Tuesday, May 3, 2016

♪ “App တွေShare ပြီးသုံးမယ်ဆိုရင်” ♫


Application တွေကိုဝယ်ပြီးမသုံးနိုင်ဘူးလား။Share
ပြီးသုံးကြပါမယ်။Pirated copy
တွေသုံးတဲ့ခေတ်ကလိုမျှဝေပြီးသုံးကြမှာလား။မဟုတ်ပေါင်ခင်ဗျာ။ အမှန်အကန်App
တွေကိုShare မှာဖြစ်ပါတယ်။Android မှာဆိုရင်App တွေကိုအဲဒီလိုShare
တာမဆန်းပါဘူး။အခမဲ့ရောအခပေးတွေကိုပါShare
နေတာပါ။iOSဘက်ခြမ်းမှာလည်းဒီလိုတွေShareလာတာခေတ်စားလာပါ
တယ်။တရားမ၀င်အလုပ်လို့လည်းဘယ်သူမှသိပ်ပြီးအပြစ်ကြီးလုပ်ပြီးလည်း
မပြောကြတော့ပါဘူး။လုပ်နည်းလုပ်ဟန်သိဖို့ပဲလိုပါတယ်။ကောင်းပြီ။ ဘယ်လိုShare
ကြမလဲ။
<iOS>
iPhone နဲ့iPad apps
တွေကိုမိသားစုဝင်တွေကြားထဲမှာShare ပြီးသုံး နေတာ တရားဝင်အလုပ်ကို
ဖြစ်နေပါပြီ။အခပေးသုံးရတဲ့App အရေအတွက် ဟာAndroid
ဘက်ခြမ်းမှာထက်iOSဘက်ခြမ်းမှာပိုပြီးများပါတယ်။ထူးဆန်း တာက App တွေShare
ပြီးသုံးတဲ့အလုပ်ကိုApple ကသိသိသာသာ ဟန့်တား
တာမျိုးမရှိတဲ့အပြင်ဒီအလုပ်ကိုAndroid မှာထက်ပိုလွယ်အောင်လုပ် ပေးထားတဲ့
အချက်ပါ။ပိုက်ဆံပေးဝယ်သုံးရတဲ့App တွေကိုShare ပြီးသုံးတာ
ကိုအသာလွှတ်ပေးထားလို့အံ့အားသင့်ရပါတယ်။မိသားစုဝင်ထဲမှာ ၀ယ်ပြီး သုံးတဲ့App
ကိုShare ပြီးသုံးနိုင်တဲ့အခွင့်အရေးကိုiOS 8မှစပြီးမိတ်ဆက်
ပေးခဲ့ပါတယ်။App တွေတင်မကဘဲiTuneက၀ယ်ထားတဲ့သီချင်းတွေiBook
ကနေ၀ယ်ထားတဲ့စာအုပ်တွေကိုပါမိသားစုဝင်တွေကြားထဲမှာShare ပြီးသုံး
နိုင်ပါတယ်။App ၊သီချင်းနဲ့စာအုပ်တွေကိုပိုက်ဆံထပ်ပေးစရာမလိုဘဲ
မိသားစုဝင်တွေကြားထဲမှာShare ပြီးသုံးခွင့်ပေးထားတာပါ။iPhone ဒါမှ
မဟုတ်iPadပေါ်မှာFamily Sharing ကိုSet up လုပ်ပြီးသုံးမယ်ဆိုရင်Setting
ထဲကိုဝင်ပါ။iCloudကိုဝင်ပါ။ပြီးရင်Set up Family Sharing နေရာမှာ တစ်ချက်
ခေါက်ပါ။Family Organizer ဖြစ်ဖို့ဆန္ဒရှိတဲ့အကြောင်းConfirm
လုပ်ပေးရပါမယ်။ပြီးရင်ကိုယ့်ရဲ့Apple ID သုံးပြီးSign in ၀င်ရပါမယ်။
ပြီးရင်Screen ပေါ်မှာ ပြပေးတဲ့ညွှန်ကြားချက်တွေကိုလိုက်နာပြီးSet up
လုပ်ငန်းစဉ်ကိုပြီးဆုံးအောင်လုပ်ရပါမယ်။Set upလုပ်ငန်းစဉ်ပြီးဆုံးသွားပြီ
ဆိုရင်ကိုယ့်ရဲ့Family group ထဲဝင်လာဖို့လူတွေကိုဖိတ်ခေါ်နိုင်ပါပြီ။ ဒီလို
လုပ်ဖို့အတွက်Setting >iCloud> Family အတိုင်းဝင်ပြီးAdd Family
member နေရာမှာတစ်ချက်ခေါက်ပေးရပါမယ်။ဒီစာရင်းထဲမှာအဖွဲ့ဝင်ရဲ့ နာမည်ကို
ဖြည့်ထည့်ပေးရပါမယ်။ကိုယ့်ရဲ့Apple ID ကိုShare ထားပြီ
ဆိုရင်အလွယ်တကူလုပ်လို့ရပါမယ်။ဒါမှမဟုတ်သူတို့ရဲ့email ရှိထားတယ်
ဆိုရင်Next ကိုနှိပ်ပြီးသူတို့ဆီကိုဖိတ်ခေါ်စာပို့နိုင်ပါတယ်။ကိုယ့်ရဲ့
ဖိတ်ခေါ်
ချက်ကိုသူတို့လက်ခံလိုက်ပြီဆိုတာနဲ့ကိုယ့်ဆီမှာအသိပေးစာရပါမယ်။ကိုယ်
ဝယ်ထားတဲ့App စာအုပ်၊သီချင်းနဲ့တခြားContent တွေကိုသက်ဆိုင်ရာStore
တွေရဲ့Purchased section ကနေShare ပေးသွားပါလိမ့်မယ်။နောက် တစ်နည်း
ကသူတို့ဝယ်ထားတာတွေကိုလည်းကိုယ်ကပြန်ပြီးယူနိုင်ပါတယ်။ Purchased section
မှာသူတို့ရဲ့နာမည်ကိုတစ်ချက်ခေါက်တာနဲ့ သက်ဆိုင် ရာ content
ကိုယ့်ဆီရောက်လာမှာပါ။မိသားစုဝင်၊စာအုပ် မဖွဲ့ခင် ကတည်း ကကိုယ်ဝယ်ထားတဲ့App
ကိုလည်းမိသားစုဝင်ထဲကလူတွေ အချင်းချင်း Share
လုပ်ပြီးသုံးနိုင်ပါတယ်။အဲဒီApp တွေကိုFamily Sharing ကို
အထောက်အပံ့ပေးနေသရွေ့မိသားစုဝင်တွေကြားမှာသုံးနိုင်ပါတယ်။
Family
Sharing ဟာမိသားစုဝင်တွေကြားမှာမျှဝေသုံးစွဲဖို့ရည်ရွယ်တာမှန် ပါတယ်။
ဒါပေမဲ့သူငယ်ချင်းတွေကိုလည်းဆန္ဒရှိရင်မိသားစုဝင်အုပ်စုထဲ
ဆွဲထည့်လို့ရပါတယ်။Content၀ယ်တဲ့ပိုက်ဆံတွေကို မျှဝေသုံးတဲ့ သဘော
ဖြစ်ပြီးအကုန်အကျသက်သာပါမယ်။ယုံရတဲ့လူတွေဖြစ်ဖို့လိုပါမယ်။ ကြွေးဝယ်
ကတ်ကိုရင်းထားတာမို့အလွဲသုံးစားလုပ်တဲ့လူတွေမဖြစ်ဖို့လည်းလိုပါတယ်။
ဒါပေမယ့်Ask to Buy လုပ်ငန်းစဉ်ကိုactivate လုပ်ထားမယ်ဆိုရင်တစ်ခုခု
ကိုတစ်ယောက်ယောက်က၀ယ်တိုင်းကိုယ့်ကိုလာပြီးအသိပေးမှာမို့အရမ်း
ကာရောမ၀ယ်အောင်တားနိုင်ပါမယ်။
<Android>

