Sunday, May 29, 2016

Android တွင် Google Drive ကိုအသုံးပြုနည်း


 

Android တွင် Google Drive သုံးပြုနည်း
============

Andriod ဖုန်းများအတွက် Google Drive ကို 2012 ခုနှစ် April 24 မှာ စတင်ခဲ့တာဖြစ်ပါတယ်၊ ဒီ Software ကို Google Docs နေရာမှာအစားထိုးခဲ့တာဖြစ်ပါတယ်။

 ===========XXXXX===========

1: ဒီ Drive လေးကိုဒေါင်းလုပ်ရယူလိုပါက သင့်ရဲ့ Andriod ကနေ Google Play Store ကိုသွားပြီးယူနိုင်ပါတယ်၊ အောက်ပါပုံကို နမူနာကြည့်ပါ။

  

Play.Google.com    မှာလည်းဒေါင်းလုပ်ရယူနိုင်ပါတယ်။

  

Google Drive ကိုသုံးရင်သတိထားရမှာကတော့ Andriod 2.1 ရဲ့အထက်မော်ဒယ်များမှာသာ အသုံးပြုလို့ရပါမယ်။

  

2: Google Drive ထဲမှာပါဝင်တဲ့ အစိတ်ပိုင်းတွေကိုအသုံးပြုရန် Navigation Bar မှနေပြီး Documents များ Folders များထဲ့ကိုဝင်ရောက်ရမှာဖြစ်ပါတယ်၊ ထို့ပြင် Edit ပြုလုပ်ခြင်း နှင့် ဒေါင်းလုပ်ယူခြင်းများကိုပါလုပ်ကိုင်နိုင်ပါတယိ။  

  

3: Andriod ဖုန်းရဲ့သက်ဆိုင်ရာ အကောင့်များနှင့် Google အကောင့်ကို ပြောင်းလည်းသုံးရန်အတွက် အောက်ပုံမှာပြထားတဲ့ Switch Account မှနေလုပ်ဆောင်နိုင်ပါတယ်။

  

 

4: သင်အသစ်ဖန်တည်းလိုသော Files သို့မဟုတ် Items များကို ပြုလုပ်ရန် အောက်ပုံတွင်ပြထားသော အပေါင်း (+) ပုံလေးမှာ ကလစ်နှိပ်ပြီးလုပ်ဆောင်နိုင်ပါတယ်။ 

  

ပထမ သုံးခုဖြစ်တဲ့ Options များဟာ Google Docs မှာပါဝင်ပြီးသား Options များဖြစ်ပါတယ်။

  

 

ဒါပေမဲ့ Upload လုပ်ပေးတဲ့ Option ကတော့ Google Docs မှာအရှိတဲ့ Option လေးဘဲဖြစ်ပါတယ်။ 

  

5: Cache Size နဲ့ပါသက်တဲ့ Option များနှင့် Enable/Disable ရယ် Offline Document ဆိုင်ရာ Encryption နှင့် အခြားသော လုပ်ဆောက်ချက်များကို Setting ကိုအသုံးပြုပြီး လုပ်ဆောင်နိုင်ပါတယ်။

  

သင်ရဲ့အသုံးပြုထားတဲ့ မီကာဘိုက် အပေါ်မူတည်ပြီး Cache Size ကိုပြုပြင်ပေးနိုင်ပါတယ်။ 

  

6: သင်ကြိုက်နှစ်သက်ရာ Favourite File များကို Star ပြထားပြီး ပြန်ကြည့်လိုပါက Starred ကနေဝင်ကြည့်နိုင်ပါတယ်။

 

သင် Google Drive ကို အသုံးပြုရာမှာ ဘယ်နေရာကမဆို Star ပြထားသော File များထဲကို လွယ်ကူစွား ဝင်ရောက် အသုံးပြုနိုင်ပါတယ်။ 

  

7: Offline Viewing, Sharing, Sending, Renaming, Deleting နှင့် Opening စသဖြင့် အခြားသော လုပ်ဆောင်ချက်များကို မျှားပုံ Icon လေးမှာကလစ်နှိပ်ပြီး ဝင်ရောက် လုပ်ဆောင်နိုင်ပါတယ်၊ ဒီ မျှားပုံ Icon လေးကို Bar တန်းပေါ်မှာသေချာရှာကြည့်ပါ။

  

8: သင်ရဲ့ File များကို Search Term ဘားမှ အလွယ်တစ်ကူဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ 

9: Google Drive ကို Chrome Web Store ကနေဒေါင်းလုပ် ယူပြီး Install လုပ်ပေးထားခြင်းဖြင့်  သင့်ရဲ့ Google Drive ကို Offline မှာပါအသုံးပြုလို့ရပါတယ်။

  


Credit: thesupernaturalmyanmar

 

No comments:

Post a Comment