Monday, May 23, 2016

Google Nexus 6 ဖုန်းအတွက် Android N NPD35K (Developer Preview) Root လုပ်နည်း


Google Nexus 6 ဖုန်းကိုင်ဆောင်ထားကြတဲ့ ဘော်ဒါများအတွက် 
Android N NPD35K (Developer Preview) Root လုပ်နည်းကို တင်ပေးလိုက်ပါတယ်။
Google Nexus 6 ဖုန်းအတွက် Android N NPD35K (Developer Preview) ကို
Root လုပ်မယ်ဆိုရင်တော့ Custom Recovery ကိုအရင်ထည့်သွင်းပေးရမှာပါ၊

 အဆိုပါ Custom Recovery ကိုထည့်သွင်းပြီးပါက Supersu.zip ဖိုင်ဖြင့်
Custom Recovery mode မှအလွယ်တကူ Root လုပ်နိုင်ပါတယ်။
လိုအပ်ချက်များ
=========
၁။ Custom Recovery ထည့်သွင်းထားရပါမည်။
၂။ Computer & SuperSu.zip များရရှိရပါမည်။
ကြိုတင်ပြင်ဆင်ရမယ့်အချက်များ
====================
ဖေါ်ပြပါ Root လုပ်နည်းသည် ဖုန်းရဲ့ warranty ကိုထိခိုက်တာမျိုးဖြစ်တာပါတယ်။
တကယ်လို့ မိမိဖုန်းရဲ့ Stock Rom ကိုပြန်တင်ယူမယ်ဆိုရင်တော့
ဖုန်းရဲ့ warranty ကပြန်လည် အလုပ်လုပ်နိုင်မှာပဲဖြစ်ပါတယ်။
ဖုန်းမှာ OEM & USB Debugging Mode ကို Enable ပြုလုပ်ထားရမှာပါ အဲဒီအတွက်
Menu > Settings > About Device ဆိုပြီးတစ်ချက်ချင်း နှိပ်သွားလိုက်ပါပြီး
 Build Number ကို ခုနှစ်ချက်လောက် ထောက်လိုက်ပါ ပေါ်လာတဲ့
Developer Option မှ OEM & USB Debugging Mode ကို Enable ပြုလုပ်ပါ။
ငြင်းဆိုချက်
=======
မိမိဖုန်းကို Rooting process တစ်ခုပြုလုပ်လို့ပဲပဲဖြစ်ဖြစ်
အကြောင်းကြောင်းကြောင့် Brick ဖြစ်ခဲ့သော် ဇူးနစ်(နည်းပညာ) မှ
တာဝန်ယူဆောင်ရရွက်ပေးလိမ့်မယ်မဟုတ်ပါ။
ဖေါ်ပြပါ လမ်းညွှန်သည် ပြည့်စုံမှု မပြည့်စုံမှုထက် Root ရန်အတွက်
မိမိရဲ့ OWN Risk အပေါ်မှာသာ မူတည်ပါလိမ့်မယ်။
လိုအပ်တာများကိုအရင်ရယူလိုက်ပါ


How to Root Google Nexus 6
==================
၁။ ကွန်ပျူတာတွင်လိုအပ်မယ့် ADB & Fastboot Driver ကိုသေချာအောင်လုပ်ပါ
ဒေါင်းလော့ရလာတဲ့ Zip ဖိုင်များကို ဖြည်လိုက်ပါပြီး TWRP file ကို
 ADB & Fastboot Folder ထဲမှာထည့်ထားလိုက်ပါ
၂။ ဖုန်းမှာ USB Debugging Mode ကို Enable ပြုလုပ်ထားပါ
Fastboot Folder ကိုဖွင့်လိုက်ပြီး Shift key and right-click တစ်ချက်ထောက်ပြီး
“open a new command window here” ဆိုတာကိုနှိပ်လိုက်ပါ။
"adb reboot bootloader"
အောက်ပါစာကြောင်းကို ထပ်ရိုက်ထည့်ပြီး Enter ကိုခေါက်ပါ။
“fastboot flash recovery twrp-3.0.0-0-shamu.img”
Flash ပြုလုပ်နေတုန်းခနစောင့်နေလိုက်ပါ ထည့်သွင်းပြီး သွားတဲ့အခါ
အောက်ပါစာကြောင်းကိုရိုက်ထည့်ပြီး ဖုန်းကို Reboot ချပေးလိုက်ပါ။
“fastboot reboot”
Recovery mode သို့ရောက်သွားရန်တွက် hardware button များကိုနှိပ်ထားလိုက်ပါ
တကယ်လို့ Manuel အနေဖြင့် Custom Recovery mode သို့လည်း
ဝင်ရောက်နိုင်ပါတယ်၊ (TWRP Recovery ထည့်သွင်းပြီးမှပေါ့)
Install zip from sd card ကိုတစ်ဆင့်ချက်နှိပ်သွားလိုက်ပါ
SuperSu.zip အား install လုပ်ပြီး Reboot ချပေးလိုက်ပါ
ပါဝါပွင့်ပြီးပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ Root Access ရရှိနေပါပြီ
 RootChecker ဖြင့်စမ်းသပ်ကြည့်လိုက်ပါ
အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ) 

No comments:

Post a Comment