Friday, October 17, 2014

ဘတ်ထရီ နည်းပညာသစ်ကြောင့် အားသွင်းချိန် ၂ မီနစ်အတွင်း ဘတ်ထရီ ၇၀ ရာခိုင်နှုန်းအထိ အားပြန်သွင်းနိုင်မည်


 
ပြီးပြည့်စုံတဲ့ စနစ်တစ်ခုအတွက် ပိုမို ပါးလွှာပြီး ဖြန်ဆန်တဲ့ အားသွင်းစနစ်တွေ ပါဝင်တဲ့ ဘက်ထရီနည်းပညာတွေဟာ တစ်ဖြည်းဖြည်းနဲ့ ဖွံ့ဖြိုးတိုးတက် လာပါပြီ။ ယခု ဘတ်ထရီနည်းပညာသစ်အရ ဘထရီကို ၂ မီနစ်အတွင်း အားသွင်းရုံဖြင့် ဘတ်ထရီ ရဲ့ ၇၀ ရာခိုင်နှုန်းအထိကို အားပြန်လည်ပြည့်စေ တော့မှာ ဖြစ်ပါတယ်။ 


ယခု အားအမြန်သွင်းနိုင်သည့် နည်းပညာသစ်ကို နန်းယန်တက္ကသိုလ်က သိပ္ပံပညာရှင်များက တီထွင်လိုက်ခြင်း ဖြစ်ပြီး အဆိုပါနည်းပညာကြောင့် လက်ရှိ ဘတ်ထရီ တွေရဲ့ သက်တမ်းထက် သက်တမ်း ဆယ်ဆပိုမို တာရှည်ခံနိုင် ပါတယ်။ ယခုအသုံးပြုနေသည့် နည်းပညာသုံးဘထရီတွေက ၂ နှစ် ၊ ၃ နှစ်အတွင်း အကြိမ်ရေ ၅၀၀ နည်းပါးအား သွင်းခံနိုင်ချိန်မှာ ယခုဘထရီ နည်းပညာသစ် ကတော့ အကြိမ်ရေ တစ်သောင်းအထိ အသုံးပြုနိုင်ပါတယ်။ 


ယခုအသုံးပြုနေကြသော လစ်သီယံ ဘတ်ထရီ နည်းပညာမှာ ဂရက်ဖိုက်အန်နုတ် ဂျဲလ် တစ်မျိုးကို အသုံးပြုထားခြင်း ဖြစ်ပြီး ယခု နည်းပညာအသစ် ကတော့ တိုက်တေနီယမ်ဒိုင်အုတ် နာနိုပြွန်နည်းပညာကို အသုံးပြုထားခြင်း ဖြစ်ပါတယ်။ ထိုကဲ့သို့ ပြောင်းလဲ အသုံးပြုလိုက်ခြင်းရဲ့ ရလဒ်ကတော့ အလွန်လျင်မြန်တဲ့ အားသွင်းမှုစွမ်းရည်ကို ရရှိလာပါတယ်။ 


ဒါကြောင့် ဖုန်းတွေ တွင်မှာသာမကပဲ လျှပ်စစ်ကားတွေအတွက်လဲ ဦးဆောင် လာနိုင်တော့မှာ ဖြစ်ပါတယ်။ တစ်သောင်းပမာဏ အားသွင်းဖို့ လိုအပ်တဲ့ ဘတ်ထရီ တစ်ခုကို အချိန် ၁၅ မီနစ် နဲ့ အမြန်အားသွင်းနိုင်ပါတယ်။ 


Ref : Pocket-lint
 

No comments:

Post a Comment