Thursday, May 5, 2016

♪ Ringtones , Wallpaper , Icon Packs သန်းပေါင်းများစွာ ပါတဲ့ ZEDGE ♫


  ZEDGE™ Ringtones & Wallpapers- screenshot thumbnail
ZEDGE ဟာ Google Play Store က သတ်မှတ်တဲ့ ၂၀၁၅ ခုနှစ် အကောင်းဆုံး Android Apps များထဲမှ တစ်ခုဖြစ်ပါတယ်။ ZEDGE မှာ Ringtones, Wallpapers, Live Wallpapers, Icon Packs , Notifications , Games ပေါင်း သန်းပေါင်းများစွာ ပါရှိပါတယ်။ Ringtones, Wallpapers, Icon Packs များအတွက် Store လို့တောင် ပြောလို့ရပါတယ်။ သင်နှစ်သက်တဲ့ အရာများကို Download ချ၊ Favorite ထဲ ထည့်ထားနိုင်ပြီး အခြား Device များကနေ အသုံးပြုနိုင်ပါတယ်။ App မှာ မြန်မာ Ringtones များစွာကိုတောင် တွေ့ရှိရပါတယ်။ Ringtones, Wallpapers, Icon Packs များကို ကဏ္ဍများဖြင့် ခွဲခြားဖော်ပြပေးထားတဲ့အတွက် အဆင်ပြေပါတယ်။ App ထဲကနေပဲ Ringtones, Notification Sounds , Wallpaper များကို သတ်မှတ်နိုင်ပါတယ်။
ZEDGE ကို အင်စတောလုပ်ပြီးရင် ဖွင့်ပါ။ Terms of Service မှာ Continue ကို နှိပ်ပါ။ အဲဒါဆိုရင် Menu ကို ပြပေးမှာပါ။ Ringtones ကို နှိပ်ပါ။ Featured Tab ထဲမှ Ringtones များကို ပြသပေးမှာပါ။ iPhone 6 , Galaxy S7 အပြင် ထိပ်တန်းဖုန်းများရဲ့ Ringtones များစွာကို တွေ့ရပါတယ်။ Play Button ကို နှိပ်ပြီး နားထောင်နိုင်ပါတယ်။
Categories ထဲသွားရင် ကဏ္ဍများဖြင့် Ringtones များကို ရှာနိုင်ပါတယ်။ Alternative , Classical , Comedy, Pop စသဖြင့် စုံလင်လှပါတယ်။
နှစ်သက်တဲ့ Ringtone ကို တွေ့ရင် တစ်ချက်နှိပ်ပါ။ မျှားအောက်စိုက်နေတဲ့ ခလုတ်ကို နှိပ်ပါ။
Download လုပ်ပြီးရင် Ringtone အဖြစ် သတ်မှတ်ဖို့ Standard ကို နှိပ်ပါ။ Notification, Contact, Alarm Ringtone အဖြစ်လည်း အဲဒီကနေပဲ သတ်မှတ်နိုင်ပါတယ်။
အောက်ခြေမှ စာရွက်ပုံ ခလုတ်ကို နှိပ်ပြီး My Favorites ထဲထည့်နိုင်ပါတယ်။
Search Box ကနေ Myanmar လို့ ရိုက်ရှာရင် မြန်မာ Ringtone များစွာကို အသုံးပြုနိုင်ပါတယ်။
ဘယ်ဘက်အပေါ်ထိပ်မှ Menu ကို နှိပ်ပြီး Wallpapers , Live Wallpapers, Notifications, Games, Icons စတဲ့ ကဏ္ဍများထဲသွားနိုင်ပါတယ်။ အပေါ်ကနည်းအတိုင်းပဲ Download ပြုလုပ်နိုင်ပါတယ်။
Game များစွာ ပါရှိပြီး နှစ်သက်တဲ့ တစ်ခုကို နှိပ်ပါ။ နောက်အဆင့်မှာ Play Store Button ကို နှိပ်ပြီး Play Store ကနေ အင်စတောလုပ်ရမှာပါ။ ချစ်စရာကောင်းတဲ့ Icon Packs ပေါင်းများစွာလည်း ပါရှိပါတယ်။
Menu မှ Lists ထဲမှာ သင့်ရဲ့ Favorites များကို ကြည့်ရှုနိုင်ပါတယ်။ Settings ထဲသွားပြီး ZEDGE အကောင့်တစ်ခု ပြုလုပ်ရင်တော့ သင့် Favorites များကို အခြား Devices များကနေ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
ZEDGE ဟာ သင့် သူငယ်ချင်းတွေ မနာလိုဖြစ်အောင် သင့်ရဲ့ ဖုန်းကို ဆန်းသစ်ပေးနိုင်ပါတယ်။ ရီစရာ Ringtones များစွာလည်း ပါပါတယ်။ ဖုန်းကို တစ်မူထူးခြားသွားစေမယ့် Icon Packs များစွာလည်း ပါပါတယ်။ ZEDGE ရဲ့ ဖိုင်အရွယ်အစားဟာ 5MB လောက်သာရှိပြီး အောက်ပါ Link ကနေ ရယူနိုင်ပါတယ်။
https://goo.gl/rzwQdX

Credit to ==> Myanmar Digital Life Journal

No comments:

Post a Comment