Facebook က သူ့ရဲ့ လူမှုကွန်ရက်ကို အသုံးပြုသူအားလုံး ၀င်ငွေရစေမယ့် နည်းလမ်းများကို ရှာဖွေနေပါတယ်။ Facebook က ပို့စ်ကို နှစ်သက်သူများက ပို့စ်တင်သူအား ဆုငွေချီးမြှင့်နိုင်မယ့် နည်းလမ်းများအတွက် စစ်တမ်းများ ကောက်ယူနေပါတယ်။

အဲဒီ စစ်တမ်းမှာ ဆုငွေချီးမြှင့်ဖို့အတွက် ဘယ်လိုနည်းလမ်းများကို နှစ်သက်သလဲ ဆိုတာကို မေးမြန်းထား ပါတယ်။ အဲဒီနည်းလမ်းတွေထဲမှာ Call to Action Button ကို အသုံးပြုခြင်း၊ Like, Comment များစွာ ရသူကို ဆုချခြင်း ၊ စီးပွားရေးလုပ်ငန်းတစ်ခုအတွက် ကြော်ညာပေးတဲ့ ပို့စ်များကို ဆုချခြင်း၊ အလှူငွေထည့်ဝင်ဖို့နဲ့ ပတ်သက်တဲ့ ပို့စ်များကို ဆုချခြင်း၊ ပို့စ်များမှာပါတဲ့ ကြော်ညာမှ ၀င်ငွေကို မျှဝေပေးခြင်း စတဲ့ နည်းလမ်းများ ပါဝင်ပါတယ်။

စစ်တမ်းမှာတော့ Verified Users များကို ရည်ရွယ်တာဖြစ်ပေမယ့် Users အားလုံးအတွက် ပြုလုပ်ပေးဖို့ Facebook ကစဉ်းစားနေပါတယ်။ စစ်တမ်းကို Verified Users များကိုသာ ပြသ မေးမြန်းခဲ့တာ ဖြစ်ပါတယ်။ Facebook က Publishers များကိုသာ Instant Articles များထဲမှာ ကြော်ညာများ ထည့်သွင်းပြီး ၀င်ငွေရှာနိုင်အောင် လက်ရှိမှာ ပြုလုပ်ပေးထားပါတယ်။

YouTube က ၂၀၀၇ ခုနှစ်မှာ ဗီဒီယို လွှင့်တင်သူများအတွက် ကြော်ညာဝင်ငွေများကို မျှဝေပေးတဲ့ ၀န်ဆောင်မှုကို ပြုလုပ်ပေးခဲ့ပါတယ်။ ဂိမ်းကစားမှုကို တိုက်ရိုက် ပြသတဲ့ Twitch ကလည်း ဂိမ်းကစားသူများအတွက် ၀င်ငွေရရှိအောင် ပြုလုပ်ပေးထားပါတယ်။ Facebook ရဲ့ ယခု ၀န်ဆောင်မှုဟာ သူ့ရဲ့ လူမှုကွန်ရက်မှာ ပို့စ်များ မျှဝေမှု ပမာဏကို မြင့်တက်အောင် ပြုလုပ်ခြင်းဖြစ်တယ်လို့ ကျွမ်းကျင်သူများက သုံးသပ်ပါတယ်။