုမိုးရှင်းကာလအတွင်းရရှိမည့် Top Up အပိုလက်ဆောင် ကို အောက်ပါစည်းကမ်းချက်များအတိုင်း သုံးစွဲနိုင်ပါမည်။
  • ဤ Top Up အပိုလက်ဆောင်ကို မြန်မာပြည်တွင်း  Ooredoo ဖုန်းအချင်းချင်း ဖုန်းခေါ်ခြင်း  နှင့် SMS ပို့ခြင်း များအတွက်သာ သုံးသလောက်ပေးစနစ်ဖြင့် သုံးစွဲနိုင်ပါသည်။ ဤဝန်ဆောင်မှုများကို Ooredoo ၏ တရားမျှတစွာသုံးစွဲခြင်းပေါ်လစီ အပါအဝင် စည်းမျဉ်းစည်းကမ်းများအတိုင်းသုံးစွဲ ရမည်ဖြစ်ပြီး အသေးစိတ်သိရှိလိုပါက www.ooredoo.com.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
  • ဤ Top Up အပိုလက်ဆောင်ကို ပြည်ပရောက်စဉ်အသုံးပြုမှု (Roaming)၊ နိုင်ငံတကာသို့ တိုက်ရိုက်ဖုန်းခေါ်ဆိုခြင်း ၊ နိုင်ငံတကာသို့ SMS ပို့ခြင်း များတွင် အသုံးပြု၍ မရနိုင်ပါ။ မြန်မာပြည်တွင်းအခြားတယ်လီကွန်းအော်ပရေတာများသို့ ဖုန်းခေါ်ခြင်း  နှင့် SMS ပို့ခြင်းပြုလုပ်ရာတွင်လည်း အသုံးပြု၍ မရနိုင်ပါ။ဤ Top Up အပိုလက်ဆောင်ကို ငွေသား၊ သို့မဟုတ် Ooredoo ၏ အခြားထုတ်ကုန်များ ၊ သို့မဟုတ် အခြားဝန်ဆောင်မှုများ နှင့် မည်သည့်အခြေအနေတွင်မျှ လဲလှယ်၍မရပါ။
  • Top Up ပြုလုပ်ရာတွင်   ပရိုမိုးရှင်းကာလအတွင်း ၃၀၀၀ ကျပ်ထက်မနည်းငွေဖြည့်  ရုံဖြင့် ဤအပိုဆောင်းလက်ဆောင်ရရှိပါမည်။ ကျပ် ၃၀၀၀ တန်ငွေဖြည့်ကဒ် တစ်ကြိမ် ဝယ်ယူ ငွေဖြည့်ပါက ဤအပိုဆောင်းလက်ဆောင်ခံစားခွင့်ရရှိပါမည်။   တစ်ကြိမ်တွင် ကျပ် ၁၀၀၀ ဖြင့် Top Up သုံးကြိမ် ပြုလုပ်ပြီးအားလုံးပေါင်း၍ ကျပ် ၃၀၀၀ ပြည့် /ကျော်သွားရုံဖြင့် လည်းဤအပိုဆောင်းလက်ဆောင်ရရှိ ပါမည်။
  • ပရိုမိုးရှင်းကာလ အတွင်း  ကျပ် ၃၀၀၀ နှင့် အထက် Top Up ပြုလုပ်ပါက ဤ အပိုဆောင်းလက်ဆောင်ရရှိမည်ဖြစ်ပြီး တစ်ကြိမ်သာ ခံစားခွင့် ရှိပါသည်။ နောက်ထပ် Top Up ထပ်လုပ် ပါက ဤလက်ဆောင်ကို ထပ်မံရရှိမည်မဟုတ်ပါ။
  • Top Up အပိုလက်ဆောင် စတင်ရရှိသည့်အချိန်မှစ၍ ရက်ပေါင်း ၃၀ အတွင်းသာ ဤလက်ဆောင်ကို အသုံးပြုခွင့်ရှိပါသည်။ထိုအကျုံးဝင်ကာလကျော်လွန်ပါက လက်ကျန်အပိုလက်ဆောင်များမှာ ငွေပြန်အမ်းခြင်း၊ သို့မဟုတ် လျော်ကြေးပေးခြင်း မရှိစေရဘဲ သက်တမ်းကုန်ဆုံးသွားမည်ဖြစ်ပြီးဆက်လက်သုံးစွဲ၍မရနိုင်ပါ။
    • ဤTop Up အပိုလက်ဆောင် အရ အသုံးပြုခွင့်ရှိသည့် ဖုန်းခေါ်ချိန် နှင့် SMS များ ကုန်သွားမှသာအောက်ပါအတိုင်း မိတ်ဆွေ၏လက်ကျန်စာရင်းမှနှုတ်သွားပါမည်။
      • (၁) မိတ်ဆွေဝယ်ယူထားသည့် ဝန်ဆောင်မှု အစီအစဉ်အလိုက် ခံစားခွင့်ရှိသော Ooredoo ဖုန်းအချင်းချင်းဖုန်းခေါ်ချိန် နှင့် SMS များ
      • (၂) Ooredoo ၏ သုံးသလောက်ပေး နှုန်းထားများ အရ ငွေဖြတ်ခြင်း
Ooredoo သည် ဤ လက်ဆောင်အစီအစဉ်ကို အချိန်မရွေး ပြောင်းလဲခွင့်၊ ရုပ်သိမ်းခွင့်ရှိပါသည်a။

No comments:

Post a Comment