Thursday, October 23, 2014

♪ Android 5.0 ကို Lollipop အဖြစ် ကြေညာပြီး Nexus ထုတ်ကုန်သစ် 2 မျိုးနဲ့အတူ ပွဲထုတ်ခဲ့တဲ့ Google ♫


10610491_709597952465169_1331551930678092477_n

Google ဟာ ပြီးခဲ့တဲ့ ဇွန်လ တုန်းက Code Name “Android L” အဖြစ် စတင်ခဲ့တဲ့ Android 5.0 ကို စမ်းသပ်ကာလပြီးဆုံးတဲ့ အခုအခါမှာ “Lollipop” အဖြစ် အမည်မှည့်ခေါ်ရင်း Android 5.0 အဖြစ်တရားဝင် ပြောင်းလဲလိုက်ပြီဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။ developer preview အဖြစ် အသုံးပြုဖို့ပေးခဲ့တဲ့ ကာလာကုန်ဆုံးသွားတဲ့အခါ Android 5.0 ဟာ Google ရဲ့ device အသစ် ၂ မျိုးနဲ့အတူ ပေါ်ထွက်လာခဲ့ပြီဖြစ်ပါတယ်။ Google ရဲ့ ထုံးစံအတိုင်း Android OS အသစ်တစ်ခု ထွက်တာနဲ့ device အသစ်တစ်ခုခုကို ပွဲထုတ်လေ့ရှိတာကြောင့် ယခုအခါမှာလည်း ဘယ်စမတ်ဖုန်း ထုတ်လုပ်သူနဲ့ တွဲဖက်ပြီး မျိုးဆက်သစ် Nexus device ကို မြင်တွေ့ရမလဲလို့ စောင့်ကြည့်နေခဲ့ရာမှ မကြာသေးခင်ကမှ Moto X, Moto G မျိုးဆက်သစ် စမတ်ဖုန်းတွေ ထုတ်လုပ်ထားတဲ့ Motorola နဲ့ တွဲဖက်ပြီး Nexus 6 ကို ပွဲထုတ်လာခဲ့ပါတယ်။ ဒါတင်မကသေးဘဲ Android tablet ထုတ်လုပ်မှု အလွန်နည်းပါးနဲ့ HTC နဲ့ တွဲဖက်ပြီး Nexus 9 tablet ကိုပါ ပြသခဲ့ပါတယ်။ 7” အရွယ် tablet တုန်းက Nexus နဲ့ 10” အရွယ် tablet တုန်းက Nexus 10 ဆိုပြီး ထုတ်လုပ်ခဲ့တဲ့ Google ဟာ အခု Nexus 9 ကိုလည်း 9” အရွယ် tablet အဖြစ် ပေးထားတဲ့နာမည်အတိုင်း ဖန်တီးပေးထားခဲ့ပါတယ်။ အထူးသဖြင့် Google ရဲ့ Nexus device တွေဟာ Android OS ရဲ့ မူရင်း အနှစ်သာရ၊ စွမ်းဆောင်ရည်ကို အပြည့်အ၀ ပေးစွမ်းနိုင်ကြပြီး ဈေးကွက်ထဲမှာလည်း အလယ်အလတ်ဈေးနဲ့ ရောင်းချနိုင်တာကြောင့် ကမ္ဘာတစ်ဝှန်းက ပရိသတ်တွေအတွက် အကြိုက်တွေ့စမြဲ ဖြစ်စေခဲ့ပါတယ်။ 

10620085_709597945798503_1733569985177531389_o
Lollipop (Android 5.0)
-----------------------------

Google ကတော့ Android 5.0 ကို Lollipop ဆိုတဲ့ နာမည်အတိုင်း Android ရဲ့ချိုမြိန်မှု အနှစ်သာရချည်း ကိုသာ တွေ့မြင်ရတော့မှာဖြစ်တယ်လို့ ဆိုထားပါတယ်။ beta အဖြစ်ထွက်ရှိခဲ့တဲ့ Android L ရဲ့ UI ကို ဒီဇိုင်းပိုင်းမှာ ပြန်လည်ပြင်ဆင်ထားပြီး notification, lock screen နဲ့ banner တွေကအစ ပြန်လည်အဆင့်မြင့်တင်ထားတာကို အပြင်ပန်းမှာတင် သိသိသာသာ တွေ့မြင်ရမှာဖြစ်ပါတယ်။ OS အတွင်းပိုင်းမှာလည်း ဘက်ထရီအသုံးပြုမှုနဲ့ စွမ်းဆောင်ရည်ကို အတွင်းကျကျ ထိန်းချုပ်လာနိုင်ပြီး cross device ချိတ်ဆက်မှုကိုလည်း ပြုလုပ်လာနိုင်တော့မှာဖြစ်ပါတယ်။ အရင်တုန်းက notification bar မှာ ပြည့်နှက် နေတဲ့ noti တွေဟာ အခုအခါမှာ ကတ်ကလေးတွေ ထပ်ပြီးစီထားတဲ့ပုံစံမျိုးအဖြစ် တွေ့မြင်ရတော့မှာဖြစ်ပါ တယ်။ အရွယ်အစား မျက်နှာပြင် အကြီးအသေးအလိုက် အလိုလျောက် ချိန်ညှိမှုဟာ ပိုမိုအဆင်ပြေလာမှာ ဖြစ်ပြီး သတင်းအချက်အလက်တွေကို ဖုန်း ၊ tablet ၊ TV ၊ နာရီ အစရှိတဲ့ နီးစပ်ရာကနေ အလွယ်တကူ ရယူ တုန့်ပြန်နိုင်တော့မှာဖြစ်ပါတယ်။ တစ်ကိုယ်ရေ လွတ်လပ်ခွင့်ကို ထိပါးစေမယ့် notification တွေကို လိုအပ်သလို စိတ်ကြိုက် ချိန်ညှိနိုင်သလို ကန့်သတ်မှုတွေကိုလည်း အတိအကျ ပြုလုပ်ထားနိုင်ပါလိမ့်မယ်။ ပုံမှန်ထက် မိနစ် ၉၀ နီးပါး ပိုမိုအသုံးခံအောင် ပြုလုပ်နိုင်မယ့် ဘက်ထရီချွေတာမှုစနစ်လည်း ပါဝင်လာမှာဖြစ်ပြီး ဘက်ထရီအားပြန်သွားတဲ့အခါမှာလည်း အားပြည့်ဖို့ အချိန်ဘယ်လောက်လိုသေးတယ်ဆိုတဲ့ တွက်ချက်မှုမျိုး ပါဝင်လာမှာဖြစ်ပါတယ်။ လုံခြုံရေးဆိုင်ရာ အစီအမံအဖြစ် Smart Lock ဆိုတဲ့လုပ်ဆောင်ချက်ပါဝင်လာပြီး ကိုယ့်ရဲ့ device ကို အခြားသူတွေ အသုံးပြုဖို့ guest mode ဖြစ်စေ၊ သီးသန့် account တစ်ခုဖြစ်စေ ခွဲခြားပေး သည့်တိုင်အောင် ကိုယ်ရဲ့ တစ်ကိုယ်ရေအသုံးပြုမှုကို မထိခိုက်အောင် ကာကွယ်ထားနိုင်မှာဖြစ်ပါတယ်။



