Wednesday, June 3, 2015

ဘော်ဒါတွေအများကြီးရှိတဲ့ Network မှာ ပြောချင်တာ ပြောလို့ရမဲ့ Hush Application Version အသစ်






မြန်မာနိုင်ငံမှာ Social Application တွေ အမြောက်အများထွက်ရှိနေပါပြီ။ အရင်က နိုင်ငံခြားအတွက်သာ ရည်ရွယ်ထိုးဖောက်နေကြတဲ့ Social App တွေကလည်း မြန်မာနိုင်ငံကို ဦးတည်ကာ ထိုးဖောက်နေကြပြီဖြစ်ပါတယ်။ ဒါပေမဲ့ အားလုံးသော Social Application တွေအကုန်လုံးနီးပါးက ဆင်တူနေကြတာကိုလည်း မြင်တွေ့ကြရမှာပါ။ ဒါကြောင့် အများနဲ့ မတူတဲ့ Anonymous Social App ကို အသုံးပြုချင်ကြတဲ့သူများနဲ့ မြန်မာနိုင်ငံမှ လူငယ်များရဲ့တီထွင်ဖန်တီးမှုမှ အလေးထားကြတဲ့ မိတ်ဆွေတို့အတွက် Hush Social Application ကို Nex Startup Company မှ ထုတ်လုပ်ထားပါတယ်။ အခုချိန်မှာတော့ Hush Application ဟာ Version အသစ်ထွက်ရှိလာပြီဖြစ်ပါတယ်။

အရင်က Version တွေမှာ Hush ကို အသုံးပြုဖို့အတွက် ဖုန်းနံပါတ်နဲ့ Sign Up ပြုလုပ်ရပါတယ်။ ဒီအတွက် Hush User တွေဟာ သူတို့ရဲ့ ဖုန်းနံပါတ်ကို အခြားသူများ သိမှာကို စိုးရိမ်ကြပါတယ်။ တကယ်တော့ ဖုန်းနံပါတ်နဲ့ Sign Up ပြုလုပ်ရပေမဲ့လည်း မိမိဘယ်သူဘယ်ဝါဆိုတာကို ဘယ်သူမှ မသိနိုင်အောင် ဖန်တီးထားတဲ့အတွက်ကြောင့် အသုံးပြုသူများစိတ်ချစွာ အသုံးပြုနိုင်ပေမဲ့ အခုချိန်မှာတော့ ဘာဖုန်းနံပါတ်မှမလိုပဲ Get Started Button ကို နှိပ်လိုက်ရုံဖြင့် Hush အသုံးပြုနေတဲ့ သူတွေရဲ့ Status တွေကို အပြန်အလှန် Comment ပေးနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် Myanmar Sticker Comment များနှင့်လည်း Comment ပေးနိုင်မှာဖြစ်ပါတယ်။

အခု  Version အသစ်အနေနဲ့ မိမိရဲ့ Status သို့မဟုတ် Comment တွေကို တစ်ယောက်ယောက်က Comment ပြန်ပေးထားကြောင်းကို သိရှိနိုင်တဲ့ Notification Feature ပါလာတဲ့အပြင် မိမိရဲ့ Hush account ကို phone number နဲ့ ချိတ်ဆက်ထားချင်တဲ့ သူများလည်း ချိတ်ထားနိုင်တဲ့ Setting Feature တွေပါဝင်လာခဲ့ပါတယ်။

Hush Application မှာထူးခြားချက်က အခြား Application များလို Add Friend တွေ၊ Accept တွေ လုပ်စရာမလိုပဲ ဖုန်းရဲ့ Location ကို ဖွင့်ကာ မိမိရောက်ရှိနေတဲ့ နေရာတိုင်းမှာ အသုံးပြုနေတဲ့ Hush User အချင်းချင်း အပြန်အလှန် စကားပြောနိုင်မှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ Hush Social Application ဟာ မြန်မာနိုင်ငံရဲ့ ဘယ်သူနဲ့မှ မတူတဲ့ ပုံစံနဲ့ လူသုံးများတဲ့ Anonymous Social Application တစ်ခု အဖြစ်ရပ်တည်နေပါတယ်။ Android နှင့် iOS နှစ်မျိုးစလုံးအတွက် ထုတ်ထားတဲ့အတွက်လည်း Mobile phone အသုံးပြုသူများကို အကြိုက်တွေ့စေခဲ့ပါတယ်။

Hush ရဲ့ အကြောင်းအရာများကို အသေးစိတ် သိရှိလိုပါက www.facebook.com/letshush တွင်အချိန်နဲ့ တစ်ပြေးညီလေ့လာနိုင်တဲ့အပြင် Download ပြုလုပ်လိုသူများအနေနဲ့ www.letshush.com တွင် Download ပြုလုပ်နိုင်ပါတယ်။

Google Play Store နဲ့ iTune တို့တွင် တိုက်ရိုက် Download လုပ်လိုသူများအတွက် အောက်က Link ကနေ Download ပြုလုပ်နိုင်ပါတယ်။


Download Here

Android >>> https://goo.gl/RPqRq8

iOS >>> http://apple.co/1JcBy5e

Aung Ko Htet

No comments:

Post a Comment