Friday, May 20, 2016

“MPT ၏ နာရီတိုင်းမှာ ၅ မိနစ်စာ အစီအစဉ်ကို ကျပ် ၁၅ဝဝ ဖြင့် ဝယ်ယူနိုင်ရန် ထပ်မံပြုလုပ်”



မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT ၏ တစ်နာရီစာအတွင်း ငါးမိနစ်စာသာ ကျသင့်မည့်နာရီတိုင်းမှာ ၅ မိနစ်စာ အစီအစဉ်ကို ယခုအခါတွင် ကျပ် ၁၅ဝဝနှုန်းဖြင့် ဝယ်ယူအသုံးပြုရန် သတ်မှတ်လိုက်ပြီဖြစ်ကြောင်း MPT မှ သတင်းထုတ်ပြန်ပါသည်။မတ်လနှင့်မေလများတွင် ပြုလုပ်ခဲ့သော ''နာရီတိုင်းမှာ ၅မိနစ်စာ'' အထူးအစီအစဉ်အောင်မြင် လူကြိုက်များခဲ့ သောကြောင့် ယခုအခါတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT မှ နာရီ တိုင်း မှာ ၅ မိနစ်စာ Package ကို အသစ်ပြန်လည်စတင်လိုက်ခြင်းဖြစ်သည်။ သို့သော်ယခုအခါတွင်မူ ဖုန်းခေါ်ဆိုချိန်အတွက် အခွန်ကိုမူပေးဆောင်ရန် လိုအပ်မည်ဖြစ်သည်။
နာရီတိုင်းမှာ ၅ မိနစ်စာ package ကို ရယူခြင်းအားဖြင့် MPT သုံးစွဲသူများ သည်ယင်းအစီအစဉ်၏ သက်တမ်း၏ ရက်ပိုင်း ၃ဝ အကျိုးခံစားရရှိမည်ဖြစ် သည်။ ယင်းအားသာချက်မှာ မည်သည့်လိုင်းဖုန်း သို့မဟုတ် မိုဘိုင်းဖုန်းသို့ ခေါ်ဆိုသည်ဖြစ်စေပထမဖုန်းခေါ် ဆိုချိန် ၅ မိနစ်စာအတွက်သာ ပုံမှန် ဖုန်းခေါ်ဆိုခနှုန်းထားအတိုင်းပေး ချေရပြီး ကျန်သည့်ခေါ်ဆိုချိန်များ အတွက်မူ ၅၅ မိနစ်အထိအခမဲ့ပြောဆိုနိုင်မည်ဖြစ်သည်။ ဥပမာ- MPT သုံးစွဲသူတစ်ဦး သည် မိတ်ဆွေထံသို့ သူ၏ MPT ဖုန်းမှ (လိုင်းဖုန်းသို့မဟုတ် မိုဘိုင်း) ၄၅ မိနစ်ကြာဖုန်းခေါ်ဆိုမှုကို ပြုလုပ်ပါက ပထမဖုန်းခေါ်ဆိုချိန် ၅ မိနစ်စာအတွက် ကျသင့်ငွေ ၁၁၅ ကျပ် (ဖုန်းငွေခွန်မပါ)ပေးရပြီး နောက်ထပ်ကျန်ရှိသော ကြာမြင့်ချိန် မိနစ် ၄ဝ အတွက် (ဖုန်းငွေခွန်မပါ ၉၂ဝ ကျပ်ဖိုး)ကို အခမဲ့ပြောဆိုနိုင်မည်ဖြစ်သည်။
ယခုတစ်ကြိမ်တွင်မူနာရီတိုင်း မှာ ၅ မိနစ်စာ ခေါ်ဆိုမှုပုံစံအား MPT ဖုန်းအချင်းချင်း ခေါ်ဆိုမှုတိုင်းအတွက် အကျုံးဝင်ပြီး ၂၄ နာရီပတ်လုံး ခေါ်ဆိုနိုင်မည်ဖြစ်သည်။ ယခင်နာရီတိုင်းမှာ ၅မိနစ်စာ အထူးအစီအစဉ် ပြုလုပ်ခဲ့ စဉ်က ညနေ ၆ နာရီမှ ည ၁ဝနာရီအတွင်းခေါ်ဆိုမှုများအား ပုံမှန်ဈေးနှုန်းကောက်ခံမှုဖြင့် ကောက်ယူခဲ့ပါသည်။၂ဝ၁၆ ခုနှစ် မေလ ၉ ရက် နေ့မှ စတင်ရယူနိုင်မည်ဖြစ်ပြီး MPT ၏ GSM/WCDMA ဖြင့် ဆွေသဟာသုံးစွဲသူ တိုင်းသည် *555# ကို ဖုန်းခေါ်ဆိုခြင်းဖြင့် package ကို ရယူနိုင်မည်ဖြစ်ကာ တစ်ခါရယူလျှင်ကျသင့်ငွေ ၁၅ဝဝ ကျပ်ကို ပေးဆောင်ရ မည်ဖြစ်သည်။စတင်ရယူချိန်မှရက်ပေါင်း ၃ဝအတွင်းသုံးစွဲနိုင်မည်ဖြစ်ပြီး ဆက်လက်သုံးစွဲလိုသူများက package ထပ်မံဝယ် ယူပြီး သက်တမ်းတိုး ဆက်လက်သုံးစွဲနိုင်သည်။
အခြေခံဖုန်းခေါ်ဆိုစနစ်ကို သုံးစွဲနေသူများက ဤ package ကို ရယူလိုလျှင်ပထမဦးစွာဆွေသဟာ စနစ်သို့ ပြောင်းလဲရမည် ဖြစ်သည်။ ဆွေသဟာသို့ ပြောင်းလဲရန် SMS နံပါတ် 1332 သို့ "SWE" ဟု စာတိုပေးပို့ကာ ပြောင်းလဲပြီး package ကို subscribe ရယူနိုင်ပါသည်။
ရဲလင်းလင်းသန်း
Mobile Guide Journal (Every Monday)

No comments:

Post a Comment