သူကတော့iOSကိုတရားဝင်Share လို့ရမယ့်အခွင့်အလမ်းတွေထည့်မပေး ထားပါဘူး။App
တွေကိုလည်းPlay Store ကနေတိုက်ရိုက်install ထည့်ခွင့်ပဲ
ပြုပါတယ်။ကံကောင်းတာကAndroid device ထဲရောက်နေသမျှApp တွေ ကိုZapyaကနေShare
လို့ရတာဖြစ်ပါတယ်။App backup လုပ်ခွင့်ပေးတဲ့ App
တွေကြောင့်လည်းမိတ်ဆွေတွေဆွေမျိုးတွေကြားမှာApp တွေကို အလွယ်တကူShare
လို့ရနေပါတယ်။ဒါပေမယ့်Pay App တွေကို မိတ်ဆွေ
သူငယ်ချင်းတွေဆွေမျိုးတွေကြားမှာအလွယ်တကူShare လို့ရတဲ့လုပ်နည်း
လုပ်ဟန်လေးတွေရှိနေပါတယ်။ပထမဆုံးနည်းလမ်းကApp တွေShare ဖို့ သီးသန့်Google
account တစ်ခုဖွင့်တဲ့နည်းပါ။အဲဒီAccount ကတစ်ဆင့်
အုပ်စုတစ်စုဖွဲ့ပြီးအုပ်စုဝင်တွေကြားမှာApp တွေShare နိုင်ပါမယ်။
သက်ဆိုင်ရာ App တွေကိုသက်ဆိုင်သူတွေအကြားမှာရနိုင်မယ့်သဘောပါ။
မပေးချင်တာတွေကိုPersonal Account ဖွင့်ပြီးသီးခြားထားနိုင်ပါမယ်။

