Thursday, October 30, 2014

♪ ကမ္ဘာ့ အပါးလွှာဆုံး စမတ်ဖုန်း ဖြစ်လာတဲ့ Oppo R5 ♫

r5
Oppo က သူ၏ ပထမဆုံး 64-bit Smartphone ဖြစ်သော Oppo R5 ကို ပြသလိုက်ပါသည်။ R5 ၏ အထူသည် ၄.၈၅ မီလီမီတာဖြစ်ပြီး ကမ္ဘာ့အပါးလွှာဆုံး စမတ်ဖုန်း ဖြစ်သည်ဟု Oppo က ကြေညာပါသည်။ R5 သည် ယခင်မျိုးဆက် R3 ၏ အထူဖြစ်သော ၆.၃ မီလီမီတာထက် များစွာ လျှော့ချနိုင်ခြင်း ဖြစ်ပါသည်။

ကိုယ်ထည်ကို အလူမီနီယမ်ဖြင့် ပြုလုပ်ထားပြီး ၄ မီလီမီတာ အထူရှိပါသည်။ R5 တွင် ၅.၂ လက်မ AMOLED Full HD 1080p Display တပ်ဆင်ထားပြီး တစ်လက်မလျှင် Pixel သိပ်သည်းဆမှာ ၄၂၃ ဖြစ်ပါ သည်။ မျက်နှာပြင်သည် အလင်းရောင် အကောင်းဆုံး ပံ့ပိုးပေးရန်နှင့် အလင်းပြန်မှု အနည်းဆုံး ဖြစ်စေရန် သာမက အရောင်များကိုလည်း အလွန်တိကျစွာ ထုတ်လုပ်ပေးနိုင်ရန် ပြုလုပ်ထားသည်ဟု Oppo ကပြော ပါသည်။

R5 တွင် Android 4.4 ကို အခြေခံ ပြုပြင်ထားသော Color OS 2.0 ပါရှိပါသည်။ Qualcomm ၏ စွမ်းဆောင် ရည်သင့် 1.5GHz Octa-Core Snapdragon 615 Chipset ဖြင့် မောင်းနှင်လည်ပတ်မည် ဖြစ်သည်။ Adreno 405 GPU , 2GB RAM ပါရှိပါသည်။

Oppo က Chipset မှ အပူများ အပြင်သို့ ထွက်သွားစေရန် လေအေးပေးသည့် စနစ်ကိုလည်း ထည့်သွင်းထားပါသည်။ အနောက်ဘက်တွင် 13MP နှင့် မျက်နှာချင်းဆိုင်တွင် 5MP Camera များတပ်ဆင် ထားပါသည်။ အနောက်ဘက် ကင်မရာသည် ကိုယ်ထည်၏ အပြင်ဘက်သို့ အနည်းငယ် ထွက်ပေါ်နေပြီး 2160p Video , Full HD နှင့် အနှေးဗီဒီယိုများကို HD အရည်အသွေးနှင့် ရိုက်ကူးနိုင်ပါသည်။

2000mAh Battery ပါရှိပြီး Oppo ၏ လျှင်မြန်စွာ အားသွင်းပေးနိုင်သော VOOC နည်းပညာပါရှိပါသည်။ 3.5 mm Audio Jack မပါရှိခြင်းမှာ ထူးခြားသော်လည်း ပါးလွှာသောကြောင့် ဖြစ်နိုင်ပါသည်။ သီချင်းနားထောင်ရန် Wireless O-Music Accessory နှင့် နဂိုပါရှိသော MicroUSB to Audio Jack Adapter ကို အသုံးပြုနိုင်ပါသည်။
Oppo R5 ကို ဒေါ်လာ ၄၉၉ ဖြင့် ရောင်းချမည် ဖြစ်သော်လည်း နေ့ရက် အတိအကျကို မသိရသေးပါ။
Myanmar Digital Life Journal

No comments:

Post a Comment