Samsung ရဲ့ မိုဘိုင်းဖုန်းမှ ငွေပေးချေတဲ့ စနစ် Samsung Pay ကို အသုံးပြုတဲ့ ကုမ္ပဏီရဲ့ ဖုန်းများဖြင့် ATM စက်များမှာ ငွေထုတ်နိုင်ပါပြီ။ ဒါပေမယ့် အဆိုပါ ၀န်ဆောင်မှုကို တောင်ကိုရီးယားမှာသာ အသုံးပြုနိုင်ပါသေးတယ်။ ဒါ့အပြင် Samsung ရဲ့ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းများကနေသာ ၀န်ဆောင်မှုကို အသုံးပြုနိုင်ပါတယ်။
Samsung Pay ဟာ Credit , Debit Card များကို ဒစ်ဂျစ်တယ်နည်းဖြင့် Samsung Phone များမှာ ထည့်သွင်းထားတာ ဖြစ်ပါတယ်။ အဲဒီအတွက် ကဒ်များကို ယူဆောင်ဖို့ မလိုဘဲ အရောင်းဆိုင်များမှာ ငွေပေးချေနိုင်ပါတယ်။ အခုတော့ ATM စက်ကနေပါ ငွေထုတ်နိုင်ပါပြီ။
Samsung Pay ကို လက်ရှိမှာ အမေရိကန်၊ တရုတ်၊ တောင်ကိုရီးယားမှာသာ အသုံးပြုနိုင်သေးပေမယ့် ယခုနှစ်ထဲမှာ UK, Spain, Singapore, Canada, Brazil , Australia တို့မှာ ၀န်ဆောင်မှုကို တိုးချဲ့ပေးမှာဖြစ်ပါတယ်။
Apple က မိုဘိုင်းဖုန်းမှ ငွေပေးချေတဲ့ စနစ် Apple Pay ကို အရင်ဆုံး ၀န်ဆောင်မှုပေးခဲ့တာဖြစ်ပြီး အဲဒီနောက်မှာ Samsung က Samsung Pay ကို မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တရုတ် နှစ်သစ်ကူးမှာ Apple ရော Samsung ကပါ သူတို့ရဲ့ ၀န်ဆောင်မှုများကို တရုတ်မှာ တစ်ပြိုင်နက် ၀န်ဆောင်မှုပေးခဲ့ပါတယ်။