ဒီလို Google Account ဖွင့်လိုက်တဲ့အခါမှာဗဟိုGmail Inbox တစ်ခုရနိုင်
ပါမယ်။အဲဒီကနေကိုယ်ဝယ်ထားတဲ့ဒါမှမဟုတ်ကိုယ်Install လုပ်ထားတဲ့App
တွေအကြောင်းတခြားလူတွေကိုရှင်းလင်းဆွေးနွေးနိုင်ပါမယ်။ကိုယ့်device
ပေါ်မှာAccount တစ်ခုသီးခြားဖွင့်ပြီးတခြားလူတွေကိုပေးနိုင်ပါမယ်။User
account တွေဖွင့်နိုင်တဲ့နောက်ပိုင်းAndroid တွေမှာပိုအဆင်ပြေပါမယ်။
ဒီလိုလုပ်ဖို့အတွက်Setting > Accounts အတိုင်းဝင်ပြီးAdd account နေရာ
မှာတစ်ချက်နှိပ်ပါ။ပြီးရင်Google ကိုရွေးပါ။ဒါမှမဟုတ်Create a new account
ကိုလည်းရွေးနိုင်ပါတယ်။name၊user name နဲ့password တွေကို Shared account
ထဲမှာထည့်ပေးပါမယ်။ပြီးရင်Payment Info ကိုSet up
လုပ်ပါမယ်။အဲဒီဖြည့်သွင်းချက်တွေကိုကိုယ့်App ကပေးချင်တဲ့လူတွေဆီ Share
ရုံပါပဲ။User name နဲ့Password သိထားရင်Store ထဲကနေ၀ယ်ထား တဲ့ App
တွေဝယ်ယူခွင့်ရှိတာကိုShare လိုက်တဲ့သဘောပါ။Google account ရှိရင်Play
Store account လုပ်ရတာလွယ်သွားပါပြီ။Google Play App တွေကိုAndroid device
အပေါ်မှာကြည့်နိုင်ပါတယ်။ပြီးရင်Play store ရဲ့ အပေါ်ဘက်ဘယ်ဘက်ထောင့်ကSetting
Menu ထဲသွားပါ။ကိုယ်သုံးနေကျ Account ကိုမရွေးဘဲShared Account
ကိုရွေးပေးလိုက်ပါ။ကိုယ့်device ထဲမှာInstall လုပ်ထားတဲ့App
အားလုံးကိုအဲဒီAccount ထဲမှာသိမ်းထားနိုင်ပါ တယ်။Account ကိုShare
လုပ်ထားတဲ့အတွက်အဲဒီAccount ထဲဝင်ခွင့်ရ သူတိုင်းMy Apps
ကတစ်ဆင့်Appတွေကိုယူနိုင်ပါမယ်။

နောက်ထပ်နည်းလမ်းတစ်ခုကအခမဲ့သုံးခွင့်ပြုထားတဲ့My App Sharer က တစ်ဆင့်App
တစ်ခုစီကိုတခြားလူတွေနဲ့Share နိုင်ပါတယ်။အဲဒီMy App Sharer ဟာApp
တစ်ခုခုရှိရာlink ဒါမှမဟုတ်တကယ့်Apkရှိရာဆီကို သွားခွင့်
ပေးပါမယ်။သူငယ်ချင်းတွေကိုSMS၊Gmail၊Facebook၊Dropbox၊QR Code၊ Bluetooth
တွေကတစ်ဆင့်ချိတ်နိုင်ပါတယ်။Android beam ကတော့ ပိုလွယ်ပါတယ်။သူကNFC
သုံးတာလိုNFC ရှိတဲ့device ချင်းကျောချင်းကပ်ပြီး App ဖလှယ်နိုင်ပါတယ်။

နောင်စိုး(ထားဝယ်)

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal

No comments:

Post a Comment