Wednesday, May 4, 2016

Facebook Page ကို ကိုယ့်သူငယ်ချင်းတွေဆီ ဘယ်လို Invite လုပ်မလဲ

နမူနာဗီဒီယိုဖိုင်အားကြည့်ရန်



Facebook Page ကို ကိုယ့်သူငယ်ချင်းတွေအားလုံးဆီ ဘယ်လို Invite လုပ်မလဲ
 Facebook Page တစ်ခုကို ကိုယ့်သူငယ်ချင်းတွေကို လေ့လာလို့ရအောင်ဆိုပြီး Invite ပို့ ပေးတာမျိုးတွေရှိပါတယ်။ Invite လုပ်တဲ့အခါမှာ သာမန်ရိုးရိုး Invite လုပ်တာက ကိုယ့်သူငယ်ချင်းတွေတစ်ယောက်ချင်းလုပ်ရပါတယ်။ ဒီအတွက်အလုပ်လည်းရှုပ်သလို အချိန်လည်းကုန်ပါတယ် သူငယ်ချင်းများတဲ့ သူတွေက တစ်ယောက်ချင်းကို Invition ပို့ ရတဲ့အတွက် ပိုလိုတောင်ဆိုးပါတယ်။ ဒီလို တစ်ယောက်ချင်း Invite ပို့ စရာမလိုဘဲ အားလုံးကို တစ်ခါထဲ Invite  ပို့ ချင်ရင်တော့ အရင်းဦးဆုံး ကွန်ပျူတာရဲ့ Chrome Browser ကိုသွားပြီး http://bit.ly/1WFzN7w အဲ့လင့်ခ်ထဲကိုသွားပါ။
၁။ Add To Chrome ကိုနှိပ်ပြီး Confirm လုပ်လိုပါ။
ဒါဆိုရင် 
၂။ အောက်ပါပုံအတိုင်း အမှန်ခြစ် Iconပုံလေးက Chrome Bar မှာရောက်နေပါပြီ။
၃။ ပြီးရင် မိမိ Facebook Page ကိုသွားလိုက်ပါ Menu ခလုတ်ကိုနှိပ်ပြီး Invite Friend ကိုနှိပ်လိုက်ပါ။

၎။ ပြီးရင်တော့ Chrome Bar မှာရှိနေတဲ့ အမှန်ခြစ် Icon လေးကို နှိပ်လိုက်ပါ။
၅။ အောက်ကပုံလိုပေါ်လာရင်တော့ မိမိသူငယ်ချင်းအားလုံးကို Invite လုပ်နေပါလိမ့်မယ် ကျနော်မှာတော့ Friend 5,000 နီးပါးကို ၁မနစ်ကျော်လောက်ဘဲစောင့်လိုက်ရပါတယ်။

၆။ အောက်ကပုံအတိုင်းပေါ်လာရင် သူငယ်ချင်းအားလုံးကို မိမိရဲ့ Facebook Page မှာလေ့လာလို့ ရအောင် Invite ပို့ လို့ပြီးပါပြီ။ နမူနာဗီဒီယိုကိုအောက်မှာကြည့်နိုင်ပါတယ်။





No comments:

Post a Comment