10462434_709598045798493_3492130520332375165_o
Nexus 6
================
Google ဟာ Nexus စမတ်ဖုန်းတွေကို နာမည်ကြီး စမတ်ဖုန်းထုတ်လုပ်သူတွေနဲ့ ပူးပေါင်းထုတ်လုပ်ပေမယ့် သူတို့ရဲ့ ကိုယ်ပိုင် စမတ်ဖုန်းတွေရဲ့ ဟန်ပန်တွေ မပါဝင်ဘဲ Nexus Device အဖြစ် သီးသန့်ပုံပေါ်နေစေဖို့ အထူး အလေးထားခဲ့ပါတယ်။ ဒါကြောင့် ယခု Nexus 6 ဟာ Motorola နဲ့ ပူးတွဲထုတ်လုပ်ခဲ့ပေမယ့် မျိုးဆက်သစ် Motorola စမတ်ဖုန်းတွေရဲ့ ပုံစံနဲ့ မတူညီဘဲ သီးသန့်စမတ်ဖုန်းတစ်လုံး အဖြစ်ပေါ်လွင်နေပါတယ်။ 6” အရွယ် Quad HD မျက်နှာပြင်နဲ့အတူ 1440x 2560p (493 ppi)အရည်အသွေးရှိပါတယ်။ ဒါပေမဲ့ အလေးချိန်ကတော့ 184 g သာ ရှိပြီး ရေစိုဒဏ်လည်း ခံနိုင်စွမ်းရှိမှာဖြစ်ပါတယ်။ ရှေ့ဘက် မျက်နှာပြင်မှာ dual-facing speaker ပါဝင်တာကြောင့် ကြည်လင်ကောင်းမွန်တဲ့ အသံစနစ်ကိုလည်း ပေးစွမ်းနိုင်စေပါလိမ့်မယ်။ စွမ်းဆောင်ရည်ပိုင်း အတွက် Snapdragon 805, Krait 450 quad-core 2.7 GHz CPU နဲ့ Ram 3GB ပါဝင်တဲ့အတွက် လက်ရှိ ထိပ်တန်းစမတ်ဖုန်းတွေထက် သာလွန်တဲ့အမြန်နှုန်း ရရှိစေမှာဖြစ်ပါတယ်။ ပြောင်းလဲလိုက်တဲ့ OS အသစ်ရဲ့ multi-tasking စနစ်ကလည်း ဖုန်းရဲ့စွမ်းဆောင်ရည်ကို ပိုမိုချောမွေ့စေတဲ့အပြင် Adreno 420 GPU ကလည်း တောက်ပရွှန်းစိုတဲ့ ပုံရိပ်စနစ်ကို ပေးစွမ်းနိုင်ပါတယ်။ အနောက်ဘက် ကင်မရာ 13 MP နဲ့ အရှေ့ဘက် ကင်မရာ 2 MP ပါဝင်ပြီး 4K video အဖြစ် ရိုက်ကူးအသုံးပြုနိုင်ပါလိမ့်မယ်။ အားသွင်းစနစ်အတွက် Android 5.0 မှာ ပိုမို စွမ်းဆောင်လာနိုင်တာကြောင့် 15 မိနစ် အားသွင်းရုံနဲ့ 6 နာရီကြာ ဆက်တိုက်အသုံးပြုနိုင်ပြီး ဘက်ထရီ ခံနိုင်စွမ်းကလည်း 3320 mAh အထိ ပါဝင်မှာဖြစ်ပါတယ်။ တစ်ရက်တာ အသုံးပြုမှုအတွက်တော့ အပြည့်အ၀ အားသွင်းထားရမှာဖြစ်ပါတယ်။

No comments:

Post a Comment